ယူနန်ရွှေခြည်မွေးမျောက် ကာကွယ်မှုမှ တီချင့်ပြည်နယ်ခွဲ၏ ဂေဟယဉ်ကျေးမှု တည်ဆောက်ရေး အောင်မြင်မှုများကို ရိပ်မိ
2022-10-27 16:54|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ပိုင်မာဆီးနှင်းတောင် နိုင်ငံတော်အဆင့် သဘာဝ ကာကွယ်ထိန်းသိမ်းရေးဇုန်သည် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲရှိ "မြစ်သုံးသွယ် ပြိုင်တူစီးဆင်းခြင်း" ဟူသော ကမ္ဘာ့သဘာဝအမွေအနှစ်၏ ဗဟိုဧရိယာတွင် တည်ရှိနေ၍ တရုတ်နိုင်ငံရှိ ကမ္ဘာပေါ်တွင် ရှားပါးသော အဖိုးတန် မျိုးသုဉ်းရန်အန္တရာယ်ရှိသော တိရစ္ဆာန် ယူနန်ရွှေခြည်မွေးမျောက်များ၏ အဓိကနေထိုင်ရာ ဖြစ်သည်။ ဤကာကွယ်ထိန်းသိမ်းရေးဇုန်ကို စတင်ထူထောင်သည့် အစောပိုင်းကာလတွင် ယူနန်ရွှေခြည်မွေးမျောက်အုပ်စု ၈ စု၊ အကောင် ၁၂၀၀ ကျော်သာ ရှိခဲ့သော်လည်း နှစ်ဆယ်ပေါင်းများစွာ ကြိုးစားကာကွယ်ခြင်းဖြင့် လက်ရှိအချိန်တွင် ၁၄ စု၊ အကောင် ၃,၀၀၀ ခန့်အထိ တိုးများရောက်ရှိ၍ မျိုးစိတ်တစ်ခုလုံး၏ ရာခိုင်နှုန်း ၇၀ ပါရှိသည်။
ယခုနှစ်များတွင် တီချင့်ပြည်နယ်ခွဲသည် သဘာဝသစ်တော ကာကွယ်စောင့်ရှောက်ရေး၊ ထွန်ယက်မြေတွင် သစ်တောပြန်လည်စိုက်ပျိုးရေးနှင့် သစ်တောပြုစုပျိုးထောင်ရေးစသည့် အရေးကြီးသော သစ်တောလုပ်ငန်း ဂေဟတည်ဆောက်ရေး စီမံကိန်းများကို နက်ရှိုင်းစွာ ဖော်ဆောင်၍ သစ်ပင်စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေး အားကောင်းစေကာ ပြည်နယ်ခွဲတစ်ခုလုံးရှိ တိရိစ္ဆာန်များနှင့် အပင်များ ကာကွယ်ရေးဇုန်၏ ဂေဟစနစ် အုပ်ချုပ်ပြုပြင်ခြင်းအလုပ်ကို ရှေ့သို့ တွန်းတင်ခဲ့သည်၊ သစ်ပင်ဖုံးလွှမ်းမှုနှုန်းသည် ၂၀၂၁ ခုနှစ်၏ ၇၇.၆၃ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့၍ တောရိုင်းတိရိစ္ဆာန်များနှင့် အပင်များ၏ နေထိုင်ရာပတ်ဝန်းကျင်ကို အလွန်တိုးတက်ကောင်းမွန်လာစေသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ








