"ပြတိုက်များကို အွန်လိုင်းကြည့်ရှုခြင်း" Wechat Mini Program ၏ အတန်းတက်ဗားရှင်းကို စတင်သုံးစွဲနိုင်ခဲ့

2022-10-23 16:36|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့အခုတလော "ပြတိုက်များကို အွန်လိုင်းကြည့်ရှုခြင်း" Wechat Mini Program ၏ အတန်းတက်ဗားရှင်းကို စတင်သုံးစွဲနိုင်ခဲ့ပါသည်၊ ပိုမိုကြွယ်ဝသော ယဉ်ကျေးမှု အကြောင်းအရာများဖြင့် သုံးစွဲသူများမှာ အွန်းလိုင်းပေါ်တွင် ယူနန်ပြည်နယ်ရှိ ပြတိုက်များကို လည်ပတ်ကြည့်ရှုနိုင်စေရန်၊ သမိုင်းဝင်လူနေအရပ်များကို သိရှိနားလည်စေရန်၊ မရွှေ့ပြောင်းနိုင်သော ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများကို ကြည့်ရှုနိုင်စေရန် အထောက်အကူပြုပါသည်။ သုံးစွဲသူများ၏ အတွေ့အကြုံ အဆင့်အတန်း တိုးလာစေသည်။

"ပြတိုက်များကို အွန်လိုင်းကြည့်ရှုခြင်း" Wechat Mini Program အတန်းတက်ပြီးနောက် ကလိုင်းတ်တွင် "တစ်ပြည်နယ်လုံးရှိ ပြတိုက်များ" "မရွှေ့ပြောင်းနိုင်သော ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများ" "နာမည်ကျော်ကြားသော သမိုင်းဝင်ယဉ်ကျေးမှုမြို့ (မြို့နယ်၊ ကျေးရွာနှင့် လမ်းများ) နှင့် တရုတ်ရိုးရာကျေးရွာများ"ဟူသော အကြောင်းအရာ ၃ ပိုင်းကို ပါဝင်၍ VR၊ 3D၊ AR စသည့် ခေတ်မီနည်းပညာများနှင့် လက်ဆွဲမြေပုံများ မှတစ်ဆင့် အွန်လိုင်းနှင့် အော့ဖ်လိုင်း အချင်းချင်း ပေါင်းစပ်ထားသော ပြတိုက်များ ပြန်ကြားရေးစနစ်ကို တည်ဆောက်ပြီး ယူနန်ပြည်နယ်ရှိ အများပိုင် ယဉ်ကျေးမှုဝန်ဆောင်မှုများကို အများအကျိုးဖြစ်ထွန်းစေပါသည်။ လက်ဆွဲမြေပုံများ မှတစ်ဆင့် ခရီးသည်များသည် ရေကန်စိမ်းပြတိုက်များ၊ ကျန့်ချွမ်ပြတိုက်များ၊ ထိန်ချုံးပြတိုက်များနှင့် စီဖျင်ပြတိုက်များ ဖြစ်သော ပြတိုက်စု ၄ စုကို အွန်လိုင်းပေါ်တွင် လည်ပတ်ကြည့်ရှုနိုင်၍ သက်ဆိုင်ရာ ခရီးသွားလမ်းကြောင်းများကို သိရှိနားလည်ပြီး VR နည်းပညာဖြင့် ပြတိုက်များထဲတွင် အွန်လိုင်း လည်ပတ်ကြည့်ရှုရန် အကောင်အထည်ဖော်နိုင်ပါသည်။

ထို့ပြင်၊ "ပြတိုက်များကို အွန်လိုင်းကြည့်ရှုခြင်း" ၏ သတင်းအခြေအနေများကို အရည်ခံယူသည့် ဘက်ကရမ်အဖြစ် "ပြတိုက် အုပ်ချုပ်ရေးပလက်ဖောင်း"သည် ယခု ပြည်နယ်တစ်ခုလုံးရှိ ပြတိုက် ၁၄၇ ခုကို သွင်းယူလာပြီး အားလုံးသည် ကြိုတင်ချိန်ထားခြင်းလုပ်ငန်းကို ဖွင့်လှစ်၍ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း အခု ၂၅၉၀ နှင့် အခြေခံ ခင်းကျင်းထားပစ္စည်း ၃၃၂ ခုကို ပြသ၍ ပြတိုက်ပြပွဲ အကြိမ် ၁၈၀ နှင့် ယာယီပြပွဲ ၉၄ ကြိမ် နှင့်ပတ်သက်သည့် လှုပ်ရှားမှုအခြေအနေများကို စုဆောင်း၍ မရွှေ့ပြောင်းနိုင်သော ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ၁၆၄ ခု နှင့် သမိုင်းဝင်လူနေအရပ် ၇၅၃ ခု ဆိုင်ရာ သတင်းများကို သွင်းယူလာခဲ့ပါပြီ။ 

"ပြတိုက်များကို အွန်လိုင်းကြည့်ရှုခြင်း" Wechat Mini Program မှာ "မိုဘိုင်းလ်ဖုန်းဖြင့် ယူနန်လည်ပတ်ကြည့်ရှုခြင်း" စီမံကိန်းသည် တစ်နိုင်ငံလုံး၌ ရှေ့ဆောင်ရှေ့ရွက်ပြုပြီး တည်ဆောက်သည့် ပြည်နယ်အဆင့် ပြတိုက်လုပ်ငန်းများဆိုင်ရာ ဒစ်ဂျစ်တယ် ဖွင့်လှစ်ခြင်း ပလက်ဖောင်း ဖြစ်သည်။ ဤပလက်ဖောင်းကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ခြင်းအားဖြင့် ယူနန်ပြည်နယ် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ဦးစီးဌာနနှင့် ယူနန်ထိန်ယူသတင်းလုပ်ငန်း ကုမ္ပဏီလီမိတက်တို့သည် ပူးတွဲတည်ဆောက်ခဲ့ပါသည်။

近日,“云游文博”小程序升级版上线,以更加丰富的文化内容助力用户“在指尖上”即可游览云南博物馆、了解历史聚落、欣赏不可移动文物,用户体验全新升级。

升级后的“云游文博”小程序,用户端包括“全省博物馆”“不可移动文物”“历史文化名城(镇村街)和中国传统村落”3个内容板块,并通过VR、3D、AR等前沿技术和手绘地图,构建了线上线下相融合的文博传播体系,推动云南公共文化服务普惠化发展。通过手绘地图,游客可线上游览翠湖博物馆群、剑川博物馆群、腾冲博物馆群、石屏博物馆群等4个博物馆群,了解相关旅游线路,并通过VR技术在博物馆中实现在线游览。

此外,作为“云游文博”信息承接的后台,“博物馆管理平台”目前接入了全省147家博物馆,均开通了预约功能;展示了2590件馆藏文物、332个基本陈列;收集了180场博物馆展览、94场临时展的活动信息;接入了164项不可移动文物、753项历史聚落的信息。

据悉,“云游文博”小程序是“一部手机游云南”项目在全国率先搭建的省级文博行业数字开放平台。在省文旅厅指导下,该平台由省文物局和云南腾云信息产业有限公司联合打造。(云南日报 记者祖红兵) 

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်