ရှင်းဟိုင်စိုစွတ်မြေနှင့် ပေါင်ဖုန်းစိုစွတ်မြေတို့ကို အောက်တိုဘာလ ၁၆ ရက်နေ့မှစ၍ အခမဲ့ဖွင့်လှစ်ခဲ့

2022-10-20 15:53|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်မြို့သူမြို့သားများသည် တိန်ချီးရေကန် ထိန်သိမ်းရေးနှင့် ပြုပြင်ရေးဆိုင်ရာ အောင်မြင်မှုများကို အတူခံစားကြစေ သည့်အတွက် ပေါင်ဖုန်းစိုစွတ်မြေနှင့် ရှင်းဟိုင်စိုစွတ်မြေတို့ကို အောက်တိုဘာလ ၁၆ ရက်နေ့မှစ၍ ပြည်သူလူထုများသို့ အခမဲ့ဖွင့်လှစ်ခဲ့ပါသည်။ ဤအကြိမ် ဖွင့်လှစ်သည့် ပေါင်ဖုန်းစိုစွတ်မြေ၊ ရှင်းဟိုင်စိုစွတ်မြေနှင့် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ဖွင့်လှစ်ခဲ့သည့် ဝမ်ကွမ်းစိုစွတ်မြေတို့၏ စုစုပေါင်းအကျယ်အဝန်းသည် ၁၃၅၁ မို ရှိ၍ ဖွင့်လှစ်သည့် ဒေသထဲမှ အဓိက လည်ပတ်ကြည့်ရှုရေးလမ်းသည် မီတာ ၃၆၇၀ ခန့် ရှည်လျားပါသည်။

ပေါင်ဖုန်းစိုစွတ်မြေ၏ ဖွင့်လှစ်သည့်နေရာသည် ကွမ်ဖူရေမြောင်းမှ ပေါင်ရှန့်မြစ် အရှေ့ဘက်ကမ်းအထိ ၈၆၆ မို ကျယ်ဝန်းသော ဒေသ(မူရင်းဟိုင်တုံးစိုစွတ်မြေ) ဖြစ်၍ အဓိက လည်ပတ်ကြည့်ရှုရေးလမ်းသည် ၁၆၃၉ မီတာခန့် ရှည်လျားပါသည်။ ရှင်းဟိုင်စိုစွတ်မြေ၏ ဖွင့်လှစ်သည့်နေရာသည် ၂၆၃ မို ကျယ်ဝန်း၍ အဓိက လည်ပတ်ကြည့်ရှုရေးလမ်းသည် ၉၃၁ မီတာခန့် ရှည်လျားပါသည်။ ဝမ်ကွမ်းစိုစွတ်မြေရှိ လော်ကျားယင်ရေစက်ရုံ၏ တောင်ဘက်ဒေသ ၂၂၂ မိုကို အောက်တိုဘာလ ၁ ရက်နေ့ မှစ၍ ဖွင့်လှစ်ခဲ့ပြီဖြစ်၍ အဓိက လည်ပတ်ကြည့်ရှုရေးလမ်းသည် မီတာ ၁၁၀၀ ခန့် ရှည်လျားပါသည်။

ဘေးကင်းလုံခြုံသော၊ ယဉ်ကျေးသော၊ နေသာထိုင်သာရှိသော လည်ပတ်ကြည့်ရှုရေး ပတ်ဝန်းကျင်များကို ဖန်တီး နိုင်သည့်အတွက် ပြည်သူလူထုများသည် ခရီးထွက်ပြီး လည်ပတ်ကြည့်ရှုရန် လွယ်ကူစေသည့်အတွက် ဤစိုစွတ်မြေရှိ ဖွင့်လှစ်ခဲ့သည့် ဒေသထဲမှ အခု သန့်စင်ခန်း ၃ ခန်းကို အခြေခံပြုပြီး ရွှေ့ပြောင်းနိုင်သည့် သန့်စင်ခန်း ၃ ခန်းနှင့် ခရီးသည်များ ဝန်ဆောင်မှုပေးဌာန ၃ ခုကို တိုးပွားတည်ဆောက်၍ တာရိုး၊ ရေကန် စသည့် ဒေသများ၌ လုံခြုံရေးအတိပေးဆိုင်းဘုတ်များ၊ အသက်ကယ်အဆောက်အအုံများ စသည်တို့ကို တိုးပွားတည်ဆောက်ခဲ့ပါပြီ။ ထို့ပြင်၊ မြို့သူမြို့သားများ ကားမောင်းခြင်းအားဖြင့် ခရီးထွက်လိုအပ်ချက်များကို စဉ်းစားမိသောကြောင့် စိုစွတ်မြေ ၃ ကွက်၏ ဘေးနားတွင် မော်တော်ယာဉ်ဝင်းကို ဖွင့်လှစ်ခဲ့၍ ကားထိုးရပ်နေရာ ၁၅၄၄ ခုခန့် ရှိ၍ ပေါင်းဖုန်းစိုစွတ်မြေ ဂေဟမော်တော်ယာဉ်ဝင်းရှိ ကားထိုးရပ်နေရာ ၃၄၄ ခု၊ ရှင်းဟိုင်စိုစွတ်မြေ ဂေဟမော်တော်ယာဉ်ဝင်းရှိ ကားထိုးရပ်နေရာ အခု ၂၀၀၊ ဝမ်ကွမ်းစိုစွတ်မြေနှင့် တုပ်နန်စိုစွတ်မြေတို့ နှစ်ခုသုံး ဟမော်တော်ယာဉ်ဝင်းရှိ ကားထိုးရပ်နေရာ အခု ၁၀၀၀ ကို ပါဝင်ပါသည်။

昆明信息港讯 记者昝娟娟 为让市民共享滇池保护治理成果,2022年10月16日起,宝丰湿地、星海湿地将免费对公众开放。此次开放的宝丰湿地、星海湿地和10月1日已开放的王官湿地共计1351亩,开放区域内主游路长约3670米。

宝丰湿地开放广普大沟至宝象河东岸区域866亩(原海东湿地),主游路长约1639米;星海湿地开放263亩,主游路长约931米。王官湿地已于10月1日开放了罗家营水厂以南区域222亩,主游路长约1100米。

为营造安全、文明、舒适的游览环境,便于公众出行游览,在湿地开放区域现有3个卫生间的基础上,新增设了3个可移动式卫生间和3个便民服务点,在塘体、湖边等区域增设了安全警示牌、救生设施等。同时,考虑市民开车出行需求,在三块湿地周边开放了停车场,约有1544个停车位,其中:宝丰湿地生态停车场344个车位,星海湿地生态停车场200个车位,王官湿地与斗南湿地共用停车场约1000个车位。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်