တရုတ်-လာအိုရထားလမ်း "လန်ချန်း-မဲခေါင် အမြန်ရထားလမ်းကြောင်း" နိုင်ငံတကာ ကုန်တင်ရထား အစီးတစ်ရာကျော် ပြည်ထွက်ခဲ့

2022-09-30 16:28|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ ခင်ခင်စက်တင်ဘာလ ၂၃ ရက်နေ့ ၁၃ နာရီ ၅၈ မိနစ်တွင် စက်ခေါင်း၏ တဝုန်းဝုန်းအသံနှင့်အတူ စံမှီကွန်တိန်နာ ၂၈ ခုဖြင့် ဖွဲ့ဖည်းထားသည့်၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ အထည်များ၊ စက်ခေါင်းအပိုပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများ ပြည့်ဝစွာ သယ်ဆောင်ထားသည့် "လန်ချန်း-မဲခေါင် အမြန်ရထားလမ်းကြောင်း" နိုင်ငံတကာ ကုန်တင်ရထား အမှတ်စဉ် ၂၁၀၁၇ တစ်စီးသည် မော်ဟန် နယ်စပ်စစ်ဆေးရေးဂိတ်ရှိ ရထားလမ်းဆိပ်ကမ်း တာဝန်ကျအဖွဲ့မှ ရဲများ၏ စစ်ဆေးခံခဲ့ပြီးနောက် လာအိုနိုင်ငံသို့ ဖြည်းညှင်းစွာ မောင်းသွားခဲ့သည်။ ယခုအချိန်အထိ ကူမင်းမြို့မှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ရောက်ရှိသည့် "လန်ချန်း-မဲခေါင် အမြန်ရထားလမ်းကြောင်း" ကုန်တင်ရထား အစီးတစ်ရာကျော် ပြည်ထွက်ပြီ ဖြစ်သည်။

"လန်ချန်း-မဲခေါင် အမြန်ရထားလမ်းကြောင်း"သည် တရုတ်နိုင်ငံ ရထားလမ်းနှင့် နိုင်ငံတကာ ပူးပေါင်းသော ကွန်တိန်နာ လိမိတက်ကုမ္ပဏီမှ ကူမင်းဗဟိုဘူတာမှ စတင်ထွက်ခွာပြီး မော်ဟန် ရထားလမ်းဆိပ်ကမ်း မှတစ်ဆင့် ပြည်ထွက်သည် ဖြစ်သည်။ "လန်ချန်း-မဲခေါင် အမြန်ရထားလမ်းကြောင်း" နိုင်ငံတကာ ကုန်တင်ရထားများ စတင်ပြေးဆွဲ ကတည်းက မြန်ဆန်သော အကောက်ခွန်ဌာနမှ ဖြတ်သန်းခြင်း၊ မြင့်မားသော လည်ပတ်အနှုန်း၊ ထိန်းချုပ်နိုင်သည် ဆိုက်ရောက်ချိန်နှင့် ကောင်းမွန်သော အွန်လိုင်းနှင့် အော့ဖ်လိုင်း ဝန်ဆောင်မှုများ စသည့် အားသာချက်များကြောင့် သုံးစွဲသူများ၏ နှစ်သက်မှု ရရှိခဲ့ကြသည်။ ခရီးစဉ်အရေအတွက်မှာ ကနဦးကာလ လိုအပ်ချက်အရ ပြေးဆွဲခြင်းမှ တစ်ပတ်လျှင် အနည်းဆုံး သုံးကြိမ် ပြေးဆွဲခြင်းသို့ တိုးချဲ့ခဲ့သည်။ ကုန်စည်ပို့ဆောင်မှုသည် လာအို၊ ထိုင်း၊ မြန်မာ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စင်္ကာပူနှင့် အခြားနိုင်ငံများနှင့် ဒေသများကို လွှမ်းခြုံထားသည်။ ကုန်စည် အမျိုးအစား တနေ့တခြား တိုးများလာကာ သယ်ယူပို့ဆောင်သည့် ကုန်စည်များသည် အမျိုးအစား ၁၀၀ ကျော်မှ ၁၂၀၀ ကျော်အထိ တိုးလာခဲ့သည်။ ယခုအချိန်အထိ "လန်ချန်း-မဲခေါင် အမြန်ရထားလမ်းကြောင်း" နိုင်ငံတကာ ကုန်တင်ရထားသည် ပြည်ပသို့ ကုန်ပစ္စည်း တန်ချိန်စုစုပေါင်း ၄.၈ သောင်း တင်ပို့ခဲ့ပြီး ကုန်စည်တန်ဖိုးမှာ ယွမ် ၂.၅ ဘီလီယံ ကျော်လွန်ပြီ ဖြစ်သည်။

မော်ဟန် နယ်စပ်စစ်ဆေးရေးဂိတ်မှ သက်ဆိုင်ရာ တာဝန်ရှိသူက လက်ရှိတွင် ကူမင်းမြို့သည် ဆစ်ဆောင်ပန်းနား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မော်ဟန်မြို့နယ်ကို တာဝန်အပ်နှင်းချက်အရ စီမံခန့်ခွဲပြီး နိုင်ငံတကာ နယ်စပ်ဂိတ်ပေါက်မြို့ကို အတူတည်ဆောက်ရေးအလုပ်မှာ အဆင့်ဆင့် ရလဒ် ရရှိနေပြီ ဖြစ်ကြောင်း၊ နောက်တစ်လှမ်းအနေဖြင့် ဤစစ်ဆေးရေးဂိတ်သည် မြင့်မားသော အရည်အသွေးနှင့် ထိရောက်မှုဖြင့် အကောက်ခွန်ဌာနမှ ဖြတ်သန်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို ကောင်းစွာ လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်ပြီး နယ်စပ်ဖြတ်ကုန်သွယ်မှု၏ အရည်အသွေးနှင့် ထိရောက်မှုကို မြှင့်တင်ရန် ကူညီပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်

9月23日13时58分,伴随着机车轰鸣声,一列由28个标准集装箱组成,满载鲜蔬、布料、机车零配件等货物的21017次“澜湄快线”国际货物列车,在经过磨憨边检站铁路口岸执勤队民警查验后缓缓发车驶向老挝。至此,昆明至老挝万象“澜湄快线”出境货物列车已突破100列。

“澜湄快线”的始发站为中铁联集昆明中心站,经磨憨铁路口岸出境。“澜湄快线”国际货物列车开行以来,以通关速度快、运行速度高、到货时间可控、线上线下服务优等特点,受到客户青睐。开行次数由初期按需开行扩展为每周至少三次固定开行,货物运输已覆盖老挝、泰国、缅甸、马来西亚、柬埔寨、新加坡等国家和地区。货物品类日益增加,运输货物从开通初期100余种提升到1200余种。截至目前,“澜湄快线”国际货物列车累计发运出境货物4.8万吨,货值突破25亿元人民币。

磨憨边检站相关负责人表示,当前,昆明市托管西双版纳傣族自治州磨憨镇,共同建设国际口岸城市工作已取得阶段性成效。下一步,该站将高质高效做好通关服务保障,助力跨境贸易提质增效。


အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်