၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ ဆိုက်ဘာလုံခြုံရေး အသိပညာပေးရက်သတ္တပတ်မှ ယူနန်ပြည်နယ်ရှိ လှုပ်ရှားမှုပွဲကို စတင်ကျင်းပခဲ့

2022-09-07 15:05|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ ဆိုက်ဘာလုံခြုံရေး အသိပညာပေးရက်သတ္တပတ်မှ ယူနန်ပြည်နယ်ရှိ လှုပ်ရှားမှုပွဲ၏ ကွင်းဖွင့်ပွဲကို စက်တင်ဘာလ ၅ ရက်နေ့တွင် ကူမင်းမြို့၌ ကျင်းပခဲ့ပါသည်။

ဤအကြိမ် ဆိုက်ဘာလုံခြုံရေး အသိပညာပေးရက်သတ္တပတ်၏ ခေါင်းစဉ်သည် "ဆိုက်ဘာလုံခြုံရေးက ပြည်သူအတွက်ပါ၊ ဆိုက်ဘာလုံခြုံရေးက ပြည်သူအပေါ်မှာ မူတည်ပါတယ်" ဖြစ်ပါသည်။ စင်တင်ဘာလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗီဒီယိုတို၊ အွန်လိုင်းစာသင်ခန်း၊ အပြန်အလှန်မေးခွန်းဖြေဆိုမှု၊ ဇာတ်တို စသည့် ယူနန့် ဝိသေသလက္ခဏာများရှိသည့် အသိပညာပေးလှုပ်ရှားမှုများကို ကျင်းပ၍ ပြည်သူလူထု ကြိုက်သည့်နည်းဖြင့် ဆိုက်ဘာလုံးခြုံရေးဆိုင်ရာ အသိပညာများကို ဘက်ပေါင်းစုံ၊ အဆင့်ပေါင်းစုံ၊ ပိုမိုပေါ်လွင်စွာ အသိပညာပေး၍ ဆိုက်ဘာလုံခြုံရေး ကာကွယ်ရေးလမ်းကြောင်းများကို လူ့အဖွဲ့အစည်းတစ်ခုလုံးသည် အတူတည်ဆောက်သည့် များပြားထူထပ်သော အငွေ့အသက်ကို ဖန်တီးမည်။

ကွင်းဖွင့်ပွဲတွင် ယူနန်ပြည်နယ် ဆိုက်ဘာလုံခြုံရေး အသိပညာပေး သရုပ်သကန်ဖြစ်သည့် "ယူနန်ရှိ ဆိုက်ဘာလုံခြုံရေး ကာကွယ်စောင့်ကြပ်သူကလေး"ကို ထုတ်ပြန်၍ Sangfor Technologies Inc.၊ Yunnan LanDui Computing Co. LTD စသည့် ပထမအကြိမ် ယူနန်ပြည်နယ် ဆိုက်ဘာလုံခြုံရေး အရေးပေါ်နည်းပညာ ဝန်ဆောင်ပေးပံ့ပိုးမှု ကုမ္ပဏီ ၁၁ ခုကို ဆိုင်းဘုတ်ပေး၍ ပထမဆုံး ယူနန်ပြည်နယ်ရှိ ဆိုက်ဘာလုံခြုံရေး အသိပညာပေးသူများကို ခန့်စာ ချီးမြှင့်ခဲ့ပါသည်။

9月5日,2022年国家网络安全宣传周云南省活动启动仪式在昆明举行。

本届网络安全宣传周以“网络安全为人民,网络安全靠人民”为主题。活动时间从9月5日至11日,将推出系列短视频、云课堂、互动答题、短剧等具有云南特色的宣传活动,以群众喜闻乐见的方式,全方位、多层次、立体化宣传网络安全知识,营造全社会共筑网络安全防线的浓厚氛围。

仪式现场发布了云南省网络安全宣传形象——云岭网安小卫士,对深信服科技股份有限公司、云南蓝队云计算有限公司等11家第一届云南省网络安全应急技术服务支撑单位进行了授牌,向首批云南省网络安全宣传员颁发了聘书。(云南日报 记者邓清文)

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်