ကူမင်းမြို့မှ လစ်ကျန်းမြို့သို့ နှစ်ထပ်ခရီးသွားရထားသည် လည်ပတ်ပြေးဆွဲနေ
2022-08-29 16:56|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုနှစ်များတွင် ရထားလမ်းကွန်ရက် အဆက်မပြတ် တိုးချဲ့ခြင်းနှင့် ပြည့်စုံကောင်းမွန်လာခြင်းတို့ နှင့်အမျှ "ရထားဖြင့် ယူနန်ပြည်နယ်ကို လည်ပတ်ခြင်း" မှာ များသည်ထက် များလာသော ခရီးသည်များ၏ ရွေးချယ်မှု ဖြစ်လာပါပြီ။ ယူနန်ပြည်နယ်ရှိ ခရီးသွားမြို့များကို ချိတ်ဆက်ထားသည့် ရထားများထဲတွင် ကူမင်းမြို့မှ လစ်ကျန်းမြို့သို့၊ တာ့လီမြို့မှ လစ်ကျန်းမြို့သို့ လည်ပတ်ပြေးဆွဲနေသော နှစ်ထပ်ခရီးသွားရထားမှာ အကျော်ဆုံး ဖြစ်ပါသည်။ ရထားသည် မြင်ရခက်သော နှစ်ထပ်လူစီးရထားတွဲကို အသုံးပြုသောကြောင့် ခရီးသည်အများအပြား ဆံ့နိုင်ရုံသာမက အပေါ်နှင့် အောက်အထပ် ခွဲထားသော ဖွဲ့စည်းပုံမှာ ခရီးသည်များအတွက် နေရာထိုင်ခုံရှာရန် ပိုမိုလွယ်ကူစေပါသည်။ ထို့ပြင် ရထားပေါ်တွင် ကစားပျော်ရွှင်မှုပြုရာရထားတွဲ တစ်တွဲကိုလည်း စီစဉ်ထားပါသည်၊ ဤနေရာတွင် ခရီးသည်များသည် တိုင်းရင်းသားလူမျိုးစုများ၏ အဆိုအကပြသမှုများ ရှုစားနိုင်ရုံသာမက သီချင်းဆိုခြင်း၊ စန္ဒယားတီးခြင်းနှင့် ချူတပ်ဗုံတီးခတ်ခြင်းတို့ကိုလည်း လုပ်နိုင်၍ ခရီးစဉ်တွင် ဝမ်းသာရွှင်လန်းသော အချိန်ကို အားရပါးရ ခံစာမိနိုင်ပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ
























