ယူနန်ပြည်နယ်သည် နိုင်ငံ ၃၆ နိုင်ငံနှင့် နိုင်ငံတကာ ညီအစ်မမြို့ ၁၀၃ တွဲကို တည်ထောင်ပြီ
2022-08-29 15:35|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယူနန်ပြည်နယ်သည် ဘက်စုံစနစ်နှင့် နှစ်ဦးချင်းစနစ် ပလက်ဖောင်းများကို မှီခိုပြီး မိတ်ဆွေသင်္ဂဟအသိုက်အဝန်း အဆက်မပြတ် တိုးချဲ့၍ အခုအထိ နိုင်ငံ ၃၆ နိုင်ငံနှင့် နိုင်ငံတကာ ညီအစ်မမြို့ ၁၀၃ တွဲကို တည်ထောင်ပြီ ဖြစ်၍ ၄င်းအနက် တောင်အာရှ အရှေ့တောင်အာရှနိုင်ငံများနှင့် ညီအစ်မမြို့ စုစုပေါင်း ၄၉ခု ကို ထူထောင်ပါပြီဟု သတင်းထောက်သည် "ယူနန်ပြည်နယ့် ဤဆယ်စုနှစ်" နှင့်ပတ်သက်သော သတင်းရှင်းလင်းပွဲများမှ တောင်အာရှ အရှေ့တောင်အာရှ မျက်နှာမူဖြာထွက်သည့် စင်တာတည်ဆောက်ရေး သီးခြားသတင်းရှင်းလင်းပွဲမှ သိရှိရခဲ့ပါသည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစနစ်ကို စတင်သုံးပြုရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်၍ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တရုတ်နိုင်ငံ အတွင်းရေးမှူးချုပ်ရုံး၏ ယူနန်ပြည်နယ်ရှိ ဆက်ဆံရေးရုံးကို တည်ထောင်၍ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အကြီးတန်း အရာရှိများ အစည်းအဝေးနှင့် ပူးတွဲအလုပ်အဖွဲ့ အစည်းအဝေး စသည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အရေးကြီးသော အစည်းအဝေးများကို တာဝန်ယူလုပ်ဆောင်ခဲ့ပါသည်၊ နယ်စပ်ဖြတ်ကျော် စီးပွားရေး၊ ထုတ်လုပ်မှုစွမ်းရည် ပူးပေါင်းဆောင်ရွက်မှု၊ ပညာရေး၊ ခရီးသွားလာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကျန်းမာရေးနှင့် ပညာရှင်အဖွဲ့ စသည့်နယ်ပယ်များမှ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လှုပ်ရှားမှုများကို ဘက်ပေါင်းစုံမှနေပြီး စီမံခန့်ခွဲခဲ့ပါသည်။
နိုင်ငံ ၉ နိုင်ငံနှင့် တည်ထောင်သည့် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုစနစ်နှင့် နှစ်ဦးချင်း ပူးပေါင်းဆောင်ရွက်မှုစနစ် စုစုပေါင်း ၁၂ ခုနှင့် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊ တောင်အာရှအရှေ့တောင်အာရှ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှု စည်းဝေးပွဲ၊ မဲခေါင်ကောလိပ်ကျောင်းကောင်စီ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ်လှုပ်ရှားမှုပွဲ၊ တရုတ်-ဗီယက်နမ် ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်း အတွေ့အကြုံ နှီးနှောဖလှယ်ပွဲ စသည်တို့ကို မှီခို၍ ယူနန်ပြည်နယ်နှင့် တောင်အာရှ အရှေ့တောင်အာရှနိုင်ငံများ အကြားမှ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု စနစ်သစ်ကို တည်ဆောက်ခဲ့ပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဗီယက်နမ်နိုင်ငံ လောင်ကိုင်၊ ဟယ်ကျန်း၊ လိုင်ကျူး၊ တိန့်ဘင်ပြည်နယ်တို့ ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူးများ နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးရေးစနစ်ကို ထူထောင်၍ အစည်းအဝေး နှစ်ကြိမ်ကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်- တရုတ်- အိန္ဒိယ- မြန်မာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၊ ယူနန်-မလေးရှား၊ ယူနန်-အိန္ဒိယ၊ ယူနန်-ဘင်္ဂလားဒေ့ရှ်စသည့် နှစ်ဦးချင်းပူးပေါင်းဆောင်ရွက်မှု စနစ်များ၏အတွင်းသဘော အဆက်မပြတ် ပေါများကြွယ်ဝလာ၍ "ဘင်္ဂလားဒေ့ရှ်- တရုတ်- အိန္ဒိယ- မြန်မာ စီးပွားရေးစင်္ကြံ"သည် ယေဘုယျအယူအဆမှ လက်ရှိအဖြစ်မှန်အဖြစ် ပြောင်းလဲလာခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းရှိ ပြည်နယ်နှင့် မြို့ ၆ ခု၏ နိုင်ငံခြားရေးရာဌာနများကို အပြန်အလှန် ဖလှယ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ရန် ဖိတ်ကြား၍ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေခြင်း၊ နယ်စပ်ရေးရာ စီမံခန့်ခွဲမှုနှင့် နှစ်ဦးချင်းစနစ် ပလက်ဖောင်းများ၏ အကျိုးသက်ရောက်မှုကို ထုတ်ဖော်ခြင်း စသည်တို့နှင့်ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့ပါသည်။
အစိုးရချင်းမဟုတ်သော အားသာချက်များကို ထုတ်ဖော်၍ မိတ်ဆွေသင်္ဂဟအသိုက်အဝန်းကို အဆက်မပြတ် နက်ရှိုင်းလာစေခဲ့ပါသည်။ အခုအထိ၊ ယူနန်ပြည်နယ်သည် နိုင်ငံ ၃၆ နိုင်ငံနှင့် နိုင်ငံတကာ ညီအစ်မမြို့ ၁၀၃ တွဲကို ထူထောင်ပြီး ၄င်းအနက် တောင်အာရှ အရှေ့တောင်အာရှနိုင်ငံများနှင့် ညီအစ်မမြို့ စုစုပေါင်း ၄၉ တွဲကို ထူထောင်၍ ဒေသဆိုင်ရာ အစိုးရများသည် နိုင်ငံခြားနှင့် အချင်းချင်း ပေါင်းသင်းဆက်ဆံသည့် အရေးကြီးသော ပလက်ဖောင်းကို တည်ဆောက်လျက်ရှိသည်။ နယ်စပ်ဒေသရှိ ခရိုင်(မြို့)များ၌ နယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးသော ကျေးရွာများ ပူးပေါင်းဆောင်ရွက်မှုပုံစံသစ်ကို ဖန်တီး၍ လာအို၊ မြန်မာနှင့် ဗီယက်နမ်နယ်စပ်ရှိ ကျေးရွာ ၂၃ ရွာနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိပါသည်။
昆明信息港讯 记者昝娟娟 记者从“云南这十年”系列新闻发布会·建设面向南亚东南亚辐射中心专场发布会上获悉,云南省依托多双边机制平台不断扩容朋友圈,截至目前,与36国缔结国际友好城市103对,其中与南亚东南亚国家友城总数达49对。
配合外交部开启澜湄合作机制,成立了澜湄合作中国秘书处云南联络办公室,承办了澜湄合作高官会和联合工作组会等一系列澜湄合作重要会议;组织统筹涵盖跨境经济、产能合作、教育、旅游、科技、卫生、智库等领域的澜湄合作系列活动。
依托与9个国家搭建的12个多双边合作机制以及中国-南亚博览会、商洽会、湄公学院理事会、澜湄合作周系列活动、中越扶贫经验座谈会等,打造云南与南亚东南亚国家全方位合作新格局。建立中国云南省与越南老街、河江、莱州、奠边省省委书记年度会晤机制并成功召开2次会议。孟中印缅地区合作论坛、滇马、滇印、滇孟等双边合作机制内涵不断丰富,“孟中印缅经济走廊”由概念变为现实。邀请越南北部六省市外事厅开展对口交流活动,就加强友好合作、边界管理、发挥双边机制平台作用等达成共识。
发挥民间优势不断深化朋友圈。截至目前,云南与36国缔结国际友好城市103对,其中与南亚东南亚国家友城总数达49对,搭建了地方政府对外交往的重要平台。在边境县(市)开创边境友好村寨合作新模式,与老挝、缅甸、越南23个边境村寨结好。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
- ကမ္ဘာ့"ရှန်ဂရီလာ"မှ ပန်းခရီးစဉ် နွေဦးပန်းပြပွဲကို ကျင်းပနေ
- ကူမင်းမြို့ ဘတ်စ်ကားကုမ္ပဏီသည် နွေဦးရာသီခရီးစဉ်အတွက် ဘတ်စ်ကားလိုင်း ၂၆ လိုင်းကို စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ ကျင့်နင်ရပ်ကွက်တွင် Truffle ကို စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားစေ
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု