ယူနန်ပြည်နယ် ပြည်သူ့အစိုးရသည် ခရိုင်အခု ၂၀ ကို "လှပသော ခရိုင်များ"အဖြစ် သတ်မှတ်

2022-08-17 16:43|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်တသွေမတမ်း ရွေးချယ်အကဲဖြတ် ခြင်းအားဖြင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရသည် ယွန်မုတ်ခရိုင်စသည့် ခရိုင်(မြို့)အခု ၂၀ ကို "ယူနန်ပြည်နယ်ရှိ လှပသော ခရိုင်များ"အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ပါသည်။

၄င်းတို့သည် ယွန်မုတ်ခရိုင်၊ ဟယ်ခုတ် ယောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ နန်ကျန့် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ အယ်စန်း ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ ယိလုံ နာဆီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ ယိမေခရိုင်၊ ပျင်းချွမ်းခရိုင်၊ ဖုမင်ခရိုင်၊ မုန်ဟိုင်ခရိုင်၊ စီဇုံခရိုင်၊ လူတျန့်ခရိုင်၊ ယုံဇေခရိုင်၊ မာကွမ်ခရိုင်၊ ဟွေ့ဇေခရိုင်၊ ဇင်းကန်ခရိုင်၊ ကျန်းချမ် ဟာနီလူမျိုး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ ဝေရှီ လီဆူလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ လုံချွမ်ခရိုင်၊ ရှီချူခရိုင်နှင့် လူဆွေခရိုင် ဖြစ်ကြပါသည်။

၂၀၁၉ ခုနှစ် မှစ၍ ယူနန်ပြည်နယ်သည် "လှပသော ခရိုင်များ" တည်ဆောက်ရေးအား သစ်လွင်သော မြို့ပြဖြစ်လာအောင် တည်ဆောက်ရေးကို ရှေ့သို့တွန်းတင်ရန်၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတိုက်ပွဲကို အောင်မြင်စွာဆောင်ရွက်ရန်၊ တစ်ပြည်လုံး ဂေဟယဉ်ကျေးမှု တည်ဆောက်ရေး ထိပ်ဆုံးပြည်နယ် ဖြစ်အောင် ကြိုးစားရန် အရေးပါသော လုပ်ငန်းအဖြစ် ပြုမူဆောင်ရွက်မှုကို ဆန်းသစ်သီထွင်ပြီး နက်ရှိုင်းစွာ ဆောင်ရွက်၍ အခုအထိ ဆိုင်းဘုတ်တပ်ခဲ့သည့် "ယူနန်ပြည်နယ်ရှိ လှပသော ခရိုင်များ"သည် ၅၆ ခုရှိပါပြီ။

昆明信息港综合整理 经过严格评选,云南省政府决定命名元谋县等20个县(市)为“云南省美丽县城”。

这20个县(市)分别是:元谋县、河口瑶族自治县、南涧彝族自治县、峨山彝族自治县、玉龙纳西族自治县、易门县、宾川县、富民县、勐海县、师宗县、鲁甸县、永仁县、马关县、会泽县、镇康县、江城哈尼族彝族自治县、维西傈僳族自治县、陇川县、西畴县、泸水市。

2019年以来,云南省将“美丽县城”建设作为推进新型城镇化建设、打赢脱贫攻坚战、争当全国生态文明建设排头兵的重要抓手,创新举措,深入开展,截至目前,挂牌命名的“云南省美丽县城”已达56个。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်