မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဘုရားကျောင်း ရှိရုံသာမက သမိုင်းအနှစ်တစ်ရာကျော်ရှိသော မီးရထားဟောင်းလည်းရှိ
2022-08-17 15:56|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မြန်မာနိုင်ငံ ရန်ကုန်မြို့ နှင့်ပတ်သက်၍ ရွှေတိဂုံစေတီတော်နှင့် ဘုရားကျောင်းမျိုးစုံအပေါ် နက်ရှိုင်းစွာ အမှတ်ရ လျက်ရှိသည်၊ သို့သော်လည်း ဘုရားကျောင်းများအပြင် ဤနေရာ၌ သမိုင်းအနှစ်တစ်ရာကျော် ရှိသော ခေတ်နောက်ပြန်ဆွဲသည့် မီးရထားဟောင်းလည်း ရှိ၍ ဤမြို့၏ တခြားအမည်ကတ်ပြား တစ်စောင်လည်း ဖြစ်ပါသည်။ ထို့ပြင်၊ မီးရထားစီးပြီး ရန်ကုန်မြို့ပြင်ပကို ဝန်းပတ်လျှင် တစ်ယွမ်(တရုတ်ငွေ) ခန့်သာ ကုန်ကျပါသည်။
မြို့လယ်ခေါင်၌ တည်ရှိနေသည့် ရန်ကုန်ဘူတာကြီးသည် မြန်မာနိုင်ငံတွင်း အကြီးဆုံးသော ဘူတာရုံ ဖြစ်၍ အခုအထိ အနှစ်တစ်ရာကျော် သမိုင်းရှိပါသည်။ ဘူတာကြီး၏ အရောင်များသည် အဓိကအားဖြင့် အဖြူရောင်နှင့် ရွှေရောင်ဖြစ်ကြ၍ ဘူတာကြီးကို နာမည်ကျော်သော မြန်မာ့ဒီဇိုင်းဆွဲဆရာသည် တည်ဆောက်ပြီး ဥရောပပုံစံနှင့် မြန်မာပုံစံတို့ကို ပေါင်းစပ်ပြီး အရှေ့အနောက်ပိုင်း ယဉ်ကျေးမှု အနှစ်သာရများကို ရောနှောပေါင်းစပ်၍ တစ်ခုတည်းသာရှိသည့် အဆောက်အအုံ အနုပညာလက်ရာ တစ်ခုဟု ဆိုနိုင်ပါသည်။
ရန်ကုန် မြို့တွင်းရပ်ကွက်သည် စည်ကားဆူညံသော်လည်း ဤနေရာသည် ဆိတ်ငြိမ်ပါသည်။ အချိန်အတော်ကြာလျှင် မီးရထားတစ်စီး ဘူတာကြီးထဲသို့ ခုတ်မောင်ဝင်ရောက်၍ ဤဆိတ်ငြိမ်သော ဘူတာကြီးအတွက် သက်ဝင်အားတစ်ချို့ကို ထည့်သွင်းလျက်ရှိသည်။
ဘူတာရုံပလက်ဖောင်းတွင် မီးရထားကို စောင့်သည့် ခရီးသည်များအပြင် ဒေသခံ လမ်းဘေးစျေးသည်များလည်း ရှိပြီး ဒေသခံ အစားအစာနှင့် သစ်သီးဝလံများကို ရောင်းချပါသည်။ မီးရထားပြေးဆွဲသည့် အရှိန်သည် အလွန်နှေးကွေး၍ ကုန်သည်တစ်ချို့သည် မီးရထားပေါ် အော်ပြီး သစ်သီးများ ရောင်းချပါသည်။ ခရီးသည် အများစုသည် ဒေသခံများ ဖြစ်ကြပါသည်၊ တစ်ချို့သည် ဟင်းသီးဟင်းရွက်ဝယ်ရန် စျေးသွားကြပါသည်၊ တစ်ချို့သည် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ကြပါသည်၊ တစ်ချို့သည် တာဝန်ဖြင့် ခရီးထွက်သွားကြပါသည်။ ရထားတွဲထဲတွင် ပိုဟောင်းသော်လည်း အခြေခံအားဖြင့် သန့်ရှင်းပါသည်။
ဤတွင် မြန်မာ့သာမန်သော ပြည်သူလူထုတို့၏ နေထိုင်မှုဘဝ အခြေအနေများကို ခံစားနိုင်ပါသည်။ ရန်ကုန်ဘူတာကြီးသည် မြန်မာနိုင်ငံကို သိရှိနားလည်သည့် ပြတင်းပေါက်တစ်ခုဟု ဆိုနိုင်ပါသည်၊ မြန်မာနိုင်ငံသို့ ရောက်ရှိသည့် မိတ်ဆွေများသည် ဤနေရာသို့ လာရောက်ခံစားနိုင်ပါသည်။
昆明信息港综合整理 说到缅甸仰光,令人印象最深刻的是大金塔及各式各样的佛塔,但除佛塔外,这里还有上百年历史的复古老火车,也是这座城市的另一张名片。最难能可贵的是,只需一块钱(人民币)左右,就可以乘坐火车环仰光外围一圈。
位于市区中心的仰光中央车站,是缅甸最大的火车站,至今已有100多年的历史。火车站的颜色主要是白色和金色,由著名缅甸设计师建造,将欧式风格和缅甸风格结合起来,融汇了东西方文化精华,可以称得上是一件独一无二的建筑艺术品。
仰光的市区是拥堵喧哗的,但这里却有一种大隐隐于市的宁静。每隔一段时间,会有一辆火车驶入车站,给这个静谧的车站带来一些活力。
站台上,除等车的乘客外,还有当地小摊小贩,在卖一些本地食物和水果。火车行驶的速度非常缓慢,有一些商贩在上面吆喝卖水果。乘客大都是本地人,有的是去市场采购蔬菜,有的是运输货物,有的是出差。车厢内除比较老旧外,基本上很卫生干净。
在这里,可以感受缅甸市井生活气息。可以说,仰光中央车站是了解缅甸的一道窗口,来缅甸的朋友们,可以到这里感受一番。(图源:百家号/少年心之旅)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ