ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် ရှုခင်းကြည့် တောင်တက်ခရီးသွားရထားသည် လစ်ကျန်းမြို့၌ ပြသခဲ့
2022-08-17 14:53|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် ရှုခင်းကြည့် တောင်တက်ခရီးသွားရထားသည် လစ်ကျန်းမြို့၌ ပြသခဲ့ပါသည်။ ရထားသည် အခု ထိန်းညှိစမ်းသပ်နေချိန် ဖြစ်နေ၍ ဤနှစ်ဒုတိယနှစ်ဝက်တွင် တရားဝင် စတင်လည်ပတ်ပြေးဆွဲမည်။ ဤရထား၏ ပြင်ပသဏ္ဌာန်သည် လစ်ကျန်းမြို့ရှိ ထူးခြားသောရှုခင်းဖြစ်သည့် လန်ယွယ်ကန်အရ ဒီဇိုင်းဆွဲ၍ "ကောင်းကင်၏ကြေးမှန်" ဟု အမည်ပေးပါသည်။
ဤရထား၏ တစ်စီးလုံး ပုံသဏ္ဌာန်ဒီဇိုင်းသည် ၂၀၂၂ ခုနှစ် ဂျာမနီနိုင်ငံ IF ဒီဇိုင်းဆွဲဆုကို ရရှိခဲ့ပါသည်။ ကြေးမှန်စလုံးသည် လျှပ်စစ်ဓာတ်အားဖြင့် အလင်းရောင်ခြည် ထိန်းညှိသည့် အကြီးစား ရှုခင်းကြည့် ဘေးကြေးမှန်များကို သုံးပြု၍ နေရောင်ထိုးခြင်း၏ အားကောင်းအားပျော့ခြင်းအရ လင်းမှောင်ခြင်း ပြောင်းလဲစေနိုင်၍ နေရောင်ခြည်လည်း ကာကွယ်နိုင်ပြီး ရှုခင်းလည်း ကြည့်ရှုနိုင်ပါသည်။ ထို့ပြင်၊ ခုတ်မောင်းမည့် လမ်းကြောင်းသည် ရှေးဟောင်းမြို့မှ ဆီးနှင်းတောင်သို့ ပင်လယ်ရေမျက်နှာပြင်ထက် ပိုမြင့်လာသည်ဟု စဉ်စားသောကြောင့် မော့ကြည့်မြင်ထောင့်သည် ဒီဂရီ ၁၂၀ မှ ဒီဂရီ ၁၅၀ အထိ အကောင်အထည်ဖော်စေ၍ ခရီးသည်များသည် ပြတင်းပေါက်များ မှတဆင့် ရှုခင်းများကို ဘက်စုံကြည့်ရှုနိုင်ပြီး ကြီးကျယ်ခမ်းနားလှပသော ဆီးနှင်းတောင်၊ ကျောက်စိမ်းကဲ့သို့ ကြည်ပြာသော ကန်ရေနှင့် သာယာထူးဆန်းသော လျှိုမြောင်ရှုခင်းများကို ရှုစားနိုင်မည်။
ရထား၏ အမြင့်ဆုံး ပြေးဆွဲနိုင်သည့်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၇၀ ဖြစ်၍ အကြီးဆုံး ခရီးသည်တင်ဆောင်နိုင်မှု ပမာဏမှာ အယောက် ၃၅၀ ကျော် ဖြစ်ပါသည်။ စတင်ပြေးဆွဲပြီးနောက် ခရီးသည်များသည် လစ်ကျန်းရှေးဟောင်းမြို့မှ ယိလုံဆီးနှင်းတောင်သို့ ဝင်ရောက်လျှင် မိနစ် ၂၀ သာ လိုမည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ

