People's Daily သတင်းစာ ရှေ့စာမျက်နှာပေါ် အယ်ဟိုင်ရေကန်၏ ဂေဟပတ်ဝန်းကျင် အဆက်မပြတ် ကောင်းမွန်လာခြင်းကို ရေးသားဖော်ပြခဲ့
2022-08-16 17:23|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကုန်းပြင်မြင့် အရောင်တောက်ပသောပုလဲ ဖြစ်သည့် အယ်ဟိုင်ရေကန်သည် ၂၅၂ စတုရမ်းကီလိုမီတာ ကျယ်ဝန်း၍ ယူနန်ပြည်နယ်ရှိ ဒုတိယအကြီးဆုံးသော ကုန်းပြင်မြင့်ရေချိုကန် ဖြစ်ပါသည်။
ယခုနှစ်များတွင် ယူနန်ပြည်နယ် တာ့လီမြို့သည် အယ်ဟိုင်ရေကန် ကာကွယ်ရေးနှင့် ပြုပြင်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက်စွာ ရှေ့သို့တွန်းတင်၍ တောင်များ၊ ရေများ၊ သစ်တောများ၊ လယ်မြေများ၊ ရေကန်များ၊ မြက်များ၊ သဲများကို စနစ်တကျပြုပြင်ရန် စွဲစွဲမြဲမြဲထိန်းသိမ်း၍ တောင်ကို ကောင်းမွန်ကျနလာအောင် ပြန်လည်ပြုပြင်ပေးခြင်း၊ သစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောတည်ဆောက်ခြင်း၊ မြစ်ကြောင်းပြုပြင်ခြင်း စသည့် နည်းများဖြင့် မြစ်ဝှမ်းဒေသမှ ရေပတ်ဝန်းကျင်၊ ရေအရင်းအမြစ်၊ ရေဂေဟစနစ်၊ ရေလုံခြုံရေးစလုံးကို တိုးတက်ကောင်းမွန်လာစေအောင် ဆောင်ရွက်ခဲ့ပါသည်။ ဤနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အယ်ဟိုင်ရေကန်မှ ရေ၏ အလင်းပေါက်နိုင်စွမ်းသည် အခု ၁၀ နှစ်အတွင်း အကောင်းဆုံးသော အရည်အချင်း ဖြစ်ပါသည်။
ဂေဟပတ်ဝန်းကျင်သည် အဆက်မပြတ် ကောင်းမွန်လာ၍ ၁၂ ၉ကီလိုမီတာ ရှည်သည့် အယ်ဟိုင်ရေကန်ပတ် ဂေဟစနစ်စင်္ကြံ တစ်လျှောက်လုံးသည် လမ်းပေါက်ခြင်းတို့ နှင့်အမျှ တာ့လီမြို့ကို နိုင်ငံတော် All-for-One Tourism စံပြတ်ဒေသအဖြစ် အောင်မြင်စွာ တည်ဆောက်ခဲ့ပါပြီ။ ကောင်းမွန်လှပသော သဘာဝရှုခင်းများသည် ခရီးသည်များကို ရှုစားလာရန် ဆွဲဆောင်ခဲ့ပါပြီ။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့
- တရုတ်-လာအို ရထားလမ်းသည် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသည် အကြိမ်ရေ ၆ သိန်းကျော်ကို ပို့ဆောင်ခဲ့


