တရုတ်-လာအိုရထားလမ်း ဖွင့်လှစ်ပြီးနောက် ကုန်စည်တင်သွင်းတင်ပို့မှု ပမာဏသည် တန်ချိန်တစ်သန်း ကျော်လွန်ပါပြီ
2022-08-15 10:04|
(ရောင်စုံတမ်တံတား၊ လဲ့ရွှေရည်) သြဂုတ်လ ၇ ရက်နေ့အထိ ကူမင်းအကောက်ခွန်ရုံးမှ စစ်ဆေးပြီး မောင်းနှင်သွားလာသည့် တရုတ်-လာအို နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ရထားအစီးရေ ၁,၉၉၆ စီးရှိပြီး စုစုပေါင်းကုန်စည်တင်သွင်းတင်ပို့မှု ပမာဏသည် တန်ချိန် ၁,၀၂၁ ထောင်နှင့် စုစုပေါင်းတန်ဖိုး ယွမ် ၉,၁၄၀ သန်းရှိကြောင်း သတင်းထောက်မှာ သြဂုတ်လ ၉ ရက်နေ့တွင် ကူမင်းအကောက်ခွန်ရုံးမှ သိခဲ့ရပါသည်။
တရုတ်-လာအိုရထားလမ်းသည် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ပြီးနောက် ပြည်တွင်း၌ ကျန်းဆူး၊ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စသည့် ပြည်နယ်(ဒေသ၊ မြို့) အခု ၃၀ ရှိပြီး တရုတ်-လာအိုရထားလမ်း မှတစ်ဆင့် လာအို၊ ထိုင်း၊ စင်ကာပူ စသည့် နိုင်ငံနှင့် ဒေသများနှင့် လျင်မြန်စွာဆက်စပ်၍ နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်စွမ်းသည် ထပ်မံ ထိုးတက်လာခဲ့ပါသည်။
ဆစ်ဆောင်ပန်းနား စေဇုံ နိုင်ငံတကာ ကုန်စည်စီးဆင်းမှု ကုမ္ပဏီလီမိတက်သည် မိုဟန်နယ်စပ်ဂိတ်၌ ကုန်စည်တင်သွင်းတင်ပို့မှု လုပ်ငန်းများကို လုပ်ဆောင်သည့် ပြည်ပကုန်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်၍ ၄င်းသည် အကောက်ခွန်ရုံးထံ အစီရင်ခံ ခြင်းအားဖြင့် တရုတ်-လာအိုရထားလမ်း မှတစ်ဆင့် တင်သွင်းတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများသည် ရော်ဘာ၊ ကုန်မျိုးစုံ၊ တွင်းထွက်သတ္တုများ၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်း စသည့် ကုန်ပစ္စည်းများ ၁၃ မျိုးရှိပါပြီ။ "တရုတ်-လာအိုရထားလမ်းက စတင်ဖွင့်လှစ်ပြီးတော့ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်း အမျိုးအစားက များလာတယ်၊ တင်ပို့တဲ့နိုင်ငံလဲ များလာတယ်၊ ကုမ္ပဏီတစ်ခုလုံးရဲ့ လုပ်ငန်းပမာဏက ၄၀ ရာခိုင်နှုန်းလောက် တိုးမြှင့်ပါပြီ။" ဟု ကုမ္ပဏီ၏ မန်နေဂျာဇန်ရှန်ဇုတ်က ပြောဆိုခဲ့ပါသည်။
တရုတ်-လာအို နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ရထားသည် ပိုမိုထိရောက်စွာ လည်ပတ်နိုင်ရေးအတွက် ကူမင်းအကောက်ခွန်ရုံးမှာ ကြပ်မတ်အုပ်ချုပ်နည်းများ ကောင်းမွန်စေခြင်း၊ နယ်စပ်ဂိတ်များ၏ လုပ်ဆောင်ချက်များ ပြီးပြည့်စုံစေခြင်း၊ အတွင်းအပြင်ချိတ်ဆက်မှု အားကောင်းစေခြင်း၊ လုပ်ငန်းပုံစံသစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဝန်ဆောင်ပေးခြင်း စသည့်နယ်ပယ်များတွင် ကြိုးပမ်းအားထုတ်၍ တရုတ်-လာအိုရထားလမ်း၏နယ်စပ်ဖြတ်ကျော် ကုန်စည်စီးဆင်းမှု တတ်နိုင်စွမ်းများသည် အဆက်မပြတ် တိုးမြှင့်စေရန် စွမ်းကုန်ထောက်ခံလျက်ရှိသည်။
昆明信息港综合整理 记者8月9日从昆明海关获悉,截至8月7日,昆明海关已监管验放1996列中老铁路国际货物列车,进出口货物总量达102.1万吨,货值约91.4亿元。
中老铁路自去年12月开通以来,国内已有江苏、内蒙古等30个省(区、市)通过中老铁路快速连通老挝、泰国、新加坡等国家和地区,跨境货物运输能力进一步提升。
西双版纳正荣国际物流有限公司是磨憨口岸一家从事进出口的外贸公司,经公司报关通过中老铁路进出口的货物已涵盖橡胶、百货、矿产品、食品、电子产品等13类商品。“自中老铁路开通后,我们的货物品种增加了,出口国家也多了,公司整体业务量提升了40%左右。”公司经理张显舟说。
为保障中老铁路国际货物列车高效运行,昆明海关在优化监管措施、完善口岸功能、强化内外联动、服务新业态发展等方面靶向发力,全力支持中老铁路跨境物流运能不断提升。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ကူမင်းမြို့ရှိ ဟိုင်ကေဥယျာဉ်တွင် ခြောက်လပန်း ၁၀ မိုသည် ဝေဝေဆာဆာပွင့်ဖူးနေ၍ အလွန်လှပ
- ကူမင်းအာကာသသိပ္ပံပညာပေးရေးပြတိုက်ကို ဖွင့်လှစ်
- ကူမင်းတွင် တောရိုင်းမှို အနည်းငယ် စတင်ရောင်းချ၍ Collybia albuminosa တစ်ကီလိုဂရမ်ကို ယွမ် ၃၀၀၀ ဖြင့် ရောင်း
- မြည်းစမ်းကြည့်ပါ၊ ကူမင်းမြို့ မီဟူရွာရှိ ချယ်ရီသီးများသည် "မင်းကိုချစ်သောပုံသဏ္ဍာန်" အဖြစ် ကြီးထွားလာခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်ရှိ မိုးဆန်းပန်း အခိုင် ၉၄.၅ သောင်းကို မြန်နှုန်းမြင့်ရထားဖြင့် တစ်နိုင်ငံလုံးတွင် ရောင်းချ
- တရုတ်-လာအို ရထားလမ်းဖြင့် သယ်ယူပို့ဆောင်သည့် ကုန်စည်သည် တန်ချိန် ၂၀ သန်း ကျော်လွန်
- ပညာရှင်များသည် ကူမင်းတက္ကသိုလ် လွတ်လပ်သောကုန်သွယ်ရေးပညာကောလိပ်၏ လူချွန်ပြုစုပျိုးထောင်မှုလုပ်ငန်းကို အာရုံစူးစိုက်
- အနောက်ပိုင်း ကုန်းတွင်း-ပင်လယ်စင်္ကြံသစ်၏ နယ်စပ်ဖြတ်ကျော် ရထားလမ်း-ကုန်းလမ်း ပူးတွဲပို့ဆောင်ရေး ရထားတွဲ ပြေးဆွဲခဲ့