ယူနန်နိုင်ငံတကာ စီးပွားကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုပူးပေါင်းမှုစင်တာသည် မြန်မာ့ပညာတော်သင် ခေါ်ယူခြင်းရှင်းလင်းပွဲကို ကျင်းပ
2022-08-05 17:53|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) ၂၀၂၂ ခုနှစ် ဇွန်လ ၂၈ ရက် နံနက်ပိုင်းတွင် ကူမင်းသိပ္ပံနှင့်နည်းပညာ တက္ကသိုလ်၏အပြည်ပြည်ဆိုင်ရာ ပညာရေးစီမံကိန်းမြှင့်တင်ရန်၊ ကူမင်းသိပ္ပံနှင့်နည်းပညာ တက္ကသိုလ်နှင့် ကောဟယ် ပညာရေးကုမ္ပဏီအပေါ် မြန်မာနိုင်ငံ ကျောင်းသားကျောင်းသူများ၏ သိမြင်နားလည်မှု တိုးတက်လာရန် ယူနန်အပြည်ပြည်ဆိုင်ရာ စီးပွားကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးစင်သည် ကူမင်းသိပ္ပံနှင့်နည်းပညာ တက္ကသိုလ် နိုင်ငံတကာကောလိပ်၊ ကောဟယ် အပြည်ပြည်ဆိုင်ရာ စီးပွားရေး(ယူနန်) လီမိတက် ကုမ္ပဏီနှင့် ၎င်း၏ လက်အောက်ရှိ ကောဟယ် ပညာရေးကုမ္ပဏီတို့နှင့်အတူ မြန်မာနိုင်ငံမှ ပညာတော်သင်များအတွက် အွန်လိုင်း ကျောင်းသားသစ် ခေါ်ယူလက်ခံခြင်း ရှင်းလင်းတင်ပြပွဲကို ကျင်းပခဲ့ကြသည်။
ရှင်းလင်းတင်ပြပွဲတွင် နိုင်ငံတကာကောလိပ်မှ ပညာတော်သင်သစ် ခေါ်ယူခြင်းအလုပ်ကိုတာဝန်ထမ်းဆောင်သည့် ဒုတိယဌာနမှူးနှင့် ပညာတော်သင်သစ် ခေါ်ယူရုံးတာဝန်ခံတို့သည် ပရိုမိုးရှင်းဗီဒီယိုများ ထုတ်လွှင့်ခြင်နှင့် မိန့်ခွန်းပြောကြားခြင်းဖြင့် မကြာသေးမီနှစ်များအတွင်း ကူမင်းသိပ္ပံနှင့်နည်းပညာ တက္ကသိုလ်၏ ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အောင်မြင်မှုများကို ပါဝင်တက်ရောက်သော မြန်မာ့ကျောင်းသားများနှင့် မိဘများအား မိတ်ဆက်ပေး၍ အထူးသဖြင့် တရုတ်နိုင်ငံသို့ ပညာသင်ကြားခြင်း၏ ရလဒ်များ၊ ကျောင်းအသုံးအဆောင်ပစ္စည်းများ၊ ကျောင်းဝင်းဘဝ၊ နိုင်ငံတကာ ကျောင်းသားလှုပ်ရှားမှုများ၊ ပညာတော်သင်အတွက် ပေးကြသော ပညာသင်ဆုအမျိုးမျိုးနှင့် နိုင်ငံရပ်ခြားတွင် မိမိကိုယ်တိုင် ထောက်ပံ့ထားသော ပညာသင်ကြားရေး ပရိုဂရမ်များ၊ ဝင်ခွင့်မေဂျာများ၊ လျှောက်ထားမှု အခြေအနေများနှင့် နိုင်ငံတကာ ကျောင်းသားများအတွက် ဝင်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းပြခဲ့ကြသည်။
ဤရှင်းလင်းတင်ပြပွဲကို အွန်လိုင်းနည်းလမ်းဖြင့် ပြုလုပ်ခဲ့ပြီး လူဦးရေ အယောက်၂၀၀ ကျော် တက်ရောက်ကာ မတူညီသော ပလက်ဖောင်းများပေါ်တွင် ပြုလုပ်ခဲ့သည်။ ရှင်းလင်းတင်ပြပွဲကို ကောဟယ် ပညာရေးကုမ္ပဏီ၏ ဗီဒီယိုအကောင့်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး လူပေါင်း ၄၃၀၀၀ ကျော်အား ဖုံးလွှမ်ခဲ့ပါသည်။
အချိန်ကြာရှည်တွင် နိုင်ငံတကာကောလိပ်သည် တရုတ်နိုင်ငံသို့ ပညာသင်ရန် COVID-၁၉ ၏ဆိုးကျိုးများကို ကျော်လွှား၍ ကျောင်းနှင့် လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ မြှင့်တင်ရန်နှင့် နိုင်ငံတကာ ကျောင်းသားအရေအတွက် တည်ငြိမ်စေရန် ကတိပြုပါသည်။
ဤရှင်းလင်းတင်ပြပွဲကို ယူနန် အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ ကုန်သွယ်မှုနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးစင်တာ၊ ကူမင်းသိပ္ပံနှင့်နည်းပညာ တက္ကသိုလ်၊ ကောဟယ် အပြည်ပြည်ဆိုင်ရာ စီးပွားရေး(ယူနန်)လီမိတက်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ပြီးနောက် ပထမဆုံးအကြိမ် ဖြစ်၍ မြန်မာကျောင်းသားကျောင်းသူတို့အတွက် ကူမင်းသိပ္ပံနှင့်နည်းပညာ တက္ကသိုလ်အကြောင်း သိရှိနားလည်ရန်နှင့် တရုတ်နိုင်ငံသို့ ပညာတော်သင် ခေါ်ယူလက်ခံခြင်း မူဝါဒကောင်းမွန်သော ပလက်ဖောင်း တည်ဆောက်ကာ ၎င်းသည် မြန်မာနိုင်ငံတွင် ကျောင်း၏ကျော်ကြားမှုနှင့် သြဇာလွှမ်းမိုးမှုကို မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာ ကျောင်းသား စာရင်းသွင်းခြင်း ဈေးကွက်ကို ဖွင့်လှစ်ရာတွင် အထောက်အကူ ဖြစ်စေမည့် အခန်းကဏ္ဍမှ ပါဝင်မည် ဖြစ်သည်။
2022年6月28日上午,为推动昆明理工大学国际化教育项目,增进缅甸学生对昆明理工大学和国合教育缅甸公司的认知与了解,大力做好昆明理工大学今年在缅甸的留学生招生工作,云南国际经贸文化合作中心联合昆明理工大学国际学院、国合国际商务(云南)有限公司及其下设的国合教育缅甸公司举办面向缅甸籍留学生的专场线上招生宣讲会。
宣讲会上,国际学院分管留学生招生工作副院长、留学生招生办公室负责人通过宣传片播放和讲演的方式,向参会缅甸学生和家长介绍昆明理工大学近年来的建设发展成就,特别是对来华留学工作取得的成绩、学校设施、校园生活、留学生活动、面向留学生提供的各类奖学金及自费留学项目、招生专业、申请条件和录取流程等进行了详细解读,并积极回答了学生和家长提出的问题。
本次宣讲会通过线上方式进行,200余人在不同平台参会。宣讲会还通过国合教育缅甸公司的视频账号同步直播,直播宣传信息点覆盖43000余人。
长期以来,国际学院致力于克服新冠疫情给来华留学工作造成的不利影响,积极推进校企合作,稳定留学生规模。
本次专场招生宣讲会是云南国际经贸文化合作中心、昆明理工大学、国合国际商务(云南)有限公司三方合作以来首次联合举办的针对特定国家的境外招生宣传,为缅甸学生了解昆明理工大学及来华留学生招生政策搭建良好的平台,对提升学校在缅甸的知名度和影响力,开拓在缅甸的留学生招生市场将起到促进作用。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ