တာ့လီ-ရွှေလီ မီးရထားလမ်း၏ တာ့လီ-ဘောင်ဆန်းအပိုင်း လမ်းပေါက်တော့မည် ဖြစ်၍ ကူမင်းမှ ဘောင်ဆန်းသို့ အမြန်ဆုံး ၃.၅ နာရီ ရောက်နိုင်
2022-07-20 10:05|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တာ့လီ-ရွှေလီ မီးရထားလမ်း၏ တာ့လီ-ဘောင်ဆန်းအပိုင်းကို လူသယ်ပြီး စမ်းသပ်လည်ပတ်ခဲ့သည်။ သတင်းထောက်များသည် စမ်းသပ်ရသည့် မီးရထားအပေါ် တက်ပြီး ကူမင်း မီးရထားဘူတာရုံမှ ထွက်ခွာ၍ တာ့လီဘူတာရုံ၊ ရမ်ပီဘူတာရုံနှင့် ရုံဖြင်ဘူတာရုံတို့ကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် ဘောင်ဆန်းဘူတာရုံသို့ ရောက်ရှိခဲ့ကြသည်။
တာ့လီ-ရွှေလီ မီးရထားလမ်း၏ တာ့လီ-ဘောင်ဆန်းအပိုင်း စတင်လည်ပတ်ပြီးနောက် ကူမင်းမှ ဘောင်ဆန်းသို့ အမြန်ဆုံး ၃.၅ နာရီခန့်၊ တာ့လီမှ ဘောင်ဆန်းသို့ အမြန်ဆုံး ၁.၅ ရာရီခန့် ရောက်နိုင်၍ ခရီးသည်အတွက် ခရီးထွက်ရာတွင် ကားစီးချိန်ကို များစွာ လျှော့ချနိုင်မည်။
တာ့လီ-ရွှေလီ မီးရထားလမ်း၏ တာ့လီ-ဘောင်ဆန်းအပိုင်းကို သတ်မှတ်ချိန်အတိုင်း လမ်းပေါက်နိုင်ခြင်းသည် ယူနန်ပြည်နယ် အနောက်ပိုင်းနှင့် အနောက်တောင်ပိုင်းဒေသမှ သယ်ယူပို့ဆောင်ရေး ကွန်ရက်ကို ပိုမို တိုးတက်ပြည့်စုံစေလာမည် ဖြစ်ပြီး တည်နေရာ အားသာချက်များကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။ ဒေသအတွင်းမှ တံခါးဖွင့်စင်တာကို အရှိန်မြင့်မားစွာ ဆောက်လုပ်လာသည်နှင့်အမျှ ဤဒေသသည် အတွင်းပိုင်းဒေသများနှင့် နီးကပ်စွာ ချိတ်ဆက်နိုင်မည် ဖြစ်သည်။ ထို့ပြင် ကားလမ်းနှင့် မီးရထားလမ်း၊ ပင်လယ်ရေကြောင်းနှင့် မီးရထားလမ်း ပေါင်းစပ် သယ်ယူပို့ဆောင်သော နည်းလမ်းဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံစသည့် အခြား အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများအကြား သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအသစ်များကို ပိုမို ကောင်းမွန်စွာ ဖောက်ထွင်းစေ၍ ပြည်တွင်းနှင့် နိုင်ငံတကာ စီးပွားရေးလည်ပတ်မှုကို ချောမွေ့စေပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဒေသများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


















