ပါဝင်ပုံစံ အမျိုးမျိုးရှိ၍ ၂၀၂၂ ခုနှစ် နိုင်ငံတကာ ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲကို အရည်အသွေး မြင့်မားစွာ ကျင်းပနိုင်
2022-07-14 15:36|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာ ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲကို ဇူလိုင်လ ၂၂ ရက်မှ ၂၄ ရက်အထိ ယူနန်ပြည်နယ် ကူမင်းမြို့ တျန်ချီ နိုင်ငံတကာ အစည်းအဝေးနှင့်ပြပွဲစင်တာတွင် ကျင်းပမည် ဖြစ်သည်။ ယခု ဖွဲ့စည်းတည်ထောင်ရေး ကော်မတီ၏ ဦးဆောင်မှုအောက်တွင် ပြပွဲရေးရာ စီမံခန့်ခွဲရေးအလုပ်များကို အဆင်ပြေစွာ လုပ်ဆောင်နေကြသည်။
ယခုအချိန်အထိ ပြပွဲပါဝင်ရန် စာရင်းတင်သွင်းခဲ့သည့် လုပ်ငန်းကုမ္ပဏီမှာ အခု ၃၀၀ ကျော် ရှိနေပြီ ဖြစ်သည်။ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုအပ်ချက်များ ရှိသောကြောင့် အင်္ဂလန်၊ တောင်ကိုရီးယား၊ ထိုင်းစသည့် ပြည်ပနိုင်ငံများနှင့် ဒေသများ အခု ၇၀ ကျော်သည် အွန်လိုင်းနှင့် အော့ဖ်လိုင်းနည်းလမ်းများဖြင့် ပြပွဲပါဝင်မည် ဖြစ်သည်။ ပြည်တွင်း၌ ပြည်နယ်နှင့်မြို့မှ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာန ၃၁ ခုနှင့် တရုတ်နိုင်ငံ ခရီးသွားလုပ်ငန်း အုပ်စု၊ ဟွာချောင်စိမ်၊ စုတ်လျူအုပ်စုစသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီ အခု ၂၀၀ ကျော်သည် ပြပွဲပါဝင်ရန် ရည်ရွယ်ထားကြသည်။
ယခုနှစ် ခရီးသွားကုန်စည်ပြပွဲတွင် ပါဝင်ပြသမည့် လုပ်ငန်းအဖွဲ့များမှာ လုပ်ငန်းနယ်ပယ် ပို၍ ကျယ်ပြန့်လာပြီး ပါဝင်ပုံစံလည်း ပိုမို များပြားလာသည်။ Baidu၊ Ali၊ Tencent၊ China Telecom၊ China Unicom စသည့် ထူးချွန်သော သိပ္ပံနှင့် နည်းပညာဆိုင်ရာ ကုမ္ပဏီတို့သည် ပြပွဲပါဝင်ရန် ရည်ရွယ်ထားပြီး စမတ် ခရီးသွားလုပ်ငန်းဆိုင်ရာ နောက်ဆုံးပေါ် အသုံးပြုမှုနှင့် ရလဒ်များကို ပြည့်ဝစွာ ပြသမည်။ ရှေးဟောင်းနန်းတော် ပြတိုက်စသည့် နိုင်ငံတော်၊ ပြည်နယ်နှင့် မြို့အဆင့် ယဉ်ကျေးမှုဆိုင်ရာ ဌာနအဖွဲ့အစည်းများသည် ပြပွဲပါဝင်ရန် ရည်ရွယ်ထားကြပြီး ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း အချင်းချင်း ရောနှောပေါင်းစပ်သည့် ခွန်အားသစ်နှင့် အလားအလာသစ်ကို ပြသမည်။ ထို့အပြင် လေကြောင်းကုမ္ပဏီ၊ ပစ္စည်းကိရိယာ ထုတ်လုပ်မှုကုမ္ပဏီ၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ တီထွင်ဆန်းသစ်မှုကုမ္ပဏီစည့် အခြား သက်ဆိုင်ရာ ကုမ္ပဏီများ၏ ပါဝင်မှုသည် ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် သိပ္ပံနည်းပညာတို့၏ ပေါင်းစပ်မှုကို ထိရောက်စွာ တွန်းအားပေးပြီး ပြပွဲကို အရည်အသွေး မြင့်မားစွာ ကျင်းပနိုင်ရန် ကူညီပေးမည် ဖြစ်သည်။
ပြပွဲကျင်းပချိန်တွင် “စမတ် ခရီးသွားလုပ်ငန်းဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဓိကဖိုရမ်” နှင့် အခြားဆက်စပ်သော လှုပ်ရှားမှုများကို ကျင်းပကြမည်။ အော့ဖ်လိုင်းနှင့် အွန်လိုင်း၏ ရောနှောပေါင်းစပ်မှုဖြင့် သက်ဆိုင်ရာနယ်ပယ်နှင့် လူသားများအတွက် အရောင်းအဝယ်ပြုနိုင်သော၊ ဖလှယ်နိုင်သော စင်တာကို တည်ထောင်၍ ခရီးသွားလုပ်ငန်း၏ အဆန်းထွင်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်မည်။
ပေကျင်း ရှင်လျူ မီဒီယာကုမ္ပဏီသည် ပြပွဲကျင်းပချိန်အတွင်း ပါဝင်ပြသသော ကုန်သည်များနှင့် လာရောက်လည်ပတ်သော အများပြည်သူအတွက် ဝန်ဆောင်မှုများ ပေးမည် ဖြစ်ပြီး ပြခန်းများအကြားတွင် စုံစမ်းမေးမြန်းနိုင်သည့် နေရာကို အထူးစီစဉ်သွားမည် ဖြစ်၍ တစ်နေ့လုံးတွင် လူသားများအတွက် မေးခွန်းနှင့် အခက်အခဲများ ဖြေရှင်းပေးနိုင်မည်။ ထို့အပြင် ပြပွဲ၏ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကို အထူးအလေးထားပြီး "လူ၊ အရာဝတ္ထု၊ ပြတိုက်"စသည့် အဓိက ကွင်းဆက်များနှင့် ဧရိယာများကို ရည်ညွှန်း၍ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်သော ဆောင်ရွက်ချက်များကို စနစ်တကျ လုပ်ဆောင်ကာ လုံးခြုံမှုကို အာမခံသည်။
昆明信息港讯 2022中国国际旅游交易会将于7月22日-24日在云南昆明滇池国际会展中心举办。在组委会的领导下,目前整体展务工作进展顺利。
截止目前,本届旅交会报名参展的单位300多家。鉴于疫情防控要求,海外参展、参会国家和地区将以线上线下形式参与,预计70多个,包括英国、韩国、泰国等。国内有31个省区市文旅厅局意向参展,文旅机构和企业意向参展200多家,包括中国旅游集团、华侨城、首旅集团等。
本届旅交会参展机构涉及行业范围更广泛,参展业态更多元。百度、阿里、腾讯、中国电信、中国联通等优秀科技类企业意向参展,将充分展示智慧旅游最新应用和成果;故宫博物院等国家级文博单位和一批省市级文博单位意向参展,以展示文旅融合的新力量和新前景。此外,航空公司、设备制造、旅游文创及其它相关企业的加入,将有力推动文化、旅游、科技的融合,助力展会高品质呈现。
展会同期,将推出“智慧旅游创新发展主论坛”和其它配套活动。通过线下线上有机融合,搭建业界交易和交流的互动平台,引领旅游产业创新发展。
北京兴旅传媒公司将在展期内为展商和公众做好现场服务,展馆之间会设立咨询服务处,全天候为大家答疑解惑和提供便利。同时,高度重视本届旅交会的疫情防控工作,围绕“人、物、馆”等重点环节和区域,强化各项防控措施,确保防疫安全、规范有序。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ