ပထမအကြိမ် ဆင်ဆိုင်ရာ နိုင်ငံတကာ ဖြန့်ဖြူးရေးဖိုရမ်ကို သြဂုတ်လ ၈ ရက်နေ့ ယူနန်ပြည်နယ် ဟုံဟယ်ပြည်နယ်ခွဲ၌ ကျင်းပမည်
2022-08-07 14:22|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ပထမအကြိမ် ဆင်ဆိုင်ရာ နိုင်ငံတကာ ဖြန့်ဖြူးရေးဖိုရမ်ကို သြဂုတ်လ ၈ ရက်နေ့ ယူနန်ပြည်နယ် ဟုံဟယ် ဟာနီလူမျိုးနှင့် ယီလူမျိုးတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မီလယ်မြို့၌ ကျင်းပမည်။
ဤအကြိမ် ဖိုရမ်၏ ခေါင်းစဉ်သည် "ဇာတ်လမ်းကောင်း၊ သရုပ်ကောင်း၊ အသံကောင်း" ဖြစ်၍ ပါဝင်သည့် ပါရဂူများနှင့် ကိုယ်စားလှယ်များသည် ယူနန်ရှိ နိုင်ငံတကာ ဖြန့်ဖြူးရေး အခြင်းအရာများ ပေါ်ပေါက်လာခြင်းနှင့် ဖြန့်ဖြူးရေးနည်းလမ်း တည်ဆောက်ခြင်းကို အလင်းဆုံပေး၍ ဒေသခံ အပြည်ပြည်ဆိုင်ရာ သရုပ်သစ်၊ ညှို့နိုင်စွမ်းသစ်ကို မည်သို့ပြသရမည်နည်း၊ ယူနန့်ဇာတ်လမ်းများကို မည်သို့ ကောင်းမွန်စွာ ပြောပြရမည်နည်း၊ ယူနန့်အသံများကို မည်သို့ ကောင်းမွန်စွာ ဖြန့်ဖြူးရမည်နည်း တို့အား နက်ရှိုင်းစွာ စူးစမ်းလေ့လာခြင်းကြောင့် အစစ်အမှန်၊ လေးဖက်မြင်၊ ဘက်စုံသော တရုတ်န်ုင်ငံကို ပြသနိုင်မည်။
၂၀၂၁ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် မြောက်ဘက်သို့ သွားသည့် အာရှဆင်အုပ်စုသည် တောင်ဘက်သို့ ပြန်လာရာတွင် ယွန်ကျန်းတံတားကို အဆင်ပြေဖြတ်သန်းခဲ့ခြင်းမှာ ဆင်အုပ်စုသည် နားနေရာသို့ ပြန်လာသည့် အရေးကြီးသော အချိန် ဖြစ်လာခဲ့ပါသည်။ ပြည်ပမီဒီယာ အခု ၃ ထောင်ကျော်သည် ဤဆင်အုပ်စုကို သတင်းရေးသားဖော်ပြ ပြီးနောက် ခေတ်သစ်မှ ယူနန့်ဇာတ်လမ်းများသည် တစ်ကမ္ဘာလုံး အာရုံစူးစိုက်မှုကို ဆွဲဆောင်ခဲ့ပါတယ်။ ယူနန့်ဆင်ဆိုင်ရာ ဇာတ်လမ်းများကို တစ်ကမ္ဘာလုံး နိုင်ငံများနှင့် ဒေသများ အခု ၁၉၀ ၌ ဖြန့်ဖြူးခဲ့ပါသည်။
ဖိုရမ်ကျင်းပရာတွင် ယူနန့် တစ်နှစ်တာ နိုင်ငံတကာ ဖြန့်ဖြူးရေးဆိုင်ရာ လူသိများသော စကားလုံးများ ထုတ်ပြန်၍ ဆင်ဝက်ဘ်ဆိုက်တ် တရားဝင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပ၍ ဆင်သည် "ယူနန်သို့ သွားရောက်ခြင်း၊ ချစ်မေတ္တာအတွက် ခြေလှမ်းလှူခြင်း" ဟူသော အကြီးစား အင်တာနက် လူထုကောင်းစားရေး လှုပ်ရှားမှု ဖွင့်ပွဲနှင့် ယူနန်ပြည်နယ် တောင်အာရှ အရှေ့တောင်အာရှအတွင်း နိုင်ငံတကာ ဖြန့်ဖြူးရေးစင်တာ ဟုံဟယ်စင်တာခွဲသို့ ဆိုင်းဘုတ်ပေးပွဲတို့ကိုလည်း ကျင်းပမည်။
新华网昆明8月6日电(刘奕)首届大象国际传播论坛将于8月8日在云南省红河哈尼族彝族自治州弥勒市举办。
据主办方介绍,首届“大象论坛”以“好故事、好形象、好声音”为主题,与会专家代表将聚焦云南国际传播现象产生与传播渠道建设,深入研讨如何展示地方国际新形象、新魅力,讲好云南故事、传播好云南声音,从而展示真实、立体、全面的中国。
2021年8月8日,北上亚洲象群南归途中顺利通过元江大桥,成为象群回归栖息地的关键节点。海外超过3000家媒体对云南北上南归的大象给予报道关注,新时代的云南故事随之吸引了世界目光。云南大象国际传播范围覆盖全球190多个国家和地区。
据介绍,论坛期间将进行云南年度国际传播热词发布和举办“大象频道”上线仪式,还将举办“象往云南 为爱捐步”大型网络公益活动启动仪式、云南省南亚东南亚区域国际传播中心红河分中心授牌仪式。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မေဒေး အားလပ်ရက်အတွင်း ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် သွားလာမှု ပမာဏသည် အကြိမ်ရေ ၇.၅၉ သောင်းအထိ ရောက်ရှိခဲ့
- မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး စတင်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့