ယွန်ယန်ခရိုင်၌ နွေဦးပန်းများနှင့် လှေကားထစ်စိုက်ခင်းများ အပြန်အလှန် ရောင်ပြန်ဟပ်နေ

2026-04-07 09:57|ရောင်စုံတိမ်တံတား

2064823_2048x2048

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်မကြာသေးမီက ယွန်ယန်ခရိုင်ရှိ ဟာနီလှေကားထစ်စိုက်ခင်း၏ ဗဟိုဧရိယာ၌ မက်မွန်ပန်း၊ သစ်တော်ပန်း၊ ချယ်ရီပန်းနှင့် မုန်ညင်းပန်းများသည် တစ်ပွင့်ပြီးတစ်ပွင့် ပွင့်ဖူးနေကြပြီ။ လက်ရှိတွင် ဟာနီလှေကားထစ်စိုက်ခင်းများ၌ နွေဦးထွန်ရေးငင်ရန် ရေသိုလှောင်ရာသီချိန် ဖြစ်၍ ဝေဝေဆာဆာ ပွင့်ဖူးနေသော နွေဦးပန်းများသည် နှစ်ပေါင်းထောင်ချီသော လှေကားထစ်စိုက်ခင်းများကို ထွန်းလင်းတောက်ပစေပြီး ယွန်ယန်ခရိုင်ရှိ ကျေးလက်ခရီးသွားလုပ်ငန်းကို ရေပန်းစားစေသည်။ ခရီးသည်များသည် ဤရှုခင်းသာနေရာ၌ ပန်းများကို ရှုစားကြပြီး ဓာတ်ပုံရိုက်ကြ၍ နွေဦးရာသီ ဟင်းသီးဟင်းရွက်များကို မြည်းစမ်းရန် လယ်ယာအိမ်များသို့ ဝင်ရောက်ကြကာ ဟာနီလှေကားထစ်စိုက်ခင်းများ၏ နွေဦးထွန်ရေးငင်ခြင်း ယဉ်ကျေးမှုများကို တွေ့ကြုံခံစားကြ၍ နွေဦးရာသီ၏ အေးအေးညှင်းညှင်း လန်းလန်းဆန်းဆန်းရှိမှုနှင့် သက်ရှိစွမ်းအားကို ခံစားကြသည်။

2064823_2048x2048

近日,元阳县哈尼梯田核心区的桃花、梨花、樱花、油菜花次第绽放。时下正是哈尼梯田春耕蓄水期,绽放的春花点亮了千年梯田,也带热了元阳乡村文旅。游客们在景点赏花拍照,走进农家品尝春菜,体验哈尼梯田春耕文化,感受春日的清新与生机。(云南日报 记者黄翘楚 通讯员 张艳 李仙/摄)

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်