မြန်မာနိုင်ငံသို့ ဝင်ရောက်ပြီး သာယာလှပသော ရှုခင်းများကို ကြည့်ရှုနိုင်

2025-12-25 15:44|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့) မြန်မာနိုင်ငံတွင် စေတီတိုင်းသည် နှစ်ထောင်နှင့်ချီသော ဇာတ်လမ်းကို ပြောပြနေကြပြီး ရှုခင်းတိုင်းသည် စိတ်ထိခိုက်စေသည့် ကဗျာဆန်မှုကို ပါရှိကြသည်။ စိတ်ထဲမှ ဆိတ်ငြိမ်မှုကို ရှာဖွေချင်သည်ဖြစ်စေ၊ မသိသော အံ့ဖွယ်များကို စူးစမ်းလေ့လာချင်သည်ဖြစ်စေ၊ မြန်မာနိုင်ငံသည် အလှပဆုံးသော အဖြေကို ပေးနိုင်ပါသည်။

图片 2

ရွှေတိဂုံစေတီတော်

မြန်မာနိုင်ငံတွင် အမွန်မြတ်ဆုံးသော ဤစေတီတော်သည် တစ်ခုလုံးကို ရွှေဆိုင်းများဖြင့် ဖုံးအုပ်ထားပြီး နေရောင်ခြည်အောက်တွင် ပြိုးပြိုးပြက်ပြက်နှင့် ညီးညီးတောက်လျက်သည်။ ညအခါတွင် မီးရောင်ထောင်ပေါင်းများစွာသည် စေတီတော်ကို ထွန်းလင်းတောက်ပစေသောအခါ ၎င်း၏ စိတ်လှုပ်ရှားစေသည့် အလှသည် ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်ရကျိုးနပ်ပါသည်။

图片 3

图片 4

ဦးပိန်တံတား

ကမ္ဘာပေါ်တွင် အရှည်ဆုံးသော ဤကျွန်းသားတံတားသို့ အလှဆုံးသော နေဝင်ဆည်းဆာကို မြန်မြန် လာရောက် ရှုစားလိုက်ပါ။ နေဝင်ဆည်းဆာသည် တံတားတစ်ခုလုံးကို ရွှေရောင်တင်သောအခါ ဒေသခံများမှာ တံတားပေါ်တွင် စိတ်အေးသက်သာစွာ လမ်းလျှောက် နေကြသည့် ဤရိုမန်တစ်ဆန်မှုနှင့် ကဗျာဆန်မှုသည် သင့်ကို စွဲလမ်းစိတ်ပြင်းလှ၍ ပြန်ရန်ပင် မေ့ရစေ။

图片 5

ဗိုလ်ချုပ်အောင်ဆန်းဈေး

စစ်မှန်သော မြန်မာ့ဘဝကို တွေ့ကြုံခံစားချင်လျှင် အနှစ်ရာနှင့်ချီသော ဤဈေးသို့ မြန်မြန်သွားပါ။ သေသပ်သိမ်မွေ့သော လက်မှုအနုပညာပစ္စည်းများမှ ထူးခြားချက်ရှိသော အဝတ်အစားများအထိ၊ မွှေးရနံ့ သင်းပျံ့လျက်သော လမ်းဘေးသရေစာများမှ လတ်ဆတ်သော ဖျော်ရည်များအထိ၊ ဤဈေးသည် အရှေ့တောင်အာရှဈေးကွက်အပေါ် သင်၏ မျှော်လင့်ချက်အားလုံးကို ဖြည့်ဆည်းနိုင်လိမ့်မည်။

图片 6

မန္တလေးတောင်

ဤတောင်ထိပ်သို့ တက်ရောက်လျှင် မန္တလေးမြို့ တစ်မြို့လုံး၏ ခန့်ညားထည်ဝါပြီး တင့်တယ်လှပသော ရှုခင်းများကို ကြည့်ရှုနိုင်ပါသည်။ နေထွက်ချိန်တွင် လူးလှိမ့်လှုပ်ရှားနေသော တိမ်ပင်လယ်ဖြစ်စေ၊ နေဝင်ချိန်တွင် အိမ်တိုင်း ထွန်းညှိထားသော မီးများဖြစ်စေ၊ ဤနေရာသည် ဓာတ်ပုံဝါသနာရှင်များအတွက် ပရဒိသုတစ်ခု ဖြစ်သည်။

图片 7

မန္တလေးနန်းတော်

အချိန်နှင့် အာကာသကို ဖြတ်ကျော်လာပြီး မြန်မာ့ဘုရင့် အမျိုးအနွယ်၏ ရွှန်းတင့်တောက်ပြောင်မှုကို ခံစားလိုက်ပါ။ ကြီးကျယ်ခန့်ညားသော ဤနန်းတော်အဆောက်အအုံအုပ်စုသည် ၎င်းတို့၏ သေသပ်သိမ်မွေ့သော ကျွန်းသားထွင်းထုမှုနှင့် ရိုးရာဗိသုကာပုံစံတို့ဖြင့် မြန်မာနိုင်ငံ၏ ကြာရှည်သော သမိုင်းကြောင်းကို ပြောပြနေပါသည်။

图片 8

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး

လှုပ်လီလှုပ်လဲ့ ပြိုလုမတတ်ဖြစ်သည် ဟုထင်ရသော ဤအံ့ချီဖွယ်ရာသည် သင့်ရောက်ရှိလာခြင်းကို စောင့်မျှော်နေပါသည်။ ကျောက်ဆောင်စွန်းတွင် ချိတ်ထားသော ဤကြီးမားသော ရွှေရောင်ကျောက်တုံးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ပြီး ရိုသေစွာ ဆုတောင်းနေသော ယုံကြည်သူများ၏ လှုပ်ရှားနေသော မြင်ကွင်းကို ခံစားလိုက်ပါ။

图片 9

အင်းလေးကန် 

လှေကလေးစီးပြီး ဤစိတ်ကူးယဉ်အိပ်မက်လို ရေပေါ်ကမ္ဘာကို အားပါးတရ လျှောက်လည်လိုက်ပါ။ တံငါသည်များသည် ခြေထောက်တစ်ဖက်ဖြင့် လှေလှော်သည်ကို ကြည့်ရှုခြင်း၊ ရေပေါ် မျောနေသော ဈေးထဲတွင် လမ်းလျှောက်ခြင်း၊ တမူထူးခြားသော ရေပေါ်ဟိုတယ်၌ နေထိုင်ခြင်း၊ ဤကဲ့သို့သော အတွေ့အကြုံများသည် မတူထူးခြားသည်။

图片 10

图片 11

ပုဂံ

ထောင်ပေါင်းများစွာသော ဘုရားများကြားတွင် နေထွက်ချိန်ကို ကြိုဆိုပြီး လေပူဖောင်းစီးခြင်းဖြင့် ဤမှော်ဆန်သော မြေကို ငို့ကြည့်နိုင်ပါသည်။ မနက်ခင်းမြူများသည် ရှေးဟောင်းသော ဘုရားများကို ဖုံးလွှမ်းနေသည့်အခါ သင့်ကို လျှို့ဝှက်ဆန်းကြယ်သော ပုဂံမင်းဆက်သို့ ပြန်သွားရောက်ရှိ သကဲ့သို့ ခံစားစေရလိမ့်မည်။

图片 12

မြိတ်ကျွန်းစု

အရှေ့တောင်အာရှရှိ နောက်ဆုံး လျှို့ဝှက်ဆန်းကြယ်သော ဤနေရာသို့ ရောက်ရှိလျှင် သင့်ကို ၎င်း၏ ပင်ရင်းသော သဘာဝရှုခင်းများမှ စွဲမက်သွားပါလိမ့်မည်။ ကြည်လင်သော ပင်လယ်ရေထဲတွင် ရေငုပ်ပြီး သဲဖြူကမ်းခြေပေါ်တွင် ဖြည်းဖြည်းချင်း လမ်းလျှောက်ရင်း၊ ဤနေရာမှာ ကမ္ဘာပေါ်ရှိ ပရဒိသု ဖြစ်သည်။

在缅甸,每一座佛塔都诉说着千年的故事,每一处风景都蕴含着动人的诗意。无论你是想寻找内心的宁静,还是渴望探索未知的精彩,缅甸都能给你最美好的答案。

图片 2

仰光大金塔

这座缅甸最神圣的佛塔,全身贴满金箔,在阳光下熠熠生辉。当夜幕降临,万千灯火点亮金塔,那种震撼心灵的美丽,绝对值得你亲身体验。

图片 3

图片 4

乌本桥

快来这座世界最长的柚木桥,欣赏最美日落!当夕阳将整座桥染成金色,当地人在桥上悠然行走,这份浪漫与诗意,定会让你流连忘返。

图片 5

昂山市场

想要体验地道的缅甸生活?快来这个百年市场!从精美手工艺品到特色服饰,从香气四溢的街边小吃到新鲜果汁,这里能满足你对东南亚市场的所有想象。

图片 6

曼德勒山

登上山顶,整个曼德勒的壮丽景色尽收眼底。无论是日出时的云海翻涌,还是日落时的万家灯火,这里都是摄影爱好者的天堂。

图片 7

曼德勒皇宫

穿越时空,感受缅甸皇室的辉煌!这座宏伟的宫殿群,以其精美的柚木雕刻和传统建筑风格,向你讲述着缅甸悠久的历史故事。

图片 8

大金石

这个看似摇摇欲坠的奇迹,就等你的到来!亲眼见证这块悬挂在山崖边的巨大金石,感受信徒们虔诚祈福的动人场景。

图片 9

茵莱湖

乘着小船,畅游在这个梦幻的水上世界!看单脚划船的渔民展示绝技,逛漂浮在水上的集市,住独具特色的水上酒店,这样的体验独一无二!

图片 10

图片 11

蒲甘

在万千佛塔之间迎接日出,乘坐热气球俯瞰这片神奇的土地。当晨雾笼罩着古老的佛塔,你会感觉仿佛穿越到了神秘的蒲甘王朝。

图片 12

丹老群岛

来到这片东南亚最后的秘境,你会被原始的自然美景征服。在澄澈的海水中浮潜,在白沙海滩上漫步,这里就是人间天堂!

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်