မာကြံ့ချန်း- ယူနန့် ဟားနီလှေကားထစ်စိုက်ခင်း လယ်ထွန်ယဉ်ကျေးမှု၏ ကာကွယ်ထိန်းသိမ်းသူ
2025-12-15 16:46|
(ရောင်စုံတိမ်တံတား၊ နှင်းရီရီ) ဟားနီရိုးရာသီချင်းများသည် အမျိုးသားအမှတ်တရများကို သယ်ဆောင်ထား ရုံသာမက ဟားနီလူမျိုး၏ ထုတ်လုပ်မှုနှင့် နေထိုင်မှုဘဝထဲမှ မရှိမဖြစ်နိုင်သော စိတ်အားနှောင်ကြိုး တစ်ခုလည်း ဖြစ်သည်။
အသက် ၆၉ နှစ်အရွယ် မာကြံ့ချန်းသည် ယူနန်ပြည်နယ် ဟုန်ဟယ် ဟားနီလူမျိုးနှင့် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ယွမ်ရန်ခရိုင် စင်ကျဲမြို့နယ် အိုင်ချွင်းကျေးရွာကော်မတီ တာ့ယူထန်ကျေးရွာ၏ နေထိုင်သူဖြစ်ပြီး တရုတ်နိုင်ငံ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ ကိုယ်စားပြုသော စီမံကိန်းတစ်ခု ဖြစ်သည့် "ဟားနီဟားပါး"၏ အမွေဆက်ခံသူ တစ်ဦးလည်းဖြစ်သည်၊ သူ၏ သီချင်းများထဲတွင် ရာသီဥတု ပြောင်းလဲမှု၊ လယ်ထွန်ပညာများနှင့် ဟားနီလူမျိုး၏ ပုံပြင်များကို မှတ်တမ်းတင်ထားသည်။
လက်ရှိတွင် မာကြံ့ချန်းသည် တပည့် (၁၂) ဦး ပျိုးထောင်ခဲ့ပြီ ဖြစ်၍ သူတို့သည် မီးလှုံမီးတွင်းဘေး၊ လယ်ကွင်းထဲ သို့မဟုတ် ဇာတ်ခုံပေါ်တွင် ဟားနီရိုးရာသီချင်းများကို အမွေဆက်ခံ လျက်ရှိကြသည်။ ဟားနီရိုးရာသီချင်းများသည် မာကြံ့ချန်းနှင့် သူ့တပည့်တို့၏ (၅၃) နှစ် ဆက်တိုက် ကြံ့ခိုင်စွာကာကွယ်စောင့်ထိန်းခြင်းနှင့် လက်ဆင့်ကမ်းခြင်းအားဖြင့် ပြန်လည် ရှင်သန်လာနေပြီ ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့
- ရပ်ဝန်းနှင့် ပိုးလမ်းမ၊ ကူမင်းမြို့မှ စတင်ထွက်ခွာပြီး လာအိုသို့ ရထားဖြင့် အလည်သွားခြင်း
- ယူနန်ပြည်နယ်၏ ပန်းလုပ်ငန်းများကိုယ်စားလှယ်အဖွဲ့သည် အလယ်အာရှ ပရော်ဖက်ရှင်နယ်ပြပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့
- တရုတ်နိုင်ငံ ကျင်ဟုန်မြို့- လာအိုနိုင်ငံ ပန်ရှန်ကော် နိုင်ငံတကာ ခရီးသည်တင် ဘတ်စ်ကားလိုင်းကို တရားဝင် စတင်ပြေးဆွဲ
- André Haspels က နယ်သာလန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ပန်းကဲ့သို့ ဝေဆာပွင့်လန်းနေကြောင်း ပြောကြားခဲ့






