တျန်းချီရေကန်ရဲ့ အနောက်ဘက်ကမ်းမှာ ၈ ကီလိုမီတာ ရှည်တဲ့ ခြေလျင်လျှောက်လမ်းညွှန်ပေးပါ
2025-11-27 11:12|
User စိုးစိုး၏ မေးခွန်း။ ။ မင်္ဂလာပါ။ ကူမင်းမြို့ရှိ တျန်ချီရေကန်ရဲ့ အနောက်ဘက်ကမ်းမှာ ရေနှင့်နီးကပ်တဲ့ ခြေလျင်လျှောက်လမ်းကြောင်းတစ်ခု ရှိတယ်လို့ ကြားရပါတယ်။ လမ်းညွှန်ပေးလို့ ရပါသလား။
အယ်ဒီတာ၏ အဖြေ။ ။ မင်္ဂလာပါ။ အဲဒီလမ်းကြောင်းဟာ Sunac ယဉ်ကျေးမှုခရီးသွားမြို့တော်က စတင်ပြီး တျန်းချီရေကန်ကမ်းရိုးတန်း တစ်လျှောက် ကွေ့ကောက်သွားပြီး အိပ်ပျော်တဲ့ အလှမယ်နဲ့တူတဲ့ ရှီးစန်းတောင်ရဲ့ ပုံကြမ်းကို လှမ်းမျှော်ကြည့်နိုင် ရုံသာမက ရေကန်ဘေး ဂေဟဗေဒရဲ့ ပင်ရင်းညှို့နိုင်စွမ်းကိုလည်း နစ်မြုပ်စွာ ခံစားနိုင်ပါတယ်။
လမ်းပန်းဆက်သွယ်ရေး လမ်းညွှန်
ကိုယ်တိုင်ကားမောင်း ခရီးသွားခြင်း။ ။ "Sunac ယဉ်ကျေးမှုခရီးသွားမြို့တော်က ဂျူယူဖူ တောင်ဘက်လူနေရပ်ကွက်ရဲ့ အရှေ့တံခါး" ကို ကားမောင်းသွားနိုင်ပါတယ်၊ လူနေရပ်ကွက် အပြင်ဘက်မှာ အခမဲ့ ကားရပ်နားနေရာ ရှိတယ်၊ ဒါမှမဟုတ် Sunac ယဉ်ကျေးမှုခရီးသွားမြို့တော်ရဲ့ ကားရပ်နားနေရာမှာလဲ တိုက်ရိုက်ရပ်နားနိုင်ပါတယ် (အခယူရ)။
ဘတ်စ်ကား စီးခြင်း။ ။ ဘတ်စ်ကားလမ်းကြောင်း ၈၁ ဒါမှမဟုတ် ၁၀၀ ကို စီးပြီး "ရှန်းဟွားလမ်းမကြီး လမ်းဆုံ" မှတ်တိုင်ကို ရောက်ရှိပြီးတော့ ခြေလျင်လျှောက်လမ်းကြောင်းရဲ့ တာထွက်ရာနေရာကို လမ်းလျှောက်သွားနိုင်ပါတယ်။
ခရီးသွားဘတ်စ်ကား စီးခြင်း။ ။ နေ့စဉ် ၁၀:၀၀ နာရီက ၁၀:၃၀ နာရီအထိ တျန်းချီရေကာတာကနေ ထွက်ခွာပြီး ဟူပျင်း ဂေဟဗေဒ စိုစွတ်မြေဥယျာဉ်၊ ယူဥယျာဉ်နဲ့ တာ့ကွမ်းဥယျာဉ် စတဲ့ အဓိက မှတ်တိုင် ၇ ခုကို ဖြတ်သန်းသွားပြီး ဂန်ကုတ်ဝေ စိုစွတ်မြေဥယျာဉ်မှာ နောက်ဆုံးရပ်နားပါတယ်။ ခရီးစဉ်တစ်ခုလုံးမှာ လက်မှတ်တစ်စောင်သာ ဝယ်လို၊ အစောပိုင်းဈေးနှုန်းဟာ လူတစ်ဦး ၂၉.၉ ယွမ် ဖြစ်ပြီး ထိုနေ့အတွင်း ၄ ကြိမ် တက်ဆင်းနိုင်၊ အွန်လိုင်းမှာ ကြိုတင်ဝယ်ယူဖို့ အကြံပြုအပ်ပါတယ်။
ဘတ်စ်ကားဟာ ယူဥယျာဉ်၊ Sunac ယဉ်ကျေးမှုခရီးသွားမြို့တော်နှင့် ကောင်းကင်ကြေးမုံ ရှုခင်းသာနေရာ ၃ ခုမှာ ၉၀ မိနစ်၊ ၉၀ မိနစ်နဲ့ ၃၀ မိနစ် မဖြစ်မနေ ရပ်နားဖို့ အသီးသီး စီစဉ်ပေးခြင်းကြောင့် ခရီးစဉ်စီစဉ်တာက ကားထွက်အချိန်ဇယားနဲ့ ကိုက်ညီရမယ် ကျေးဇူးပြုပြီး သတိပြုပါ။
အဝင်ပေါက်ရောက်ရာလမ်းကို ဖြတ်သန်းပြီး တုံးဖုန်းဘ ၇ ပေါက် ဗော့တံတားကို ရောက်ရှိပြီးတော့ အင်တာနက်အသုံးပြုသူတွေက "Miyazaki Hayao ရဲ့ ကာတွန်း" လို့ ချီးကျူးဂုဏ်ပြုကြခံတဲ့ ဒီခြေလျင်လျှောက်လမ်းကြောင်းကို တရားဝင် ဝင်ရောက်မယ်။
၈ ကီလိုမီတာလောက် ရှည်လျားတဲ့ စက်ဝိုင်းပုံ ခြေလျင်လျှောက်လမ်းကြောင်းဟာ နူးညံ့သိမ်မွေ့တဲ့ ဆင်ခြေလျှောလမ်းကို အဓိကပါဝင်ပြီး စိုစွတ်မြေ၊ မြက်ခင်းပြင်နဲ့ ရိပ်သာလမ်း စတဲ့ ဂေဟဗေဒရှုခင်း အမျိုးမျိုးကို ဖြတ်သန်းပါတယ်။ နေသာတဲ့ နံနက်ခင်း ဒါမှမဟုတ် မွန်းလွဲအချိန်ကာလမှာ ခရီးသွားဖို့ အကြံပြုအပ်ပါတယ်၊ ဒီအချိန်မှာ အလင်းနဲ့ အရိပ်တို့ အချင်းချင်းရောယှက်ခြင်းကြောင့် တျန်းချီရေကန်ရဲ့ ရေမျက်နှာပြင်က မှန်နဲ့တူပြီး လေအလိုက် ယိမ်းနွဲ့လှုပ်ရှားနေတဲ့ ကျူပင်တွေနဲ့အတူ ဟာလာဟင်းလင်း ပျော့ပျောင်းဆန်းကျယ်တဲ့ ပန်းချီကားလိပ် တစ်ချပ်ကို ဖွဲ့စည်းဖြစ်လာတယ်။
网友梭梭提问:你好!听说昆明滇池西岸有一条临水徒步径,请问能不能推荐一下攻略?
小编解答:您好!这条路线以融创文旅城为起点,沿滇池畔蜿蜒伸展,既可远眺西山睡美人的轮廓,又能沉浸式感受湖滨生态的原始魅力。
交通指引
自驾:车辆可定位至“融创九云府南区东门”,社区外围设有免费停车区域,或直接停在融创的停车场(有收费)。
公交:可乘坐81路、100路到达“鲜花大道路口”站,步行即可衔接徒步起点。
巴士:线路每日乘车时间为10:00—10:30,自滇池大坝发车,途经湖滨生态湿地、庾园、大观楼等7大核心站点,终点停靠干沟尾湿地公园。巴士采用一票通乘制,早鸟票价29.9元/人,当日4次上下车权限,建议提前通过线上平台购票。需特别注意,车辆在庾园、融创文旅城、天空之镜三大景点分别设置90分钟、90分钟、30分钟强制停靠时段,行程规划需契合发车时刻表。
步行穿过入口通道,到达东风坝七孔浮桥后,就正式踏入这条被网友誉为“现实版宫崎骏动画”的徒步路线。
全程约8公里的环形步道以平缓坡道为主,途经湿地、草甸、林荫道等多种生态景观。建议选择晴朗清晨或午后时段出行,光影交织下的滇池水面会呈现出如镜面般的质感,与随风摇曳的芦苇丛共同构成空灵的画卷。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့
- တရုတ်-လာအို ရထားလမ်းသည် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသည် အကြိမ်ရေ ၆ သိန်းကျော်ကို ပို့ဆောင်ခဲ့


