တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွက် အကူအညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့သည် တစ်လကြာ တာဝန် ပြီးစီး၍ ကူမင်းသို့ ပြန်ရောက်
2025-05-23 16:30|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) မေလ ၁၈ ရက်နေ့ နေ့လယ်တွင် တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွက် အကူအညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့သည် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ဆောင်ရွက်ပြီးဆုံး၍ ကူမင်း ချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံ ပြင်းအား ၇.၉ အဆင့် ငလျင်ဖြစ်ပွားပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ စုစည်းစီမံဖြန့်ကြက်မှုအရ တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွက် အကူအညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့သည် ဧပြီလ ၁၉ ရက်နေ့တွင် စတင်ထွက်ခွာပြီး ငလျင်ဒဏ် ပြင်းထန်စွာ ခံစားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်ကာ ငလျင်အပြီး ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို တစ်လကြာ ဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံ၌ လုပ်ငန်းဆောင်ရွက်ရာတွင် ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့သည် နောက်ဆက်တွဲ ငလျင်များ မကြာခဏလှုပ်ခြင်း၊ အပူချိန် မြင့်မားခြင်း၊ ခြင်နှင့် ယင်ကောင်များ များပြားခြင်းနှင့် ဘာသာစကားမတတ်ခြင်း စသည့် အခက်အခဲများကို ကျော်နည်းအောင်မြင်ခဲ့ကြောင်း၊ ငလျင်ဒဏ်သင့်နေရာများသို့ ထဲထဲဝင်ဝင် သွားရောက်၍ ရေအရည်အသွေး စစ်ဆေးခြင်း၊ ကူးစက်ရောဂါဖြစ်ပွားစေသည့် ကြားခံသတ္တဝါအား စောင့်ကြည့်ထိန်းချုပ်ခြင်း၊ ပတ်ဝန်းကျင်ပိုးသတ်ခြင်း၊ ကာကွယ်ဆေးထိုးနှံရန် လမ်းညွှန်ခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းညှိခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ ငလျင်ဒဏ်သင့်ပြည်သူများအား အဓိက ပြန်လည်နေရာချထားသောစခန်း ၄ ခုတွင် အကဲဖြတ်စစ်ဆေးမှု ၅ ကြိမ်ကို ပြုလုပ်ခဲ့ပြီး မြန်မာဘက်၏ အများပြည်သူကျန်းမာရေးဆိုင်ရာ ပညာရှင် ၁၀၅ ဦးကို လေ့ကျင့်သင်ကြားပေးခဲ့ခြင်း၊ တရုတ်အစိုးရမှ ကူညီထောက်ပံ့သော ကာလဝမ်းရောဂါ ကာကွယ်ဆေး ၆၈ သောင်း ထိုးနှံခြင်းလုပ်ငန်းများအတွက် လမ်းညွှန်မှုပေးခဲ့ခြင်း၊ ကပ်ဘေးအပြီး ကျန်းမာရေးနှင့် ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းပညာလမ်းညွှန်စာတမ်း ၁၃ စောင်အား ကူညီရေးဆွဲပေးခဲ့ခြင်းဖြင့် မြန်မာနိုင်ငံအတွက် ရေရှည်ထိရောက်သည့် နည်းပညာထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွက် အကူအညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောကြားခဲ့သည်။
ဤအကြိမ် မြန်မာနိုင်ငံသို့ သွားရောက်အကူအညီပေးခြင်းသည် တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဦးစီးဌာန ထူထောင်ပြီးချိန်မှစ၍ ပြည်ပသို့ သွားရောက်လုပ်ဆောင်သော ပထမအကြိမ် ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှု လုပ်ငန်းတာဝန် ဖြစ်ကြောင်း၊ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့ဝင်များသည် မြင့်မားသော နိုင်ငံရေးအသိစိတ်နှင့် ပြောင်မြောက်သော ကျွမ်းကျင်မှုစွမ်းရည်များဖြင့် တရုတ်နိုင်ငံ၏ အတွေ့အကြုံများနှင့် နည်းပညာများကို မျှဝေခြင်း၊ ရောဂါကာကွယ်ရေးဆိုင်ရာ အထောက်အပံ့များပေးခြင်း မှတစ်ဆင့် ဘေးဒဏ်သင့်နေရာများတွင် ကူးစက်ရောဂါ ပြန့်ပွားမှု အန္တရာယ်ကို ထိရောက်စွာ လျှော့ချခဲ့ကာ တရုတ်နိုင်ငံ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့၏ ကျွမ်းကျင်မှု စွမ်းရည်နှင့် ပေးဆပ်လိုမှု စိတ်ဓာတ်တို့ကို ထင်ဟပ်စေပြီး တရုတ်နိုင်ငံ၏ လူသားမျိုးနွယ် ကျန်းမာရေးအသိုက်အဝန်း တည်ဆောက်ရေးတွင် နိုင်ငံကြီး၏ တာဝန်သိစိတ်ကို ပေါ်လွင်အောင် ပြသခဲ့ကြောင်း သိရသည်။
5月18日中午,中国政府援缅卫生防疫队圆满完成任务,从昆明长水国际机场入境回国。
缅甸7.9级地震发生后,按照党中央统一部署,中国政府援缅卫生防疫队于4月19日出发,赴重灾区曼德勒省开展为期1个月的灾后卫生防疫工作。
中国政府援缅卫生防疫队负责人表示,在缅工作期间,防疫队克服了余震频发、高温酷暑、蚊蝇肆虐、语言不通等诸多困难,深入地震灾区开展水质检测、病媒生物监测、环境消杀、疫苗接种指导、健康教育和心理调节等工作,对4个灾民重点安置点开展5轮评估调查,培训缅方公共卫生专业人员105人,指导开展中国援助的68万剂霍乱疫苗免疫接种工作,帮助制定13份灾后卫生防疫技术文件,为缅方提供了长效技术支撑。
据了解,此次援缅是国家疾控局成立以来开展的首次卫生援外任务,防疫队队员以高度的政治自觉和精湛的专业技能,通过分享中国经验和技术、提供相关防病支持,有效降低了灾区传染病疫情暴发流行风险,展现了中国疾控队伍的专业能力和奉献精神,彰显了我国构建人类卫生健康共同体的大国担当。(新华社)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မေဒေး အားလပ်ရက်အတွင်း ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် သွားလာမှု ပမာဏသည် အကြိမ်ရေ ၇.၅၉ သောင်းအထိ ရောက်ရှိခဲ့
- မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး စတင်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့