ဆောင်းရာသီမှာ လေးပါးရာသီပန်းပွင့်လျက်ရှိတဲ့ ကူမင်းမြို့ကို တရုတ်ဆီးပန်းတွေ လာရောက်ကြည့်ရှုပါ
2023-12-07 14:43|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကောင်းကင်ပြာနဲ့ တိမ်ဖြူတွေရှိပြီး နေသာတဲ့အချိန်မှာ ပန်းမြို့တော်လို့ ခေါ်တဲ့ ကူမင်းမြို့ကို ပန်းတွေရှုစားဖို့ အဘယ်ကြောင့် မလာတာလဲ။
ဆောင်းရာသီထဲမှာ ဝင်နေပေမယ့်၊ ဒီအချိန်က ကူမင်းမြို့မှာ ဝေဝေဆာဆာ ပွင့်ဖူးနေတဲ့ ပန်းပွင့်တွေ ရှိသေးပါတယ်။
ဒီက တရုတ်ဆီးပန်း ဖြစ်ပါတယ်။ ဝါဝင်းဝင်းဖြစ်တဲ့ ပန်းပွင့်တွေက မွှေးရနံ့ သင်းပျံ့နေပါတယ်။
ဆောင်းရာသီက ကူမင်းမြို့မှာ ရွှန်းတင့်တောက်ပတဲ့ နေရောင်ခြည်တွေက နေရာအနှံ့ ထိုးပေးနေပြီး ဒီအချိန်က ဟင်းလုံထန်ဥယျာဉ်မှာ မွှေးရနံ့ သင်းပျံ့နေပါပြီ။
ဟင်းလုံထန်ဥယျာဉ်ရှိ တရုတ်ဆီးပန်းဥယျာဉ်ထဲကို ဝင်လိုက်တာနဲ့ မွှေးရနံ့ပေါ့ကို နမ်းရှုနိုင်ပါတယ်၊ မွှေးရနံ့တွေနဲ့အတူ ရှေ့ကိုသွားရင် သစ်ပင်တစ်ပင်လုံးပေါ်က စတင်ဖွင့်ဖူးနေတဲ့ တရုတ်ဆီးပန်းတွေကို ကြည့်မြင်နိုင်ပြီး ဒါက အရမ်းလှပပါတယ်။
ဆီးနှင်းပွင့်ကျတဲ့ ရာသီချိန်သွားပြီးတော့ တရုတ်ဆီးပန်းတွေက စတင်ပွင့်ဖူးချိန်ထဲကိုလဲ ဝင်ရောက်ခဲ့ပါပြီ။
အဝါရောင် တရုတ်ဆီးပန်းတွေရဲ့ ပန်းပွင့်တွေက ပန်းချီဆွဲပျဉ်ချပ်ပေါ်မှာ ဆေးဆိုးပြန့်လွင့်တဲ့ ရေဆေးတွေနဲ့ တူပြီး အကိုင်းအခက်တွေအပေါ် နွေဦးရာသီရဲ့ ပုံစံတွေကို ဖြစ်ပေါ်လာစေဖို့ အလှဆင်ထားပါတယ်။
တရုတ်ဆီးပန်းဥယျာဉ်ရဲ့ အဓိကလမ်းအတိုင်း ရှေ့ကို သွားရင် လမ်းနှစ်ဘက်က ပန်းအိုးစိုက်တရုတ်ဆီးပန်းတွေဟာ တိတ်တိတ်ဆိတ်ဆိတ် ပွင့်နေပြီး အမွှေးအကြိုင်အမျှင်ကို ပေးပို့ပြီး ခရီးသည် အများအပြားကို ရပ်တန့်ရှုစားဖို့ ဆွဲဆောင်ထားပါတယ်။
အခုအချိန်မှာ ဟင်းလုံထန်ဥယျာဉ်ရဲ့ ထူးခြားချက်ဟာ တရုတ်ဆီးပန်းတွေ ဖြစ်ပါတယ်၊ နှစ်တိုင်း နိုဝင်ဘာလ ဒုတိယဆယ်ရက်ပိုင်းကနေ ဒီဇင်ဘာလကုန်အထိ တရုတ်ဆီးပန်းတွေကို ရှုစားဖို့ အကောင်းဆုံး အချိန်ကာလ ဖြစ်ပါတယ်၊ အခု ဒီဥယျာဉ်မှာ မြေပေါ်စိုက်တဲ့ တရုတ်ဆီးပန်း အပင် ၃၀၀ ကျော်နဲ့ ပန်းအိုးစိုက်တဲ့ တရုတ်ဆီးပန်း အပင် ၁၀၀ ကျော် ရှိပါတယ်။
ဆောင်းရာသီမှာ ကူမင်းမြို့ကို ပန်းတွေ လာရောက်ကြည့်ရှုကြပါ။
蓝天白云、阳光明媚,怎么不到鲜花之城昆明来赏花呢?
虽然已经入冬,但此时的昆明依然有花朵开得正艳。
它是腊梅,黄灿灿花瓣透着幽香。
冬日的昆明艳阳高照,此时的黑龙潭早已是暗香浮动。
在黑龙潭的梅园,一踏入就能闻到淡淡的香味,顺着香味,就可以看到满树的腊梅已经初开笑颜,甚是美丽。
小雪节气过后,腊梅也迎来了初开期。
黄色的腊梅花朵犹如在画板上晕开的水彩,在树枝上点缀出了春天的模样。
沿着梅园主路往前,道路两旁的盆栽梅花静静盛放,送来一缕梅香,吸引了不少游客驻足欣赏。
目前,黑龙潭公园的亮点是腊梅花,每年的11月中旬至12月底,是观赏腊梅花的最佳时机,公园现有地栽腊梅300多株,腊梅桩景100多盆。
冬日到昆明来赏花!(图片来源于彩龙社区)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့
- ရပ်ဝန်းနှင့် ပိုးလမ်းမ၊ ကူမင်းမြို့မှ စတင်ထွက်ခွာပြီး လာအိုသို့ ရထားဖြင့် အလည်သွားခြင်း




















