လိကျန်း-ရှန်ဂရီလာ ရထားလမ်း စတင်ဖွင့်လှစ်လည်ပတ်ခဲ့

2023-11-29 17:31|ရောင်စုံတိမ်တံတား

1529023

(ရောင်စုံတိမ်တံတား ခင်ခင်နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လိကျန်း-ရှန်ဂရီလာ ရထားလမ်း စတင်ဖွင့်လှစ်လည်ပတ်ခဲ့ပြီ ဖြစ်၍ တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၌ ရထားလမ်းမရှိသည့် သမိုင်းကို ပြီးဆုံးစေသည်။ ကူမင်းဘူတာရုံ၊ တာ့လီဘူတာရုံ၊ လိကျန်းဘူတာရုံမှ ရှန်ဂရီလာဘူတာရုံသို့ အမြန်ဆုံးအားဖြင့် ၄ နာရီခွဲ၊ ၃ နာရီ ၅၈ မိနစ်၊ ၁ နာရီ ၁၈ မိနစ် အသီးသီး ရောက်ရှိနိုင်သည်။

1529026

လိကျန်း-ရှန်ဂရီလာ ရထားလမ်းသည် စုစုပေါင်း ၁၃၉.၇ ကီလိုမီတာ ရှည်လျားပြီး တစ်နာရီလျှင် အမြန်နှုန်း ၁၄၀ ကီလိုမီတာဖြင့် ဒီဇိုင်းရေးဆွဲထား၍ လိကျန်းရှေးဟောင်းမြို့၊ ယွိလုံဆီးနှင်းတောင်၊ ဟားပါးဆီးနှင်းတောင်နှင့် ရှန်ဂရီလာစသည့် နာမည်ကျော်ရှုခင်းသာရပ်ကွက်များကို ချိတ်ဆက်ထားပြီး လမ်းတစ်လျှောက်တွင် ချင်းဟိုင်-တိဗက်ကုန်းပြင်မြင့်အပေါ်ရှိ ဟိန်တွမ့်တောင်တန်းဒေသ၏ အတွင်းပိုင်းဒေသကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံ တိဗက်လူမျိုး၊ နာဆီလူမျိုး၊ ယီလူမျိုးနှင့် ပိုင်လူမျိုးစသည့် ဒါဇင်နှင့်ချီသော တိုင်းရင်းသားလူမျိုးများ စုစည်းရာနေရာကို ဖြတ်သန်းသည် ဖြစ်ကာ ခရီးသည်များမှာ ရထားစီးချိန်တွင် ကောင်းကင်ပြာ၊ မြက်ခင်းပြင်၊ ဆီးနှင်းတောင်နှင့် သစ်တောများ စသည့် လှပရှုခင်းများ၏ ပြောင်းလဲမှုများကို ခံစားနိုင်သောကြောင့် "လှပသော ယူနန်ကောင်းကင်လမ်း" အဖြစ် ချီးကျူးခံလျက် ဖြစ်သည်။

1529027

တရုတ်နိုင်ငံ "တာလတ်နှင့်ရေရှည် ရထားလမ်းကွန်ရက် စီမံကိန်း" ထဲမှ ယူနန်-တိဗက် ရထားလမ်း၏ အရေးကြီးသော အစိတ်အပိုင်းအနေဖြင့် လိကျန်း-ရှန်ဂရီလာ ရထားလမ်း စတင်ဖွင့်လှစ်ခြင်းမှာ တိုင်းရင်းသားဒေသများ၏ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုဆိုင်ရာ အာမခံပေးနိုင်စွမ်းကို အားမာန်ပြည့်ဖြိုးစွာ မြှင့်တင်နိုင်သည့်အပြင် အမျိုးသားစည်းလုံးညီညွတ်မှုကို မြှင့်တင်ရန်၊ နယ်စပ်ဒေသတည်ငြိမ်မှုကို တည်တံ့ခိုင်မြဲစေရန်၊ ယူနန်ပြည်နယ်၏ စီးပွားရေးနှင့် လူမှုရေးကို အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရေးပါသော အဓိပ္ပာယ် ရှိသည်။

1529079

1529114

1529023

昆明信息港讯 11月26日,丽江至香格里拉铁路开通运营,迪庆藏族自治州从此结束不通铁路的历史。昆明站、大理站、丽江站至香格里拉站,最快分别4小时30分、3小时58分、1小时18分可达。

1529026

丽江至香格里拉铁路全长139.7公里,设计时速140公里,串联起丽江古城、玉龙雪山、哈巴雪山、香格里拉等著名景区,沿途穿越青藏高原横断山区腹地,途经我国藏族、纳西族、彝族、白族等数十个民族聚集地,旅客一路上将体验到蓝天、草甸、雪山、森林等景色变幻,被誉为“美丽云岭天路”。

1529027

作为我国《中长期铁路网规划》中滇藏铁路的重要组成部分,丽香铁路开通将有力提升民族地区运输服务保障能力,对促进民族团结、巩固边疆稳定、推动云南经济社会高质量发展具有十分重要的意义。

1529079

1529114

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်