ဖူတာချော့ဥယျာဉ် ရှုခင်းသာနေရာသို့ ဝင်ရောက်လျှင် "စိတ်ထဲမှ နေနှင့်လ"သည် အသေးစိတ်သရုပ်ရှိ
2023-11-27 16:02|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) နံနက်ခင်းတွင် ပါးလွှာသောဆီးနှင်းခဲများ အရည်ပျော်မသွားသေးဘဲ နွေးထွေးသော နေရောင်ခြည်သည် မြက်ခင်းပြင်ပေါ်တွင် ဖျန်းနေ၍ "သစ်တောပင်လယ်နှင့် ဆီးနှင်းပြင်" ဟူသော အံ့သြဖွယ်မြင်ကွင်းကို ပေါ်လွင်လာသည်။ မိုးသားတိမ်လိပ်ကင်းစင်ကာ ကြည်လင်တောက်ပသော မိုးကောင်းကင်အောက်တွင် ရှူဒူးဟိုရေကန်သည် ကြည်လင်ဆိတ်ငြိမ်၍ ရေကန်ပေါ်ရှိ မြူနှင်းများမှာ တဖြည်းဖြည်း ပြန့်လွင့်သွားခြင်း နှင့်အမျှ ရေကန်ဘေးမှ ဖြူနီကြောင်ကျားသော သစ်ပင်အရိပ်များကို ရောင်ပြန်ဟပ်စေသည်။ အပူချိန် မြင့်လာသည် နှင့်အမျှ အောင်းများသည် အေးအေးဆေးဆေး ခြေလှမ်းနှင့် ဖရိုဖရဲ အစာရှာကြ၍ တောထဲမှ သစ်ပင်များအောက်တွင် Gentiana scabra Bunge ပန်းများသည် အစက်ကလေးများ ပွင့်ဖူးကြ၍ ဝေးရာသို့လှမ်းပြီး ကြည့်လျှင် တောင်များ အုပ်အုပ်ဆိုင်းဆိုင်း ဝေဝေစည်စည်ရှိခြင်း အောက်တွင် ဟားဘားဆီးနှင်းတောင်နှင့် ထျန်းပေါင်ဆီးနှင်းတောင်တို့၏ မွန်မြတ်သန့်စင်သော ကိုယ်နေဟန်ထားကို ပေါ်လွင်လာသည်။
ဆောင်းဦးကုန်ဆုံးတော့မည့် အချိန်ကာလတွင် ယူနန်ပြည်နယ် ရှန်ဂရီလာ ဖူတာချော့ဥယျာဉ်ရှုခင်းသာနေရာသို့ ဝင်ရောက်လျှင် ကဗျာရသမူလကျေးရွာသို့ ဝင်ရောက်သကဲ့သို့ ထိုအချိန်မှစ၍ "စိတ်ထဲမှ နေနှင့်လ"သည် အသေးစိတ်သရုပ်ကို ရှိသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့
- ရပ်ဝန်းနှင့် ပိုးလမ်းမ၊ ကူမင်းမြို့မှ စတင်ထွက်ခွာပြီး လာအိုသို့ ရထားဖြင့် အလည်သွားခြင်း






















