ယူနန်ပြည်နယ် ဝေရှီးခရိုင်၌ ခရီးသွားလုပ်ငန်းများသည် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းသစ်ကို ချဲ့ထွင်
2023-11-21 16:21|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဆောင်းရာသီအစပိုင်းတွင် ဝေရှီးခရိုင် ထာချမ်မြို့နယ် ချီပြေရွာသို့ ဝင်ရောက်လျှင် ရှေးဟောင်းဆန်ပြီး ရိုးရိုးသန့်သန့်ရှိသည့် လူနေအိမ်များသည် ကြီးလည်းကြီး မြင့်လည်းမြည့်သော သစ်ချပင်များနှင့် သစ်ကြားပင်များအောက်တွင် ပုန်းခိုနေကြ၍ ရွှေဝါရောင်ဖြစ်သော သစ်ရွက်များသည် လေနှင့်အတူ လွင့်ပျံကျလာသည်ကို တွေ့မြင်နိုင်သည်၊ ကြွေကျသော သစ်ရွက်များနှင့် အပြည့်အဝ ဖုံးလွှမ်းထားသည့် ကျေးလက်လမ်းငယ်များတွင် လမ်းလျှောက်လျှင် တတွိတွိမြည်သော အသံများနှင့်အတူ ကြွေကျလာသော သစ်ကြားသီး သုံးလေးငါးလုံးကို ဂရုမမူ ကန်နိုင်လျက်ရှိသည်။ ဆောင်းရာသီထဲသို့ ဝင်ရောက်သော်လည်း ဤနေရာသို့ ရောက်လျှင် "ခြေလှမ်းတိုင်း ရှုခင်းရှိခြင်း၊ နေရာတိုင်း ပန်းချီကဲ့သို့ လှပခြင်း" ဖြစ်သော၊ လူများကို စိတ်ကြည်နူးမိစေပြီး ကြည်နူးဆွတ်မောစေသော လှပရှုခင်းများအားလည်း ကြည့်ရှုနိုင်လျက်ရှိသည်။
အခုနှစ်များတွင် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ဝေရှီးခရိုင် ထာချမ်မြို့နယ်သည် တမူထူးခြားသော တောတောင်ရေမြေနှင့် ယဉ်ကျေးမှု အရင်းအမြစ်များကို မှီခိုအားထား၍ ကျေးလက် ခရီးသွားလုပ်ငန်းများကို အားသွန်ခွန်စိုက် ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီး တောင်းဆိုချက်များနှင့် ကိုက်ညီသည့် ရွာသူရွာသားများအား ကျေးလက်တည်းခိုဆိုင်များ ဖွင့်ရန် အားပေးတိုက်တွန်းခဲ့သည်။ ချီပြေရွာသည် သာယာလှပသော သဘာဝရှုခင်းများနှင့် အမျိုးမျိုးအဖုံဖုံရှိသော လူမျိုးယဉ်ကျေးမှုများ စသည့် အရင်းအမြစ်များကို အပြည့်အဝ အသုံးပြုပြီး "ရွာကို ရှုခင်းသာနေရာဖြစ်စေခြင်း၊ လယ်ယာကို ဥယျာဉ်ခြံမြေဖြစ်စေခြင်း၊ ကျေးလက်လူနေအိမ်ကို ကျေးလက်တည်းခိုဆိုင်ဖြစ်စေခြင်း၊ ရွာသူရွာသားကို တင်ဆက်ပြသသူဖြစ်စေခြင်း" ဟူသော ဖွံ့ဖြိုးတိုးတက်ရေး အတွေးရေစီးကြောင်းအတိုင်း ကျေးလက်တည်းခိုဆိုင်များကို အခြေအနေအရ ရေလာမြောင်းပေးလုပ်စွာ တည်ဆောက်ခဲ့၍ တမူထူးခြားသော သဘာဝရှုခင်းများနှင့် လူမျိုးယဉ်ကျေးမှုများကို အဆန်းထွင် ရောနှောပေါင်းစပ်ခဲ့ပြီး ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများကို အားသွန်ခွန်စိုက် ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။ ရွာ၏ မူလပုံစံကို ထိန်းသိမ်းထားသည့် အခါတွင် ရွာသူရွာသားများအတွက် ပိုများသော အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဝင်ငွေအရင်းအမြစ်များလည်း ပေးခဲ့သည်။ ဤဖွံ့ဖြိုးတိုးတက်မှုပုံစံသည် ဒေသခံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေ ရုံသာမက ရွာသူရွာသားများ၏ နေထိုင်မှုဘဝအရည်အသွေးကိုလည်း မြှင့်တင်ခဲ့သည်။
初冬时节,走进维西县塔城镇启别村,古朴的民居掩映在高大的栗子树和核桃树下,金黄的树叶随风飘落,走在铺满落叶的乡村小道上,总能在咯吱咯吱的不经意间踢到几个掉落的核桃。即使入冬,来到这里也能看到“步步是景、处处是画”,令人赏心悦目、心旷神怡的美景。
云南迪庆州维西县塔城镇启别村。记者劳学丽/摄
近年来,迪庆州维西县塔城镇依托独具特色的山水、文化资源,大力发展乡村旅游,鼓励有条件的村民开办民宿。启别村充分利用优美的自然风光、多元的民族文化等资源,按照“村庄变景点、田园变公园、民房变民宿、村民变演员”的发展思路,因势利导建设民宿,将独特的自然景观与民族文化创新融合,大力发展文旅产业。在保护村庄原有风貌的同时,也为村民提供了更多的就业机会和收入来源。这种发展模式不仅带动了当地经济的发展,也提高了村民的生活质量。(昆明信息港 记者劳学丽 刘欣琳)
启别村随处可见风格各异的民宿、餐馆。记者劳学丽/摄
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ