"တရုတ်စာပေ ပေါင်းကူးတံတား" ပြိုင်ပွဲဝင်များသည် ကူမင်းမှ လမ်းများပေါ်တွင် လမ်းလျှောက်ရင်း "ကူမင်းဟောင်း"၏ မီးရှူးမီးပန်းများကို ခံစားခဲ့ကြ

2023-11-02 15:41|ရောင်စုံတိမ်တံတား

00305804872_e02d3821

(ရောင်စုံတိမ်တံတား ခင်ခင်အောက်တိုဘာလ ၂၈ ရက်နေ့တွင် ၁၆ ကြိမ်မြောက် "တရုတ်စာပေ ပေါင်းကူးတံတား" ကမ္ဘာ့တက္ကသိုလ်နှင့် အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများ တရုတ်စာ စွမ်းရည်ပြပြိုင်ပွဲမှ ပြိုင်ပွဲဝင်များသည် ကူမင်းမြို့မှ ကွမ်းတုရှေးဟောင်းမြို့နယ်နှင့် ကူမင်းလမ်းဟောင်းသို့ ရောက်ရှိလည်ပတ်ခဲ့ကြ၍ လမ်းများပေါ်တွင် လမ်းလျှောက်ရင်း ကွမ်းတုဘားဘား (မုန့်တစ်မျိုး) မြည်းစမ်းကြည့်ခဲ့ကြပြီး ယူနန်အော်ပရာဇာတ်ကို ရှုစားခဲ့ကြကာ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ နာမည်ကြီမြို့အနေဖြင့် ကူမင်းမြို့မှ ကိုယ်စားပြုနိုင်စွမ်း အရှိဆုံးသော လမ်းဟောင်းများ၏ အသွင်အပြင်များကို တွေ့ကြုံခံစားခဲ့ကြသည်။

ကွမ်းတုရှေးဟောင်းမြို့နယ်တွင် ပြိုင်ပွဲဝင်များသည် ယူနန်ဝိုင်းပိတ်ကျားစေ့၏ အရည်ကျိုပြီး ပစ်ခတ်ပြုလုပ်ခြင်း လုပ်ငန်းစဉ်နှင့် ဂျုံမှုန့်ညက်ပန်းပုပညာ၊ yunnan inner—painting၊ ယူနန်အော်ပရာဇာတ် စသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ၏ လက်တွေ့ပြသမှုများကို ကြည့်ရှုခဲ့ကြသည်။

00305804873_79bfea07

ကူမင်းလမ်းဟောင်းပေါ်တွင် ပြိုင်ပွဲဝင်များသည် ကြည့်ရှုလည်ပတ်ခြင်းနှင့် အစားအစာစားခြင်းခရီးစဉ်ကို စတင်ခဲ့ကြသည်။ လူအချို့သည် ကော်ဖီဆိုင်တွင် ထိုင်ပြီး နေပူစာလှုံရင်း စကားစမြည်ပြောခဲ့ကြသည်၊ အချို့သည် လမ်းဟောင်း၏ တစ်ထောင့်ထောင့်တွင် ဓာတ်ပုံရိုက်ခဲ့ကြသည်၊ အချို့သည် သရေစာတစ်ပွဲ ဝယ်ပြီး သူငယ်ချင်းများနှင့် မျှစားခဲ့ကြသည်၊ အချို့သည် ကွင်းပြင်အကဖွဲ့ထဲတွင် ပါဝင်ပြီး အက ခြေလှမ်းဖြင့် ကူမင်းမြို့၏ သက်ဝင်အားနှင့် အပူချိန်ကို ခံစားခဲ့ကြသည်။

လက်ဝတ်လက်စား လမ်းဘေးဆိုင်တစ်ဆိုင်ဘေးနားတွင် အိန္ဒိယပြိုင်ပွဲဝင် ရှောင်ကျင့်သည် သူမ၏ တရုတ်အမည်ပါသော ပုလဲကုံးများကို ရွေးချယ်နေခဲ့သည်၊ သူမ၏အမည် ပါထားသော ဤလက်ပတ်ဟန်းချိန်းသည် သူမ ကူမင်းမြို့တွင် ရှိသည့် အမှတ်တရများကို တကယ့်ပစ္စည်းသို့ ပြောင်းလဲစေပြီး ကိုယ်နှင့်မခွာ ဆောင်ထားစေနိုင်သည်။

00305804874_db3e0254

00305804872_e02d3821

穿梭在昆明的街巷中,尝一块官渡粑粑,听一曲滇剧花灯……10月28日,第十六届“汉语桥”世界中学生中文比赛的参赛选手们走进了官渡古镇和昆明老街,体验昆明历史文化名城极具代表性的老街区风貌。

在官渡古镇内,选手们参观了云南围棋子的熔炼烧制过程,以及面塑、滇派内画、滇剧花灯等非物质文化遗产的现场展示。

00305804873_79bfea07

在昆明老街,选手们则开启了“沉浸式”逛吃之旅——有人坐在咖啡馆里晒太阳聊天;有人在老街一隅拍照打卡;有人买上一盒小吃和朋友相互分享;还有的人则加入广场舞团队,用舞步感受昆明的活力与温度。

在一个首饰摊边,印度选手小静正在挑选带有自己名字的串珠,这串带有她中文名字的手链,把她在昆明的记忆化为实体,随身携带。(云南网 记者朱海)

00305804874_db3e0254

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်