ယူနန်ပြည်နယ် မီလယ်မြို့ ဇူယွမ်မြို့နယ်၌ တရုတ်မို ၁ သောင်း ရှိသောကြာပန်းများ ပွင့်ဖူးနေ၍ ခရီးသည်များကို စွဲလန်းစေ
2022-06-27 15:25|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) နွေရာသီကတည်းက ယူနန်ပြည်နယ် မီလယ်မြို့ ဇူယွမ်မြို့နယ်၌ စိုက်ပျိုးထားသော ကြာပန်းများသည် မိုးရွာပြီးနောက် ယှဉ်ပြိုင်ပွင့်ဖူးနေကြ၍ တရုတ်မို ၁.၃ သောင်း ကျယ်ပြန့်သော ကြာပန်းကန်ထဲတွင် ပန်းရနံ့ တသင်းသင်း ပျံ့နှံ့ထားကာ ခရီးသည် အများအပြားသည် ကြာပန်းအား ကြည့်ရှုရန်၊ ဓာတ်ပုံရိုက်ရန် ဤနေရာသို့ လာရောက်ကြပြီး ပျော်ရွှင်ဖွယ် ကောင်းလှပေသည်။
အဝေးကို ကြည့်လိုက်ပါက တမျှော်တခေါ် ကြည့်မဆုံး ရှုမဆုံးသော ကြာပန်းများကို တွေ့မြင်နိုင်ပါသည်။ ကြာပန်းများ ပြည့်ဝစွာ ရှိကြသော ရေကန်ထဲတွင် အစိမ်းရောင်ဖြစ်သော ကြာဖက်များသည် အရောင်ဖျော့သော ပွင့်ငုံများကို အလှဆင်ထားပြီး ပွင့်ငုံအချို့မှာ ပွင့်ဖူးနေ၊ အချို့မှာ ငုံ့ငုံ့စို့စို့ ရှိကြသည်၊ ထို့ပြင် အစိမ်းရောင် ဖြစ်သော ကြာဖက်များ အထပ်ထပ် အဆင့်ဆင့် ဖြစ်၍ လှပသော သဘာဝရှုခင်း ပန်းချီကားတစ်ချပ် အတူတူဖွဲ့စည်းထားသည်။ လေပြေတိုက်ချိန်တွင် ကြာပန်းရနံ့ တသင်းသင်း ပျံ့နှံ့ထား၍ လာရောက်ကြည့်ရှုသော ခရီးသည်များကို ကြည်နူးဆွတ်မောစေပြီး ပြန်ရန်ပင် သတိမရစေသည်။ ခရီးသည်အချို့သည် အစုလိုက်ပြီး ပန်းပင်လယ်တွင် အေးအေးဆေးဆေး လမ်းလျှောက်၊ အချို့သည် ရပ်နားပြီး ကြာပန်း၏ရနံ့ကို ခံစား၊ အချို့သည် ကိုယ့်ကိုယ်ကို ဓာတ်ပုံရိုက်ရန် အလုပ်ရှုနေကြသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့