ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
2022-06-08 17:26|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) တရုတ် (ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်းနှင့် ယူနန် လျှပ်စစ်သံကွန်ချာ အောက်ရှိ ကူမင်းဓာတ်အားပေးဌာနတို့ အတူတူ ထူထောင်ကြသည့် ယူနန်ပြည်နယ်၌ ပထမဆုံး ဖြစ်သည့် အစိုးရရေးရာ နှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမသည် အကျိုးဆောင်ကွင်းဆက်ကို စဉ်ဆက်မပြတ် တိုးချဲ့လျက်ရှိ၍ ဝန်ဆောင်မှု လိုအပ်သော လုပ်ငန်းကုမ္ပဏီများနှင့် ပြည်သူလူထုများကို အဆင်ပြေအောင် ကြိုးစားနေပါသည်။ မေလကုန် အထိ လူပေါင်း ၁.၄ သန်းကျော်သည် အင်တာနက်မှတစ်ဆင့် လျှပ်စစ်လုပ်ငန်းကို လုပ်ဆောင်ခဲ့ကြပါသည်။
အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမသည် လျှပ်စစ်ဓာတ်အား ကိန်းဂဏန်း အချက်အလက်နှင့် အစိုးရရေးရာ အချက်အလက်များအကြား ချိတ်ဆက်စေလာ၍ လျှပ်စစ်လုပ်ငန်း၊ စုဆောင်းထားရှိသော ငွေပင်ငွေရင်းနှင့် လူမှုရေးအာမခံစသည့် အမျိုးအစား ၁၃ မျိုးထဲမှ အစိုးရရေးရာ ဝန်ဆောင်မှု ၁၃၈ ရပ်၊ စုစုပေါင်း အွန်လိုင်းဝန်ဆောင်မှု ၁၅၂ ရပ်ကို ပေးနိုင်ကြပါသည်။ ဓာတ်အားပေးလုပ်ငန်းနှင့် အစိုးရရေးရာ ကိစ္စရပ်များကို တစ်ခါတည်းပြီးအောင် လုပ်ဆောင်နိုင်ရန် အကောင်အထည်ဖော်၍ လုပ်ငန်းကုမ္ပဏီများနှင့် ပြည်သူလူထုများ၏ ဒေသဖြတ်ကျော်ခြင်း၊ ဝန်ဆောင်မှုခန်းမနှင့် ကွာဝေးခြင်း၊ လှည့်ပတ်ပြေးခြင်း စသည့် ပြဿနာများကို ဖြေရှင်းပေးပါသည်။
ယခုရက်ပိုင်းတွင် အင်တာနက် ကလိုင်ဝန်ဆောင်မှု ပလက်ဖောင်တွင် "နန်ဝမ်ဇိုင်ရှင်"APP၊ ၉၅၅၉၈ Wechatဝန်ဆောင်မှု၊ Alipayဘဝအကောင့်၊ အွန်လိုင်းကောင်တာ၊ "ဖုန်းတစ်လုံးဖြင့် အထွေထွေဝန်ဆောင်မှုပေး"APPစသည့် နည်းလမ်း ၅ မျိုးကို ချဲ့ထွင်ပြီး "အင်တာနက်နှင့် ဓာတ်အားပေးဝန်ဆောင်မှု ပေါင်း"ဟူသော စနစ်ကို ကျယ်ပြန့်စွာ ကျင့်သုံး၍ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းကို အွန်လိုင်းမှ ဆောင်ရွက်ခြင်း၊ လျှပ်စစ်စာရင်းရှင်းတမ်းကို အချိန်မှီ စစ်ဆေခြင်း၊ လျှပ်စစ်စရိတ် ဘောက်ချာကို အွန်လိုင်းမှ ထုတ်ယူခြင်း၊ ဓာတ်အားပြတ်တောက်သော သတင်း အလိုအလျောက် ပေးပို့ခြင်းတို့ကို အကောင်အထည်ဖော်ပါသည်။ "နန်ဝမ်ဇိုင်ရှင်" စမတ်ကောင်တာတွင် အစိုးရရေးရာ အချက်အလက် အတူခံစားနိုင်သော အစွမ်းသတ္တိကို တိုးဖြည့်ခြင်းဖြင့် လုပ်ငန်းလိုင်စင်၊ ကိုယ်ပိုင်ထောက်ခံစာ၊ မပြောင်းရွှေ့နိုင်သော ဥစ္စာပစ္စည်း မှတ်ပုံတင်ခြင်းစသည့် အချက်အလက်များကို အွန်လိုင်းတွင် ရယူ သို့မဟုတ် စိစစ်နိုင်ကာ နေထိုင်သူများအတွက် မျက်နှာဖြတ်ပြီး ဓာတ်သုံးနိုင်ခြင်း၊ လုပ်ငန်းကုမ္ပဏီများအတွက် လက်မှတ်တစ်ခုသာ လိုအပ်ပြီး ဓာတ်သုံးနိုင်ခြင်းကို အကောင်အထည်ဖော်ပါသည်။
昆明信息港综合整理 中国(云南)自由贸易试验区昆明片区携手云南电网昆明供电局打造的全省首个政务电力智慧服务厅不断延长服务链,力争让办事企业、群众“一次都不跑”。截至5月底,已有超140万人通过互联网渠道办理用电业务。
政务电力智慧服务厅打破了电力数据与政务信息之间的壁垒,可提供办电业务与公安户政、公积金、社保等13大类138项政务服务,共计152项线上事项自助服务。实现供电业务与政务服务“一口受理”“一键通办”“一次办好”,切实解决了企业、群众跨区域、远距离、多头跑的问题。
目前,互联网客户服务平台已拓展了“南网在线”App、95598微信服务、支付宝生活号、网上营业厅、一部手机办事通5个渠道,全面推行“互联网+供电服务”,实现用电业务网上办、电费账单及时查、电费发票网上领、停电通知自动推。通过“南网在线”智慧营业厅上线政务数据共享功能,可在线获取和验证营业执照、身份证明、不动产登记等用电报装信息,实现居民“刷脸办电”、企业“一证办电”。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့