တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့

2022-06-23 15:36|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ ခင်ခင်) ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ဆိုင်းဘုတ်တပ်ချိန်ကတည်းက တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန်သည် နိုင်ငံတော်အတွက် စနစ်စမ်းသပ်ခြင်း၊ ဒေသကို ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ပြည်သူများကို သာယာချမ်းမြေ့ စေခြင်းအပေါ် အလင်းဆုံပေးပြီး ယူနန်ပြည်နယ်၏ နယ်စပ်ဒေသရှိ ထူးခြားချက်များနှင့် နယ်စပ်ဖြတ်ကျော် အားသာချက်များကို ပေါ်လွင်လာစေ၍ အသစ်ထွင်မှုဆိုင်ရာ ခွန်အားဗလကို အဆက်မပြတ် နှိုးဆော်ကာ ယူနန်ပြည်နယ်မှ စနစ် အသစ်ထွင်ဒေသကို ဖန်တီးရန် ကြိုးပမ်းအားထုတ်လျက်ရှိသည်။

ဤနှစ် ဧပြီလအထိ ယူနန်ပြည်နယ် လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်၌ ပြုပြင်ပြောင်းလဲရေး ရှေ့ပြေးစမ်းသပ်မှု တာဝန် ၁၅၉ ရပ်များကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့သည်၊ ကုမ္ပဏီအသစ် ၅၁၇၈၇ ခုကို တည်ထောင်ခဲ့ပြီး တစ်ပြည်နယ်လုံးမှ ၁၂.၉၄ ရာခိုင်နှုန်း ရှိသည်၊ ပြည်ပကုန်သွယ်ရေးဘက်တွင် ကုန်စည်သွင်းယူခြင်းနှင့် တင်ပို့ရောင်းချခြင်းတို့၏ ငွေကြေးပမာဏ စုစုပေါင်း ယွမ် ၂၃၁၆၉၅ သန်း(နယ်စပ် ဒေသခံများအကြား အရောင်းအဝယ် ပြုလုပ်သောငွေ ပါဝင်) ဖြစ်ပြီး အလားတူကာလတွင် တစ်ပြည်နယ်လုံး၏ ၃၀.၈၉ ရာခိုင်နှုန်း ရှိသည်၊ နိုင်ငံခြား အရင်းအနှီး ဒေါ်လာ ၅၇၅ သန်း အမှန်တကယ် သုံးစွဲခဲ့ပြီး အလားတူကာလတွင် တစ်ပြည်နယ်လုံး၌ နိုင်ငံခြား အရင်းအနှီး သုံးစွဲမှု၏ ၃၀.၄၁ ရာခိုင်နှုန်း ရှိသည်။

၎င်းအနက် တောင်အာရှ အရှေ့တောင်အာရှကို မျက်နှာပြုသည့် နယ်စပ်ဖြတ် လျှပ်စစ်ဓာတ်အား ကုန်သွယ်မှု ပလက်ဖောင်းသည် နိုင်ငံတော်ကောင်စီ လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန်၏ ဝန်ကြီးအဆင့် ပူးတွဲ အစည်းအဝေးစနစ်ဖြင့် အတိုချုံး ပြန်တမ်းပြန့်ပွားမှု ရရှိသည်။ ထို့ပြင် ယူနန်ပြည်နယ်သည် စက်မှုလုပ်ငန်းများ စုစည်းတိုးတက်ရန် အရှိန်မြှင့် ဆောင်ရွက်လျက်ရှိ၍ လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်၏ ကုန်သည်များ ဖိတ်ခေါ်ခြင်းနှင့် ရင်းနှီးငွေ သွင်းယူခြင်းစာအုပ်နှင့် အရေးကြီးသော လုပ်ငန်းရပ်များ စာအုပ်ကို ရေးဆွဲကာ Huawei ကူမင်း ဒစ်ဂျစ်ဒယ်စင်တာ၊ ကျင်တျေ ဆော့ဖ်ဝယ်၊ Baidu နှင့် Netcomစသည့် အရေးကြီးသော လုပ်ငန်းရပ်များ သွင်းယူကြသည်။ ကူမင်း၊ ဟုံဟယ်နှင့် တယ်ဟုံ ဧရိယာ ၃ ခုတွင် နယ်စပ်ဖြတ်ကျော် E-commerce အထွေထွေ စမ်းသပ်ဇုန်ကို တည်ထောင်ခဲ့ကြသည်။ လိုဆီဝမ် နိုင်ငံတကာ ကုန်သွယ်ရောင်းဝယ်ရေး စင်တာအသစ်နှင့် ရွှေလီ နိုင်ငံတကာ ကုန်စည် ရောင်းဝယ်ရေး ဈေးတန်းတို့သည် နိုင်ငံတော်ဈေးကွက် အရောင်းအဝယ်ပြု နည်းလမ်း၏ ရှေ့ပြေးစမ်းသပ်မှုကို ခွင့်ပြုချက် ရရှိကြသည်။

昆明信息港综合整理 从2019年8月中国(云南)自由贸易试验区挂牌以来,聚焦国家试制度、地方谋发展、为群众谋福祉,突出云南的沿边特色跨境优势,不断激发创新活力,全力打造云南制度创新的高地。

截至今年4月份,云南自贸试验区的159项改革试点任务完成了94.3%,新设立企业51787户,占全省的12.94%,完成了外贸进出口总计是2316.95亿元,含边民互市的数据,占全省同期外贸进出口的30.89%,实际使用外资5.75亿美元,占同期全省使用外资的30.41%。

其中,面向南亚、东南亚跨境电力交易平台,由国务院自贸试验区部级联席会议制度简报推广,同时全省产业加快聚集发展,编制了自贸试验区的招商引资手册和重点项目手册,引进了华为昆明数字中心、晶蝶软件、百度、网讯等重大项目,昆明、红河、德宏三个片区都设立了跨境电商综试区,新螺蛳湾国际商贸城、瑞丽国际商品交易市场都获批了国家市场采购贸易方式试点。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်