မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစင်တာသည် ယူနန်ပြည်နယ်ထွက်တောမှိုများကို တောတောင်မှ ထမင်းစားစားပွဲအပေါ်သို့ ရောက်ရှိရန် ကူညီပေး
2022-06-14 16:44|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) နွေရာသီအစောပိုင်းကာလ၏ ညအခါတွင် ကူမင်းမြို့ရှိ ယူနန်ပြည်နယ် မူဆွေဟွာ တောမှို ရောင်းဝယ်ရေးစင်တာ၌ လူစုနှင့် ကားများ ကြက်ပျံမကျ စည်ကားလှ၍ ဤတရုတ်နိုင်ငံ အကြီးဆုံးသော တောမှိုရောင်းဝယ်ရေး ဈေးတန်းမှာ တမူထူးခြားသော စည်ကားမှုကို ပြသထားသည်။ နှစ်စဉ် ဇွန်လကုန်တွင် တောမှိုများကို ဆွတ်ခူးပြီး အရောင်းကောင်းသည့် အချိန်ကာလ ဖြစ်၍ နေ့စဉ်နေ့တိုင်း တောတောင်ထဲမှ ပေါ်ပေါက်လာကြသော လတ်ဆတ်တောမှို အများအပြားသည် ဈေးတန်းတွင် ဝင်ရောက်ပြီးနောက် ကုန်သည်များမှတစ်ဆင့် တစ်နိုင်ငံလုံးမှ နေရာအသီးသီးသို့ တင်ပို့ရောင်းချကြသည်။
ဤရောင်းဝယ်ရေးစင်တာသည် နှစ်စဉ် ကုန်သွယ်မှု ပမာဏမှာ ငါးနှစ်ဆက်တိုက် ယွမ် ၇ ဘီလီယံကျော် ရှိ၍ တစ်ပြည်နယ်လုံး၊ တစ်နိုင်ငံလုံးနှင့် ကမ္ဘာပေါ်တွင် ရောင်းဝယ်ရေး အတိုင်းအတာနှင့် လွှမ်းမိုးမှု အကြီးဆုံးသော စားသုံးနိုင်သည့် တောမှို နိုင်ငံတကာ ရောင်းဝယ်ရေး စင်တာဖြစ်သည်။ "တစ်ကမ္ဘာလုံးမှ ဝယ်ခြင်း"နှင့် "တစ်ကမ္ဘာလုံးသို့ ရောင်းခြင်း"ဖြင့် မူဆွေဟွာ ဈေးတန်းသည် ကမ္ဘာလုံးဆိုင်ရာ တောမှို ရောင်းအားဝယ်အား အချက်အလက်နှင့် ဈေးနှုန်းဘက်တွင် အငြင်းပွားမှု မရှိသော လွှမ်းမိုးမှုနှင့် ပြောဆိုခွင့် ရှိကြသည်။ ရောင်းဝယ်ရေးစင်တာ၏ လွှမ်းမိုးမှုကြီးပြီး လူသိများသောကြောင့် ဇိချွမ်း၊ ကွေ့ကျူးနှင့် တိဗက်စသည့် ပြည်နယ်၊ မြို့၊ ရပ်ကွက် အခု ၂၀ ကျော် ထွက်သည့် စားသုံးနိုင်သော တောမှိုများကို ဤနေရာတွင် လာရောက်ရောင်းချရန် ဆွဲဆောင်ရုံသာမက ပါကစ္စတန်နိုင်ငံမှ Morchellaများ၊ မြောက်ကိုရီးယားမှ Tricholoma matsutakeများ၊ မြန်မာနိုင်ငံမှ Collybia albuminosaများနှင့် ဗီယက်နမ်မှ တာ့ဟုံမှိုစသည့် တောမှို အမျိုးမျိုးကိုလည်း မူဆွေဟွာ ဈေးတန်းတွင် စုဆောင်းပြီး ဥရောပ၊ အမေရိကတိုက်၊ ဂျပန်နှင့် တောင်ကိုရီးယားစသည့် နိုင်ငံနှင့် ဒေသ ပေါင်း ၄၀ ကျော်သို့ တင်ပို့ရောင်းချကြောင်း ယူနန်ပြည်နယ် မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစင်တာ၏ အထွေထွေမန်နေဂျာ ဆိမ်အိုက်လစ် မိတ်ဆက်ပေးခဲ့သည်။
ယူနန်ပြည်နယ် တောမှိုကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ပဏာမ စာရင်းဇယားများအရ နှစ်စဉ် တောမှို အရောင်းကောင်းသည့် အချိန်ကာလတွင် တစ်ပြည်နယ်လုံးရှိ တောမှိုလုပ်ငန်းသည် လူပေါင်း ၂၃ သောင်းကို အလုပ် တိုက်ရိုက်ရရှိစေ၍ စားသောက်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း၊ အချောကိုင် စက်မှုလုပ်ငန်းနှင့် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းစသည့် လုင်ငန်းများတွင် လူပေါင်း ၃ သန်းခန့်ကို အလုပ် သွယ်ရိုက်ရရှိစေကြသည်။ ဥပမာအားဖြင့် ကူမင်းမြို့ ရွှင်တင့် ဟွေလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင် ဆာမြု့နယ် တာ့ဖိုးထုတ် ကျေးရွာကော်မတီ ချောင်ဟိုင်ဇိ၌ နှစ်စဉ် တောမှိုများ ဆွတ်ခူးသော ရာသီချိန်တွင် တစ်ရွာလုံးရှိ အိမ်ထောင်စု ၂၈ စုသည် ယွမ် သိန်းနှင့်ချီသော ဝင်ငွေ ရရှိနိုင်ကြ၍ ဒေသခံများအတွက် ဝင်ငွေတိုးပြီး ချမ်းသာနိုင်သည့် အဓိကနည်းလမ်းတစ်ခု ဖြစ်လာသည်။
昆明信息港综合整理 初夏的夜晚,位于昆明的云南木水花野生菌交易中心里熙熙攘攘的人群和车辆,显示出这片全国最大的野生菌交易市场独有的繁华。每年的6月底,野生菌将迎来采摘售卖旺季,每天都有大量来自山林的新鲜野生菌拉进市场,又通过商户售卖出去,运往全国各地。
“交易中心连续5年年交易额都达70亿元以上,是全省、全国乃至全世界交易规模及影响力最大的野生食用菌国际交易中心。”云南木水花野生菌交易中心总经理成爱丽介绍,通过“全球买”“全球卖”,在全球野生菌供需信息与价格形成等方面,木水花市场拥有无可争议的影响力与话语权。交易中心的影响力和知名度,不仅吸引了四川、贵州、西藏等20多个省市区的野生食用菌前来这里交易,还吸引了巴基斯坦的羊肚菌、朝鲜的松茸、缅甸的鸡枞、越南的大红菌等汇聚这里,再通过木水花市场交易后销往欧美、日本、韩国等40多个国家和地区。
据云南省野生菌保护发展协会初步统计,每年野生菌上市旺季,全省野生菌产业直接带动23万人就业;间接就业人员,包括餐饮、旅游、康养、加工、物流快递等约300万人。以昆明市寻甸回族彝族自治县甸沙乡大坡头村委会草海子村为例,每年采拾野生菌的季节,全村28户人家每户有几十万元收入,成为当地百姓增收致富的一大途径。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့