တရုတ် (ကူမင်း) ပညာမူပိုင်ခွင့် ကာကွယ်ထိန်းသိမ်းရေးစင်တာသည် နိုင်ငံတော်၏ စစ်ဆေးလက်ခံခြင်းကို အတည်ပြုခဲ့

2022-04-21 13:01|ရောင်စုံတိမ်တံတား

1

(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) ဧပြီလ ၁၄ ရက်နေ့တွင် နိုင်ငံတော် ပညာမူပိုင်ခွင့်ဦးစီဌာန၏ ကျွမ်းကျင်သူ အဖွဲ့သည် တရုတ် (ကူမင်း) ပညာမူပိုင်ခွင့် ကာကွယ်ထိန်းသိမ်းရေး စင်တာအတွက် အွန်လိုင်းတွင် စစ်ဆေး လက်ခံခြင်းအလုပ်ကို လုပ်ဆောင်ပြီးနောက် ဤစင်တာကို အတည်ပြုကြောင်း ကျွမ်းကျင်သူအဖွဲ့ တစ်ညီတစ်ညွတ်တည်း သဘောတူညီခဲ့ကြပါသည်။

2

ကူမင်းကာကွယ်ထိန်းသိမ်းရေးစင်တာသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ပထမဆုံ ဆောက်လုပ်ခွင့် အတည်းပြုကာ ပထမဆုံး နိုင်ငံတော်၏ လက်ခံမှု ရရှိခဲ့သော မြို့အဆင့် ကာကွယ်ထိန်းသိမ်းရေးစင်တာ ဖြစ်ပါသည်။

3

ပထမဆု နှစ်ခု ရရှိခြင်းသည် ကူမင်းမြို့ ပညာမူပိုင်ခွင့် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် အဆင့်သစ် တစ်ခုသို့ ရောက်ရှိ၍ ခရီစဉ်အသစ်တစ်ခု စတင်သော လက္ခဏာတစ်ရပ် ဖြစ်ပါသည်။ ယူနန်ပြည်နယ် အလယ်ပိုင်းတွင် အခြေစိုက်ပြီး ပြည်နယ်တစ်ခုလုံးကို ဗဟိုချက်မှ ဖြာထွက်၍ အရှေ့တောင်အာရှထံသို့ မျက်နှာပြုကာ ပညာမူပိုင်ခွင့် ကာကွယ်ထိန်းသိမ်းရေး၊ ဝန်ဆောင်မှု၊ ဖလှယ်ရေး၊ လေ့ကျင့်ရေးနှင့် ယဉ်ကျေးမှု ပြန့်ပွားစေခြင်းစသည့် စွမ်းဆောင်နိုင်မှု ပိုင်ဆိုင်သော ဘက်စုံစင်တာတစ်ခု ဖြစ်ပေါ်လာပါသည်။ ပညာမူပိုင်ခွင့်၏ ဖန်တီးခြင်း၊ အသုံးပြုခြင်း၊ ကာကွယ်ပေးခြင်းနှင့် စီမံခန့်ခွဲခြင်း "one-stop" စနစ်တကျ ဝန်ဆောင်မှုများ ပေးခြင်းဖြင့် ကူမင်း လွတ်လပ်သော ကုန်သွယ်ရေးဇုန်၏ ပညာမူပိုင်ခွင့် ဝန်ဆောင်မှု အချက်အချာအသစ်ကို တည်ဆောက်မည်ဖြစ်၍ ဇီဝပတ်ဝန်းကျင်ကို အသစ်ထွင်ပြီး ကောင်းမွန်စေကာ စက်မှုလုပ်ငန်းများ၏ အရည်အသွေးမြင့်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသအတွင်း နိုင်ငံတကာ ဗဟိုမြို့ကြီးများ တည်ဆောက်မှုအတွက် ကူညီပေးပါသည်။

1

4月14日,国家知识产权局专家组对中国(昆明)知识产权保护中心(以下简称“昆明保护中心”)进行远程线上验收,专家组一致同意昆明保护中心通过验收。

2

昆明保护中心成为西南地区第一家批复建设、第一家国家通过验收的地(市)级保护中心。

3

荣膺两个第一是昆明市知识产权保护工作迈上新台阶、开启新征程的标志。一个立足滇中、辐射全省、面向南亚东南亚,集知识产权保护、服务、交流、培训及文化传播的综合型中心如业界新秀般崛起,将通过提供知识产权创造、运用、保护、管理“一站式”全链条服务,打造昆明自贸区知识产权服务新枢纽,优化创新生态环境,助力产业高质量发展和区域性国际中心城市建设。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်