လှေကားထစ်လယ်ကွက်နှင့် ပုံတူသော အဖြူရောင်ရေစင်သည် ကောင်းကင်မှ လာသကဲ့သို့ အလွန်လှပ

2022-05-31 17:28|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဆီးနှင်းတောင်ထဲ၌ ဤကမ္ဘာပေါ်မှ အလှပဆုံးသော သဘာဝ လှေကားထစ်လယ်ကွက် ရှိသည်။ ၎င်းသည် ရှန်ဂရီလာ ဟာဘာဆီးနှင်းတောင်ခြေတွင် တည်ရှိနေသော အဖြူရောင်ရေစင် ဖြစ်သည်။ ဤ ရေထဲတွင် ကယ်လဆီယမ်ကာဗိုဒ် ပျော်ဝင်ပြီး ဖြစ်ပေါ်လာသည့် လှေကားထစ်လယ်ကွက်နှင့် ပုံတူသောရေစင်သည် "နတ်သား လှေကားထစ်လယ်ကွက်"ဟု ခေါ်သည်။

အဖြူရောင်ရေစင်သည် ရှုခင်း လှပရုံသာမက တုံဘာနာရှီယဉ်ကျေးမှု၏ မြစ်ဖျားခံရာဒေသလည်း ဖြစ်သည်။ အဝေးမှ ကြည့်လျှင်  စိမ်းလန်းသော တောင်တန်းများ အုပ်အုပ်ဆိုင်းဆိုင်း ဝေဝေစည်စည် ရှိသောကြောင့် အဖြူရောင်ရေစင်သည် လှေကားထစ်လယ်ကွက်နှင့် တူ၍ နေရောင်ခြည်အောက်တွင် ခဲသွားသည့် ရေတံခွန်ကဲ့သို့ အလွန်လှပသည်။

1060025_670x670

ကမ္ဘာပေါ်တွင် နာမည်ကြီးသော စမ်းရေများအနက် များသောအားဖြင့် ပုံသဏ္ဍာန် သို့မဟုတ် နာမည်ကြောင့် နာမည်ကျော်ကြားသော်လည်း ရှန်ဂရီလာမှ အဖြူရောင်ရေစင်သည် နှစ်မျိုးလုံး ရှိကြသည်။ ကမ္ဘာ့အာရုံစိုက်မှုကို စွဲဆောင်နိုင်သည့်အရာမှာ ဤဒေသ၌ ပြုစုပျိုးထောင်ထားသည့် ထူးခြားသော တုံဘာယဉ်ကျေးမှု ဖြစ်သည်။ အဖြူရောင်ရေစင်၌ နာရှီလူမျိုးတို့၏ နှစ်ပေါင်း နှစ်ထောင်ကြာသော ယဉ်ကျေးမှုနှင့် သတိရချက်များကို ပြုစုပျိုးထောင် ထားသောကြောင့် ဤနေရာသည် တုံဘာယဉ်ကျေးမှု၏ သမိုင်းသွေးကို အမွေဆက်ခံသည့် သေဉ်မြေ ဖြစ်လာသည်။ အဖြူရောင်ရေစင်တွင် လမ်းလျှောက်ပါက သဘာဝ ဖန်ဆင်းထားသော လက်ရာများကို တွေ့မြင်နိုင်ရုံသာမက ရှေးဟောင်းသော နာရှီယဉ်ကျေးမှု၏ ဆက်ခံမှုကိုလည်း ခံစားနိုင်ကြသည်။

1060026_670x670

1060027_670x670

အကြံပြုချက်များ

အဖြူရောင်ရေစင်သည် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရှန်ဂရီလာမြို့ အရှေ့တောင်ဘက်မှ ဆန်ဘာမြို့နယ် ပိုင်တိရွာထဲတွင် တည်ရှိပြီး ခရိုင်မြို့နှင့် ၉၈ ကီလိုမီတာ ကွာဝေးသည်၊ ပင်လယ်ရေ မျက်နှာပြင်ထက် မီတာ ၂၃၈၀ခန့် ရှိ၍ "တရုတ်နိုင်ငံ၏ ဝါဂွမ်းရဲတိုက်"ဟူသော အခေါ်အဝေါ် ရှိသည်။ အဖြူရောင်ရေစင်၏ ဖြစ်တည်မှုအကြောင်းရင်းမှာ ရေထဲရှိ calcium bicarbonateသည် နေရောင်ခြည်အောက်တွင် ရေအငွေ့ပျံသွားပြီး အဖြူရောင်ဖြစ်သည့် ကယ်လဆီယမ်ကာဗိုဒ် ဖြစ်လာ၍ မြေအပေါ်ယံလွှာ၌ စဉ်ဆက်မပြတ် ဖုံးအုပ်ထားသောကြောင့် ဖြစ်လာသည်။

1060028_670x670

雪山之中,藏着世间最美的自然梯田!这就是位于香格里拉哈巴雪山山麓的“白水台”。这个碳酸钙溶解于泉水形成的“梯田”似的台幔,被称为“仙人梯田”。

白水台不仅风景秀丽,还是东巴纳西文化的发源地。远远望去,青山掩映下的白水台就像层层梯田,在阳光照耀下,又仿若凝固的瀑布一般,美轮美奂。

1060025_670x670

天下名泉,或以形胜,或以名传,香格里拉白水台则兼而有之。令世人瞩目的还有它滋养的独特文化——东巴文化。白水台滋养着纳西族两千年的文化与记忆,因此也成为传承东巴文化历史血脉的圣地。
徒步白水台,不仅可以见证大自然的鬼斧神工,还能让心灵去沐浴纳西文化的远古传承。

1060026_670x670

1060027_670x670

小贴士:

白水台位于迪庆藏族自治州香格里拉市东南的三坝乡白地村,距县城98公里,其海拔约2380米,有“中国版棉花堡”之称。其成因是:成因是由于水中的碳酸氢钙经太阳光照射,水分蒸发后形成碳酸钙白色沉积物,之后又不断覆盖地表而形成的泉华地。

1060028_670x670

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်