Huawei ဒစ်ဂျစ်ဒယ်စီးပွားရေး ဆန်းသစ်တီထွင်မှုစင်တာကို ကူမင်းစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်တွင် ထူထောင်ခဲ့

2022-05-20 09:46|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ ခင်ခင်) မေလ ၁၈ ရက်နေ့တွင် Huawei ဒစ်ဂျစ်ဒယ် စီးပွားရေး ဆန်းသစ်တီထွင်မှု စင်တာကို ကူမင်းစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်တွင် ထူထောင်ခဲ့သည်။ ဤစင်တာသည် Huawei ကုမ္ပဏီရှိ cloud-computing၊ AIနှင့် 5Gစသည့် အဘက်ဘက်မှ အားသာချက်များကို ပေါင်းစပ်၍ စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်၏ ဒစ်ဂျစ်ဒယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်သစ်သို့ ရောက်ရှိစေအောင် တွန်းအားပေးသည်။

1059882

စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်သည် ဒစ်ဂျစ်ဒယ် စီးပွားရေးလုပ်ငန်းကို စဉ်ဆက်မပြတ် အတိုင်းထက်အလွန် အလေးဂရုပြုလျက်ရှိ၍ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို့မှာ ဒစ်ဂျစ်ဒယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံခန့်ခွဲမှုကို နက်ရှိုင်းစွာ ကျင့်သုံးဆောင်ရွက်ထားကာ ဒေသအတွင်း၌ ဒစ်ဂျစ်ဒယ်စီးပွားရေးအခြေခံ တဖြည်းဖြည်း ပြည့်စုံလာပြီး ဒစ်ဂျစ်ဒယ် စီးပွားရေး စဉ်ဆက်မပြတ် တိုးတက်လာသည်။ အနာဂတ်တွင် စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်သည် Huawei ကုမ္ပဏီ၊ ဒေသအတွင်းရှိ ကုမ္ပဏီများနှင့် လက်တွဲပြီး ဒစ်ဂျစ်ဒယ်စီးပွားရေး၏ တံခါးဖွင့်ခြင်းနှင့် ဆန်းသစ်တီထွင်မှုလမ်းကြောင်းကို ပူးပေါင်းရှာဖွေကြမည် ဖြစ်ကြာင်း တရုတ် (ယူနန်ပြည်နယ်) လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း (ကူမင်းစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်) ၏ ပါတီလုပ်ငန်းကော်မတီဝင်နှင့် စီမံခန့်ခွဲရေးကော်မတီ ဒုတိယတာဝန်ခံ ဝမ်ရွေဇုံ မိတ်ဆက်ပေးခဲ့သည်။

အနာဂတ်တွင် Huawei ဒစ်ဂျစ်ဒယ် စီးပွားရေး ဆန်းသစ်တီထွင်မှုစင်တာသည် ကိုယ်ပိုင် နည်းပညာဆိုင်ရာ အားသာချက်များ၏ အဓိက ယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထုတ်ဖော်ပြီး ဒေသအတွင်းရှိ ကုမ္ပဏီများမှ ဆန်းသစ်တီထွင်မှုစွမ်းရည်နှင့် သက်ဆိုင်ရာလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည့်စုံကောင်းမွန်စေရန် ကူညီပေး၍ အစိုးရနှင့် ကုမ္ပဏီများအကြား ဆက်သွယ်သော နည်းပညာဆိုင်ရာ ပေါင်းကူးတံတား ဖြစ်ကာ စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန်နယ်ကို အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးရမည်။

1059885

1059886

昆明信息港综合整理 5月18日,华为数字经济创新中心在昆明经开区揭牌。中心结合华为自身在云计算、人工智能、5G等各方面的优势,协同助推经开区数字经济发展迈上新台阶。

1059882

中国(云南)自由贸易试验区昆明片区(昆明经开区)党工委委员、管委会副主任王月冲表示,经开区一直以来都高度重视本区数字经济工作,深入贯彻落实党中央、国务院关于发展数字经济的决策部署,区内数字经济基础逐渐完善、数字经济发展取得持续进步。今后,经开区要携手华为公司及园区企业,共同探索数字经济的开放创新之路。

未来,华为数字经济创新中心将持续发挥自身技术优势的核心竞争力,助力完善区内企业创新能力及产业链发展,做好政府与企业沟通交流的技术桥梁纽带,助力经开区高质量发展。

1059885

1059886

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်