ရှီးဆန်းတောင်ခြေရှိ ယူနန့်အရသာကို မြည်းကြည့်လိုက်၊ ချိုင်မာဟွာလမ်းသည် ဧည့်သည်များကို ဆွဲဆောင်လာ
2022-05-20 09:27|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယူနန်ပြည်နယ် ကူမင်းမြို့ တျန်ချီရေကန်ဘေးရှိ ရှီးဆန်းတောင်ခြေ၌ “ယူနန့်အရသာ” ပြည့်စုံကြွယ်ဝပြီး မီတာ တစ်ရာ ရှည်လျားသော ရှေးဟောင်းပုံစံကို မှီးထားသည့် ချိုင်မာဟွာလမ်း ဟူသော လမ်းတစ်လမ်း ရှိ၍ ခါတိုင်းရက်များတွင် မီးအိမ်များ ခပ်မြင့်မြင့် ချိတ်ဆွဲထားကာ အလွန်စည်ကားသည်။
ချိုင်မာဟွာလမ်းသို့ ဝင်ရောက်ပြီးနောက် ခေတ်ဟောင်းစတိုင်နှင့် ယူနန် ထူးခြားချက်လက္ခဏာများကို သောင်းပြောင်းရောထွေးသည့် အဆောက်အအုံနှင့် နောက်ခံဆက်တင်များသည် လမ်းနှစ်ဘက်တွင် စီတန်းထား၍ ကျောက်ပြားလမ်းမှာ အစွန်းနှစ်ဖက်ကို ဆက်သွယ်ထားသည်။ ယူနန်ပြည်နယ် နေရာအသီးသီးမှ အထူးအစားအစာများ ဤနေရာတွင် စုစည်း၍ တိုဖူးကင်၊ အာလူးကြော်နှင့် အအေးမီးရှည်စသည့် အရောင်လှ၊ အရသာကောင်းသော အစားအစာများသည် ခရီးသည်များ၏ ရသာဖူးကို သွေးထိုးလှုံ့ဆော်ထားသည်။ ထို့ပြင် လမ်းထဲ၌ ကုန်သွယ်ရေး လုပ်ငန်းပုံစံနှင့် အမှတ်တံဆိပ် အမျိုးမျိုးကို ကြားညှပ်ထားပြီး ခရီးသည်များအတွက် များပြားသော ရွေးချယ်မှုကို ပေးကြပါသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့