ကူမင်းဧရိယာအပိုင်းသည် စီးပွားရေးပတ်ဝန်းကျင် ကောင်းမွန်သောကြောင့် နိုင်ငံခြားကုန်သည်များ၏ ချီးကျူးမှု ရရှိ
2022-05-11 10:21|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) အခုတလော တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း အထွေထွေ ဝန်ဆောင်မှု ခန်းမဆောင်တွင် ဖင်လန်နိုင်ငံမှ လာသည့် Lizzan Latif နှင့် Bagher တို့သည် နိုင်ငံခြားအရင်းအနှီးဖြင့် လုပ်ကိုင်သော လုပ်ငန်းကုမ္ပဏီကို ဖွင့်လှစ်ရန် လျှောက်လွှာတင်ထားသည့် နည်းလမ်းကို အတိုင်ပင်ခံနေကြပါသည်။
Lizzan Latif သည် ဖင်လန်နိုင်ငံက ကုန်သည်တစ်ဦး ဖြစ်၍ ကူမင်းတွင် ကောင်းမွန်သော နေထိုင်မှုပတ်ဝန်းကျင်နှင့် လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း (ကူမင်းစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်) ၏ ဦးစားပေး သက်သာလွယ်ကူသော မူဝါဒများကြောင့် သူသည် ကူမင်းတွင် အနုပညာ စီမံခန့်ခွဲရေး ကုမ္ပဏီတစ်ခုကို ဖွင့်လှစ်ရန် ကြံရွယ်ထားသည်။
“ဒီမှာရှိ ဝန်ဆောင်မှုနဲ့ အွန်လိုင်းပလက်ဖောင်းက အရမ်းကောင်းပါတယ်။ ပစ္စည်းတွေ ပြည့်စုံရင် လုပ်ငန်းလိုင်စင်ကို တစ်ရက်အတွင်း ပြီးဆုံးအောင် ဆောင်ရွက်နိုင်မှာပါ” ဟု Bagherသည် အလှိုက်တလှဲ ဖြစ်မိသည်။
၎င်းသည် လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း အထွေထွေ ဝန်ဆောင်မှုစင်တာရှိ ဌာနအသီးသီးမှာ အရည်အသွေး ကောင်းမွန်းသော စီးပွားရေးပတ်ဝန်းကျင်ကို အတူတကွ ကြိုးပမ်းအားထုတ် ဖန်တီးသော အတိအကျ ထင်ဟပ်ခြင်း ဖြစ်သည်။ ကိုဗစ်-၁၉ အဆုတ်ရောင်ရောဂါ ဖြစ်ပွားကတည်းက အထွေထွေ ဝန်ဆောင်မှုစင်တာသည် “အောက်ခြေသို့ အခွင့်အာဏာအချို့ လွှဲအပ်ပေးခြင်း၊ ဆန်းသစ်တီထွင်စွာ ကြပ်မတ်အုပ်ချုပ်ခြင်း၊ ဝန်ဆောင်မှု ပိုမို ကောင်းမွန်စေခြင်း” ဟူသော ပြုပြင်ပြောင်းလဲရေးစနစ်ကို နက်ရှိုင်းစွာ အဆက်မပြတ် လုပ်ဆောင်၍ စီးပွားရေးပတ်ဝန်းကျင် ကောင်းမွန်စေအောင် ဆောင်ရွက်ပြီး ကုမ္ပဏီများနှင့် အများပြည်သူများကို လာရောက်သည့်အကြိမ်၊ စောင့်သည့်အချိန်နှင့် ပေးအပ်သည့်ပစ္စည်း လျော့နည်းစေကာ အရည်အသွေး ကောင်းမွန်သော ဝန်ဆောင်မှုဖြင့် “အများဆုံး တစ်ကြိမ် လာရောက်ခြင်း” ပြုပြင်ပြောင်းလဲရေးကို အဆက်မပြတ် ရှေ့သို့ တွန်းတင်သည်။
近日,中国(云南)自贸试验区昆明片区综合服务大厅,来自芬兰的Lizzan Latif和Bagher正在咨询如何申请开办外资企业。
自贸试验区昆明片区(昆明经开区)行政审批局局长协同市市场监督管理局经开分局、招商合作局、社会事务局相关工作人员,用流利的英语跟他们交谈沟通,全程陪同指导服务,帮助其咨询申报材料、注册、税务等。当天,就解决了申办过程中遇到的各种问题。
据了解,Lizzan Latif是一名芬兰商人,由于昆明良好的生活环境和自贸试验区昆明片区(昆明经开区)的优惠便利政策,Lizzan Latif打算在昆明新开一家演艺经纪公司。
“这里的服务和在线平台都非常棒,只要材料齐全,1天之内就可办结营业执照。”Bagher感叹道。
这是整个自贸试验区昆明片区综合服务中心各个部门共同努力打造优质营商环境的具体体现。自新冠肺炎疫情发生以来,综合服务中心持续深化“放管服”改革、优化营商环境,让企业和群众“少跑”“少等”“少交”,以优质的服务不断推进“最多跑一次”改革纵向深化。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့