ဓာတ်ပုံဆရာ လျောက်ဖိမ့် ရိုက်ကူးခဲ့သော ပိုင်မာဆီးနှင်းတောင်ပေါ်မှ ရုက္ခပင်များ
2022-04-24 16:40|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဧပြီလ၌ ရှန်ဂရီလာတွင် ဆီးနှင်းကျနေဆဲ ဖြစ်သောကြောင့် ဆီးနှင်းဖြူ ဖုံးလွမ်းထားသော ပိုင်မာဆီးနှင်းတောင်ပေါ်တွင် အတိုင်းမသိသော သက်ရှိစွမ်းအား ရှိနေကြပါသည်။ မေလီဝမ်ဆီဟု ခေါ်သည့် ဟိုတယ်တစ်ခု၏ ပိုင်ရှင် ဖြစ်သူ လျောက်ဖိမ့်သည် လမ်းကြမ်းမောင်းကား မောင်းပြီး ပိုင်မာဆီးနှင်းတောင်ပေါ်သို့ ရောက်ရှိ၍ ဤရာသီ၌ တောင်မြင့်ပေါ်မှ ဆီးနှင်းပြင်တွင် အပင်များ၏ ပေါ်ပေါက်မှုအခြေအနေကို ဓာတ်ပုံရိုက်ချင်ပါသည်။
ပင်လယ်ရေ မျက်နှာပြင်ထက် မီတာ ၄ ထောင် မြင့်သော ဤဆီးနှင်းတောင်ပေါ်တွင် Rheum nobile၊ Saussurea gossypiphora နှင့် ရှားပါးသော Meconopsis စသည့် ရုက္ခပင်များ ပျံ့နှံ့ပေါ်ပေါက်ထားကြ၍ ကြွယ်ဝသော ဇီဝလက္ခဏာများသည် လျောက်ဖိမ့်ကို ဆွဲဆောင်ထားပါသည်။ သူသည် ၎င်းတောင်မြင့် ရုက္ခပင်များကို ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ပေးခြင်းဖြင့် မှတ်တမ်းလျက်ရှိကာ ယူနနပြည်နယ်၏ ဇီဝအလှများကို ခရီးသည်များထံ ပြသထားပါသည်။
လျောက်ဖိမ့်၏ ဟိုတယ် ပထမထပ်ရှိ တိုက်ခန်းဆောင်ကြီး၌ တောင်မြင့်ရုက္ခပင်များ၏ ဓာတ်ပုံ အပုံ ၃၀ ကျော် ပြသထား၍ လှပသော ဓာတ်ပုံများ ရှိသည့်အပြင် ရုက္ခပင်များ၏ မျိုးရင်း၊ မျိုးစဉ်၊ မျိုးစု၊ ပေါ်ပေါက်ပတ်ဝန်းကျင်နှင့် ဝိသေသဂုဏ်စသည်များကိုလည်း ညွှန်ပြထားကြပါသည်။ သူသည် ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်ရန် မိမိ၏နည်းလမ်းများဖြင့် လုပ်ဆောင်၍ ပိုများသော လူသားများကို ယူနန်ပြညနယ် တောင်မြင့်ရုက္ခပင်များ၏ လက်ရှိအခြေအနေအား သိရှိနားလည်ပြီး တန်ဖိုးစေချင်ပါသည်။
“ဒီဒေသမှာ ရောင်စုံတဲ့ တောင်မြင့်ပန်းတွေ၊ မရေမတွက်နိုင်တဲ့ တောရိုင်းတိရစ္ဆာန်တွေ၊ ထူးခြားဆန်းပြားတဲ့ လူမျိုးအမျိုးမျိုးရဲ့ မျိုးရိုးတူစုတွေနဲ့ ရှုပ်ထွေးတဲ့ ပထဝီဖွဲ့စည်းပုံ ရှိကြတာကြောင့် အာရှက ဆွဲဆောင်မှုအရှိဆုံး ဒေသတွေထဲက တစ်ခု ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်မိတယ်”ဟူသော ၁၉၂၃ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ရုက္ခဗေဒပညာရှင် F.Kingdon Ward ရေးသားခဲ့သည့် စာကြောင်းကို လျောက်ဖိမ့် ကိုးကား၍ ဤနေရာကို ချစ်မြတ်နိုးကြောင်း ဖော်ပြပါသည်။
ဇွန်လသည် ဆီးနှင်းတောင်ပေါ်တွင် ပန်းများပွင့်၊ မြက်ပင်များပေါက်သော ရာသီ ဖြစ်၍ နှစ်စဉ်နှစ်တိုင်း လျောက်ဖိမ့်မှာ တောင်ပေါ်သို့ သွားပြီး ရုက္ခပင်များကို ဓာတ်ပုံရိုက်ရန် အကောင်းဆုံးသော ရာသီချိန်လည်း ဖြစ်ပါသည်။ ထိုအချိန်ရောက်လျှင် ပိုများသော ကမ္ဘာကြီးအတွက် အကျိုးသက်ရောက်စေသည့် တရုတ်ရုက္ခပင်များသည် သူ့ရိုက်ကွင်းထဲတွင် ပေါ်ထွက်လာမည်ဟု ယုံကြည်ပါသည်။
4月的香格里拉依然降雪,白雪覆盖的德钦白马雪山,却孕育着无限生机。梅里往事酒店的老板廖正开着越野车到了白马雪山上,他要拍下雪地中高山冰缘带这个季节的植物生存状态。
在这高原海拔4000米的雪山,分布着塔黄、雪兔子及珍稀的绿绒蒿等,丰富的生态令廖正着迷,他用影像记录着这些高山植物,向游客展示云南的生态之美。
在廖正酒店的一楼大厅,展览着30多幅高山植物摄影作品,除了漂亮的植物画面,还标注出植物的科、目、属、生存环境以及特性。他想通过自己的方式,为保护生物多样尽一份力,让更多人了解、珍惜云南高山植物的现状。
“我深信这是亚洲最迷人的地区之一,多姿多彩的高山花卉,数之不尽的野生动物,异域风情的民族部落,以及复杂的地理构造。”廖正引用1923年英国植物学家金敦•沃德所写的这句话,表达他对这片地方的热爱。
六月,将是雪山花开草长的季节,这也是每年廖正要上山寻访高山植物调查拍摄的最佳时间,届时,相信将会有更多影响世界的中国植物在他镜头中“绽放”。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့