ယူနန်ပြည်နယ် မိန်လျင်းခရိုင်တွင် ဗျိုင်းဖြူ အကောင် တစ်ထောင်ကျော်သည် မျိုးပွားရာသီသို့ ဝင်ရောက်

2022-04-18 14:46|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) နွေဦးရာသီ ရောက်ရှိပြီးနောက် ဆောင်းရာသီ လာကူးကြသောငှက် အမျိုးမျိုးအတွက် ၎င်းတို့၏ မျိုးပွားရာ နယ်မြေသို့ ပြန်သွားရန် မြောက်ဘက်သို့ ပြောင်းရွှေ့ရသော ရာသီ ရောက်လာသော်လည်း ယူနန်ပြည်နယ် ပူအဲမြို့ မိန်လျင်းခရိုင်တွင် ဗျိုင်းဖြူ အကောင် တစ်ထောင်ကျော်သည် ရွှေ့ပြောင်းငှက်များမှ မှီတင်းနေထိုင်ငှက်များသို့ ပြောင်းလဲဖြစ်လာကြ၍ ၎င်းနေရာတွင် အခြေချ နေထိုင်ကြပါသည်။ လက်ရှိအချိန်တွင် မျိုးပွားရာသီသို့ ဝင်ရောက်နေပြီ ဖြစ်ပါသည်။

1

နံနက်စောစော၌ ခရိုင်မြို့ မြို့ပြင်မြေပြန့်အတွင်း၏ လယ်ကွင်းများတွင် ဗျိုင်းဖြူများသည် အစုလိုက် အအုပ်လိုက် ကျက်စားကြ၍ လယ်ကန်သင်းတွင် အနားယူလိုက် အချင်းချင်း ဆော့ကစားလိုက်နှင့် လူသားများနှင့် ငှက်များအကြား လိုက်လျောညီထွေစွာ ယှဉ်တွဲနေထိုင်သော လှပမြင်ကွင်းကို ဖော်ထားပါသည်။

2

မိန်လျင်းခရိုင်သည် ဆောင်းရာသီတွင် ပြင်းထန်သော အအေးမရှိ၊ နွေရာသီတွင် အပူမရှိသောကြောင့် ရာသီလေးပါးသည် နွေဦးကဲ့သို့ ဖြစ်ကြောင်း သိရှိရပါသည်။ လက်ရှိအချိန်တွင် ခရိုင်၌ ကာလရှည်ကြာစွာ နေထိုင်သည့် ဗျိုင်းဖြူများသည် အကောင် တစ်ထောင်ကျော် ရှိ၍ နေ့တွင် လယ်ကွင်းများနှင့် ရေကန်များတွင် ကျက်စားကြပြီး ညတွင် ရေလှောင်ကန်အတွင်းမှ ကျွန်းငယ် သို့မဟုတ် ရွာဘေးရှိ သစ်ပင်များတွင် အနားယူကြသည်။

3

ဗျိုင်းဖြူသည် စုပေါင်းနေထိုင်သော တိရစ္ဆာန် ဖြစ်ပြီး တိတ်ဆိတ်ခြင်း ကြိုက်ကာ နေထိုင်မှုပတ်ဝန်းကျင်ကို အလွန်တင်းကျပ်စွာ ရွေးချယ်ကြ၍ "ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးတမန်"ဟူသော နာမည်ကောင်း ရှိပါသည်။

4

昆明信息港综合整理 进入春季,是各种越冬鸟儿返回繁殖地北迁的季节。而在云南省普洱市孟连县境内,1000余只白鹭,由以前的候鸟变成了留鸟,在当地定居了下来,目前正进入繁殖期。

1

清晨,在县城城郊坝子里的田间地头,成群结队的白鹭在稻田里觅食,时而站成一排在田埂上休息,时而互相追逐打闹,人鸟和谐共处美如画卷。

2

据了解,孟连县冬无严寒,夏无酷暑,四季如春。如今长期生活在境内的白鹭多达1000多只,白天在稻田里、水塘边觅食,晚上则到水库里的小岛上或村寨边的树上休息。

3

白鹭为群居动物,喜静,对生存环境的选择和要求非常严格,又被称为“环保使者”。

4

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်