Time-lapse ဓာတ်ပုံရိုက်ခြင်း၊ ပန်းခင်းနှင့် ကြယ်များဖြင့် တန်ဆာဆင်ထားသော ကောင်းကင်ယံ မမျှော်လင့်ဘဲ ပြန်ဆုံ
2022-04-14 21:06|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်)ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ အယ်ယွမ်ခရိုင်၏ အနောက်တောင် ဘက်တွင် ရှုခင်း သာယာလှပသော၊ ရှေးဟောင်းဆန်၍ ရိုးသန့်ဆိတ်ငြိမ်သော ဖုန့်ယုဟု ခေါ်သည့် မြို့နယ်လေး ရှိပါသည်။ နွေဦးရာသီတွင် ယိမ်းနွဲ့လှုပ်ရှား ပွင့်နေသော မုန်ညင်းစိမ်းပန်းပင်လယ်သည် မြို့နယ်၏ ရှုခင်းတစ်ခုဖြစ်ပြီး အနီးအဝေးမှ ခရီးသည်များကို နှစ်စဉ်နှစ်တိုင်း လာရောက်လည်ပတ်ရန် ဆွဲဆောင်လျက်ရှိပါသည်။ မိုးသာသောညတွင် ပန်းခင်းထဲသို့ ဝင်ရောက်လျှင် နောက်တစ်မျိုး အလှကိုလည်း ကြည့်ရှုနိုင်ပါလိမ့်မည်။ Time-lapse ရိုက်သော ဓာတ်ပုံထဲတွင် မုန်ညင်းစိမ်းပန်းခင်းနှင့် ကြယ်များဖြင့် တန်ဆာဆင်ထားသော ကောင်းကင်ယံ မမျှော်လင့်ဘဲ ပြန်ဆုံပြီး ပန်းများသည် ညတွင် ကခုန်ရင်း ကြယ်များ၏ အရိပ်သည် လှုပ်နေသောမြင်ကွင်း ကြည့်နိုင်၍ ပန်းခင်းအတွင်း လဲလျောင်းပြီး ကြယ်များကို ကြည့်ရှုသော မြင်ကွင်းကို စိတ်ကူးထားကာ စိတ်ကူးယဉ်ဆန်းမှု အပြည့်အဝ ရှိပါသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့