ကူမင်းအထွေထွေ အခွန်ကင်းလွတ်ခွင့်ဇုန်နယ်သည် တရုတ်-လာအို ရထားလမ်း နယ်စပ်ဖြတ် e-commerce ကုန်စည်တင်ပို့မှုကို ပြီးမြောက်စွာ စမ်းသပ်ခဲ့
2022-04-06 21:13|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) တရုတ်-လာအို အပြည်ပြည်ဆိုင်ရာ မီးရထား စတင်ဖွင့်လှစ်ချိန် ကတည်းက လွတ်လပ်သော ကုန်သွယ်ရေး ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီသည် အဖက်ဖက်မှ အရင်းအမြစ်များကို ချိတ်ဆက်ပြီး နယ်စပ်ဖြတ်ကျော် e-commerce မီးရထား ပို့ဆောင်ရေးလုပ်ငန်း၏ ကွင်းဆက်တို့ကို ဖောက်ထွင်းပြီး အထွေထွေ အခွန်ကင်းလွတ်ခွင့် ဇုန်နယ်၏ ဆိပ်ကမ်းကုဒ်ဖြင့် ပေးပို့မှုမှတ်စုကို တင်သွင်း၍ တရုတ်-လာအို ရထားလမ်း နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး အတွက် အချိန်မှီသော၊ ထိရောက်သော ဝန်ဆောင်မှုများကို ပေးထားပါသည်။
ကူမင်း စာတိုက်ရုံး အကောက်တော်ဌာန၊ မီးရထားဌာန၊ ဘဏ္ဍာရေးဝန်ဆောင်မှုဌာန၊ တရုတ်မီရထား ပူတွဲ နိုင်ငံတကာ ကုန်သေတ္တာကုမ္ပဏီနှင့် လွတ်လပ်သော ကုန်သွယ်ရေး ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတို့၏ ပူးပေါင်းကြိုးပမ်းမှု အောက်တွင် ကူမင်း အထွေထွေ အခွန်ကင်းလွတ်ခွင့် ဇုန်နယ်(စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဇုန်နယ်) သည် တရုတ်-လာအို နိုင်ငံတကာ မီးရထားတွင် ပထမဆုံး နယ်စပ်ဖြတ်ကျော် e-commerce ကူးသန်းရောင်းဝယ်ရေး (၉၆၁၀ စနစ်) ကုန်စည်တင်ပို့မှု စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီး အောင်မြင်မှု ရရှိခဲ့ပါသည်။
ဤစမ်းသပ်မှု၏ အောင်မြင်မှုသည် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဇုန်နယ်ရှိ နယ်စပ်ဖြတ်ကျော် e-commerce လုပ်ငန်းကုမ္ပဏီများမှာ တရုတ်-လာအို မီးရထား နိုင်ငံတကာ ရထားများစီး၍ ပို့ကုန်လုပ်ငန်း လုပ်ဆောင်သည့် ဆန္ဒကို အကောင်အထည်ဖော်ကြောင်းနှင့် "နယ်စပ်ဖြတ်ကျော် e-commerce နှင့် မီးရထား သယ်ယူပို့ဆောင်ရေး ပေါင်းခြင်း"ဟူသော စနစ်မှာ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဇုန်နယ်တွင် တရားဝင် တည်ရှိလာပြီ ဖြစ်ကြောင်း အမှတ်အသား ပြုခဲ့ပါသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့