“အင်တာနက်၌ တာ့ယောင်ကို တိုက်ရိုက်ထုတ်လွှင့်မှု”မှတစ်ဆင့် “အွန်လိုင်းပေါ်မှ ပန်းအိုးထိုးပွဲတော်”ကို ရှုစား

2022-04-02 16:14|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊မျိုးသူဇာကြော့) ယုခုရက်ပိုင်း “တရုတ် တာ့ယောင် ၂၀၂၂ ခုနှစ် ထန်ဟွာ အွန်လိုင်းပေါ်မှ ယီလူမျိုး ပန်းအိုးထိုးပွဲတော်”ကို ချိုရွှန်ပြည်နယ်ခွဲ တာ့ယောင်ခရိုင် ထန်ဟွာရွာ၌ ကျင်းပခဲ့ပါသည်။

“ပန်းအိုးထိုးပွဲတော်”သည် ယီလူမျိုး၏ ထူးခြားချက်ရှိသော ရိုးရာပွဲတော် တစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ အဆုတ်ရောင်ရောဂါ၏ ထိခိုက်မှုကြောင့် ယခုနှစ် “ပန်းအိုးထိုးခြင်းပွဲတော်”သည် အွန်လိုင်းပေါ်တွင် ကျင်းပသည့် ပုံစံကို ကျင့်သုံး၍ 5G နှင့် တိုက်ရိုက်ထုတ်လွှင့်ခြင်းစသည့် နည်းပညာအသစ်များကို အသုံးပြုကာ အင်တာနက်၌ ပရိသတ်များအား ကြွယ်ဝသော ယီလူမျိုး ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုတို့ကို ဘက်စုံမှ ပြသသည်။ အထူးသဖြင့် ယခုနှစ် “ပန်းအိုးထိုးခြင်းပွဲတော်”၏ အရေးကြီးသော လှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်သည့် “အင်တာနက်၌ တာ့ယောင်ကို တိုက်ရိုက်ထုတ်လွှင့်မှု”သည် နေရာကန့်သတ်ချက်များကို ချိုးဖျက်ပြီး “1+N” ပုံစံကို အသုံးပြုကာ ပင်မနေရာနှင့် နေရာခွဲများ၏ တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုပြီးတစ်ခု ပြသပါမည်။

စိတ်အားထက်သန်သော ရွာသူရွာသားများသည် လှပတင့်တယ်သော အမျိုးသား အဝတ်တန်ဆာကို ဝတ်ဆင်ပြီး နီရဲရဲ ကုတ္ကိုပန်း ခေါင်းပေါ်တွင် ထိုးထား၍ တိုက်ရိုက်ထုတ်လွှင့်မှုတွင်  ပရိသတ်များအား ဒေသခံ ထွေပြားစုံလင်သော အမျိုးသား အဆိုအကများ၊ ရှေးရိုးကျသော ဓလေ့ထုံးစံများ၊ သေသပ်၍ သိမ်မွေ့သော လက်မှုပန်းထည်စသည်တို့ကို ပြသပြီး ပရိသတ်များမှာ တစ်ချိန်တည်း၊ မတူသောနေရာတွင် ပုံသဏ္ဌာန်အသစ်အဆန်းထွင်သော “ယီလူမျိုး ပန်းအိုးထိုးပွဲတော်”သို့ ဝင်ရောက်ကြည့်ရှုနိုင်သည်။

1310510352_16469833997951n

1310510352_16469833997301n

新华网昆明3月11日电 近日,“中国•大姚2022昙华云上彝族插花节”在楚雄州大姚县昙华乡举办。

据了解,“插花节”是彝族颇具特色的传统节日,受新冠肺炎疫情的影响,今年“插花节”采用网络办节的形式,利用5G、视频直播等新技术,在“云端”向观众全方位展示浓郁的彝族风情和文化。值得一提的是,“云播大姚”作为今年“插花节”的重要活动之一,打破了空间限制,采取“1+N”的模式,将主会场和分会场的直播逐一展开。

热情的村民们身着华丽的民族服饰,头插鲜红的马缨花,在网络直播中为观众展示当地丰富多彩的民族歌舞、古老的生活习俗、精美的手工绣品等,带领观众在同一时间、不同空间,走进了一场别开生面的“彝族插花节”。(完)

1310510352_16469833997951n

1310510352_16469833997301n

အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်