ဘောင်ဆန်းမြို့ စီတိန်ခရိုင်၌ အပင် သိန်းနှင့်ချီသော Bauhinia acuminata များသည် ပွင့်ဖူး
2022-04-02 15:35|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) နွေဦးရာသီ၌ ပူနွေးသောမတ်လတွင် ပန်းအမျိုးမျိုး ဝေဝေဆာဆာ ပွင့်ဖူးကြပါသည်။ ယခုလောက ဘောင်ဆန်းမြို့ စီတိန်ခရိုင် ဆန်ကျူသစ်တောကွင်း အရှေ့ဘက် တောင်ခြေ၌ တည်ရှိသော ကျူဆိမ်ကျေးရွာ ဘာကျောင်လင်ရွာမှ ပင်လယ်ရေ မျက်နှာပြင်ထက် မီတာ ၁၄၀၀ ရှိသည့် တောင်တန်း အကြားတွင် အပင် သိန်းနှင့်ချီသော တောရိုင်း Bauhinia acuminata များသည် နွေဦးလေပြေကို ရင်ဆိုင်ပြီး ဝေဝေဆာဆာ ပွင့်ဖူးကြ၍ တောင်တန်းကြီးကို လှပစွာ အလှဆင်ထားသောကြောင့် လူအများအပြားအား ပန်းများကို လာရောက်ရှုစားရန် ဆွဲဆောင်လျက်ရှိ ကြပါသည်။
Bauhinia acuminata တစ်ပင်ပင်သည် အပြာရောင် ကောင်းကင်နှင့် စိမ်းလန်းသော တောင်တန်းများ၏ ဆင်ယင်အောက်တွင် အလွန်လှပပါသည်။ အဝေးမှ ကြည့်လျှင် နိမ့်ချည်မြင့်ချည် မပြတ်မလပ် ဆက်စပ်လျက်ရှိသော တောင်တန်းပေါ်တွင် ဆီးနှင်း တစ်ထပ် ဖုံးလွှမ်းထား သကဲ့သို့ ဖြစ်ပါသည်။ နီးကပ်စွာ ကြည့်လျှင် တစ်ပွင့်ပွင့်၊ တစ်စည်းစည်း၊ တစ်ကွက်ကွက် ဖြစ်သော Bauhinia acuminata များသည် နွေဦးလေပြေကို ရင်ဆိုင်ပြီး ဝေဝေဆာဆာ ပွင့်ဖူးကြပါသည်။ လေညှင်း တိုက်ရင်း သစ်တောထဲတွင် စိတ်ကြည်နူးပြီး ပီတိစိမ့်စေသော မွှေးရနံ့ အပြည့် ရှိနေပါတယ်။
နှစ်တိုင်း နွေဦးရာသီတွင် ဆန်ကျူသစ်တောကွင်း အရှေ့ဘက် တောင်ခြေ၌ ပေါ်ပေါက်ထားသည့် အပင် သိန်းနှင့်ချီသော Bauhinia acuminata များသည် တူသောအချိန်၌ ပွင့်ဖူးကြ၍ ခန့်ညားထည်ဝါပြီး လန်းဆန်းဝေဆာသော ပန်းများ ပွင့်ဖူးသည့် ရှုခင်းသည် ခရီးသည် အများအပြားကို လာရောက်ရှုစားရန် ဆွဲဆောင်ထားပါသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့