ယူနန် တောရိုင်းတိရစ္ဆာန်ဥယျာဉ်သည် "နွေဦး၌ တိရစ္ဆာန်များ ပန်းကိုစား" ဟူသော လှုပ်ရှားမှုကို ကျင်းပခဲ့
2022-04-02 17:00|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယူနန်ပြည်နယ်၏ နွေဦးရာသီ၌ ပန်းကြည့်ခြင်းသည် ဝမ်းမြောက်ရွှင်လန်းမှုတစ်ခု ဖြစ်၍ ပန်းစားခြင်းသည်လည်း မရှိလျှင် မဖြစ် လိုအပ်ပါသည်။ မတ်လ ၂၈ ရက်နေ့တွင် ယူနန် တောရိုင်းတိရစ္ဆာန် ဥယျာဉ်သည် တိရစ္ဆာန်များအတွက် ထူးခြားသော "နွေဦး၌ တိရစ္ဆာန်များ ပန်းကိုစား" ဟူသော လှုပ်ရှားမှုကို ကျင်းပခဲ့၍ တိရစ္ဆာန်များကို နွေဦး၏အရသာအား မြည်းကြည့် စေကြပါသည်။
တိရစ္ဆာန်များအတွက် ဤပန်းပွဲကို ကောင်းစွာ ကျင်းပနိုင်အောင် ဥယျာဉ်၏ဝန်ထမ်းများသည် တိရစ္ဆာန်များ၏ နေ့စဉ် အစားအသောက် အလေ့အထကို ပေါင်းစပ်၍ ဥယျာဉ်ထဲမှ တိရစ္ဆာန်ဆေးရုံ၏ ဆရာဝန်များကို ကြိုတင်တိုင်ပင်ကာ တိရစ္ဆာန်များ စားသုံးနိုင်သည့် ပန်းအမျိုးမျိုးကို ရွေးချယ်ကြပါသည်။ ရွေးချယ်ရသည့် ပန်းအမျိုးမျိုးအနက် Parochetus communis၊ မြေပဲပင်ပေါက်၊ Rhododendron decorum Fr.၊ ခေါင်ရန်းနီ၊ စံပယ်ပန်း၊ Sophora japonica Linnနှင့် ငှက်ပျောပန်း စသည်တို့ ပါဝင်ကြပါသည်။ အချို့ အစုံစားသော တိရစ္ဆာန်များသည် တောထဲ နေထိုင်ချိန်တွင် ဤပန်းများကို စားကြသည်၊ လန်းဆန်းပန်းများသည် တိရစ္ဆာန်များအတွက် အစားအစာ၏ အမျိုးကို ကြွယ်ဝများပြား စေ၍ တိရစ္ဆာန်များ နေ့စဉ် စားသောက်မှု၏ တစ်မျိုးတည်းသာ ရှိခြင်းကို ဖြေရှင်းရုံသာမက တိရစ္ဆာန်များ၏ ခန္ဓာကိုယ်အတွက် ဗီတာမင်နှင့် အာဟာရဓာတ် အချို့ကိုလည်း ဖြည့်စွက်ပေးကြောင်း ဝန်ထမ်းများ မိတ်ဆက်ပေးခဲ့ပါသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့