ယူနန်မီလယ်မြို့၌ နှစ် တစ်ရာ သမိုင်းရှိသော Rhododendron delavayi Franch.များ ပွင့်ဖူး၍ ခရီးသည်များကို ကြိုဆို
2022-04-02 20:00|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) လူ့လောကမှာ ဧပြီလ ရောက်တိုင်း မြေကြီးပေါ်မှ ပွင့်ဖူးကြသည့် ပန်းအမျိုးမျိုးများ ညှိုးနွမ်း၍ ကြွေကျသော်လည်း ယီတောင်ပေါ်မှ Rhododendron delavayi Franch.များ စပွင့်ကြပါသည်။ ဤရက်များအတွင်း ယူနန်ပြည်နယ် မီလယ်မြို့ ရှီဆန်မြို့နယ် ဖာယူဆောင်ရွာတွင် တည်ရှိနေသော မီလယ် ကျင်တင်တောင် သစ်တောအရပ်ထဲရှိ နှစ် တစ်ရာ သမိုင်းရှိသော Rhododendron delavayi Franch.များ ပွင့်ဖူးနေကြ၍ ခရီးသည်များနှင့် မြို့သူမြို့သားများကို လာရောက်ကြည့်ရှုရန် ဆွဲဆောင်ထားပါသည်။
တရုတ်မို ထောင်ပေါင်းများစွာ ကျယ်သော မီဇီတောင်ပေါ်ရှိ တရုတ်ဆယ်ပေ ၅၊ ၆ မြင့်သော Rhododendron delavayi Franch.ပင်ပေါ်တွင် ကြီးမားပြီး တောက်ပသော အနီ၊ အဝါနှင့် အဖြူရောင်ပန်းများ ပွင့်ဖူးကြ၍ ရောင်စုံပိုးထည်များ တောင်တန်းပေါ်တွင် ခင်းထားခြင်းနှင့် တူပါသည်၊ လေညှင်းတိုက်ရင်း လူသားများကို စွဲလန်းစေကြပါသည်။ ဖော်ရွေပျူငှါသော ယီလူမျိုးဖြစ်သည့် အာရှိလူမျိုးများသည်လည်း Rhododendron delavayi Franch.ပင်အောက်တွင် "အာရှိထျောင့်ရွေ့" ဟူသော စိတ်အားထက်သန် တက်ကြွသော အကကို ကပြကြခြင်းဖြင့် ဝေးသောနေရာမှ ရောက်လာသော ခရီးသည်တော်များကို ကြိုဆိုလိုက်ပါသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့