ရှန်ဂရီလာ ပန်းဈေးထဲရှိ တနွေသစ်လာသည့် အရိပ်အယောင်
2022-04-02 20:00|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယခုလောက ရှန်ဂရီလာမြို့၏ အပူချိန် မြင့်တက်လာသည်နှင့်အမျှ ကုန်းပြင်မြင့်ပေါ်ရှိ အရာခပ်သိမ်များသည် အသက် ပြန်ဝင်လာကြပါသည်။ လူအချို့သည် နွေဦးရာသီကို ရှာဖွေရန် ဆင်ခြေဖုံး ရပ်ကွက်များသို့ သွားကြသည်၊ အချို့သည် ပန်းဈေးသို့ သွားပြီး နွေဦးကို ကိုယ်စားပြုနိုင်သော ပန်းများကို ဝယ်ကြပါသည်။ ရှန်ဂရီလာမြို့ လယ်ထူ ငှက်နှင့် ပန်းဈေးထဲတွင် နွေဦးပန်းများ ဝယ်ယူရန် အထွတ်အထိပ်ကာလ တိတ်တိတ်ဆိတ်ဆိတ်နှင့် ရောက်လာပါသည်။
လယ်ထူ ငှက်နှင့် ပန်းဈေးထဲတွင် ဝင်ရောက်လျှင် ပန်း၏ မွှေးရနံ့ အပြည့် ရှိ၍ စိတ်ကြည်နူးပြီး ပီတိစိမ့်စေပါသည်။ ဈေးတန်း၏ နှစ်ဖက်တွင် မျိုးစုံသော ပန်းအိုးစိုက် ရုက္ခပင်၊ အပင်ငယ်နှင့် ပန်းပွင့်များ ရွှန်းရွှန်းတင့်တင့် ဝေဝေဆာဆာ ရှိ၍ ရောင်စုံရွှန်းတင့်သောကြောင့် နွေဦးပွဲတော်ထဲ၌ လူများကို ချက်ချင်း ခေါ်ဆောင်ပြီး ဝင်လာစေကြပါသည်။ ဆိုင်ထဲတွင် သစ်ခွပန်း၊ စလပ်ပန်းနှင့် နှင်းဆီပန်းစသည့် လတ်ဆတ်ပန်းများသည် ပွင့်နေကြ၍ အလှကို ယှဉ်ပြိုင်သကဲ့သို့ ဖြစ်ပါသည်။ ဂရီးန်ရဲဒစ်ရှ်၊ Dracaena sanderianaနှင့် Pachira aquatica စသည့် အပင်စိမ်းများ အညွန့်တလူလူနှင့် စီရရီဖွာရရာ ရှိပါသည်။ အပင်စိမ်းများနှင့် လတ်ဆတ်ပန်းများမှာ အပြန်အလှန် တန်းဆာဆင်ပြီး ပနံသင့်လှကာ နွေဦးသစ်စ သာယာကြည်နူးသော လှပရှုခင်းကို ပေါ်လွင်လာ၍ မြို့သူမြို့သားများကို လာရောက်ဝယ်ယူရန် ဆွဲဆောင်လျက်ရှိကြပါသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့