“ကမ္ဘာ့တောင်ဇလပ်နီဘုရင်”သည် ကောင်းလီကုန့်တောင်၌ ဝေဝေဆာဆာ ပွင့်ဖူးနေ
2022-04-01 16:18|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုရက်ပိုင်း ယူနန်ပြည်နယ် အနောက်ဘက် နယ်စပ်ဒေသရှိ ကောင်းလီကုန့်တောင်၏ နက်ရှိုင်းသော အတွင်းပိုင်း၌ “ကမ္ဘာ့တောင်ဇလပ်နီဘုရင်”ဟု ချီးကျူးခံသည့် မျိုးသုန်းမည့် အန္တရာယ်ကြုံခါနီးမျိုးစိတ် တောင်ဇလပ်နီသည် ဝေဝေဆာဆာ ပွင့်ဖူးသည့် အချိန်ကာလသို့ ဝင်ရောက်၍ ရှုခင်းမှာ တွေ့ရခဲသည်။
တောင်ဇလပ်နီသည် သစ်ပင်ကြီး၊ ပန်းပွင့်ကြီးနှင့် အရွက်ကြီးစသည့် ဝိသေသလက္ခဏာများ ရှိပြီး အပင်၏ အမြင့်မှာ မီတာ ၃၀ ကျော် ရှိနိုင်၍ “ကမ္ဘာ့တောင်ဇလပ်နီဘုရင်”အဖြစ် အများအသိအမှတ်ပြုထားပါသည်။ ယခု တောင်ဇလပ်နီသည် တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ် ကောင်းလီကုန့်တောင် နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းရေးဇုန်မှ ထိန်ချုံး၊ ဖူကုန့်၊ ကုန့်ဆန်းစသည်ဖြင့် ဒေသများတွင်သာ ပြန့်နှံ့ပြီး ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၂၁၀၀ မှ ၃၂၀၀ အထိ ရှိသော အမြဲစိမ်းရွက်ပြန့်တောများတွင် ကြီးပြင်းလာသည်။ ၎င်း၏ မျိုးနွယ်စုအရေအတွက် အလွန်နည်းပါး၊ ပြန့်နှံ့အရပ်ဒေသ ကျဉ်းမြောင်းသောကြောင့် ကမ္ဘာ့သဘာဝထိန်းသိမ်းရေး မဟာမိတ်အဖွဲ့က တောင်ဇလပ်နီကို “မျိုးသုန်းမည့် အန္တရာယ်ကြုံခါနီးမျိုးစိတ်”စာရင်းထဲတွင် ထည့်သွင်းပေးပါသည်။
တရုတ်နိုင်ငံသည် တောင်ဇလပ်နီကို နိုင်ငံတော် ပထမအဆင့် အကာအကွယ်ပေးရသော ရုက္ခပင်နှင့် “အလွန်သေးငယ် မျိုးနွယ်စု တောရိုင်းရုက္ခပင်” စာရင်းထဲတွင် ထည့်သွင်းပေးပြီး မူလနေရာတွင်ဘဲ ထိန်းသိမ်းရေး၊ ထိန်းသိမ်းရန် ပြောင်းရွှေ့ခြင်း၊ အမျိုးအစား သယံဇာတပစ္စည်းများ သိမ်းဆည်းထားခြင်း၊ သုတေသနပြုရန် ကြီးကြပ်တိုင်းတာခြင်း၊ အသဘာဝ မျိုးပွားယူခြင်း၊ ပြန်ကောင်းရန် စိုက်မျိုးရေးစသည့် ဆောင်ရွက်ချက်ကို လုပ်ဆောင်ပါသည် ဖြစ်ကြောင်း တောင်ဇလပ်နီကို ကြာရှည်စွာ သုတေသနပြုသော ယူနန်ပြည်နယ် သိပ္ပံနည်းပညာတံခွန်အသင်းမှ ဒေါင်တာ လီရှိန်ဟွေက မတ်ဆက်ပြောဆိုခဲ့ပါသည်။
စုံစမ်းစစ်ဆေးပြီးနောက် ထိန်ချုံးတာ့ထန်ဧရိယာအပိုင်းတွင် တောင်ဇလပ်နီ ၁၇၇၁ ပင်ရှိပြီး ၎င်းတို့အနက် အပင်ငယ် အပင် ၅၀၀ ကျော်နှင့် သစ်ပင်ကြီး အပင် ၁၂၀၀ ခန့်ရှိသည်။ သဘာဝထိန်းသိမ်းရေးဇုန်မှ အုပ်ထိန်းရေးဌာနသည် ယုနန်ပြည်နယ် သစ်တောလုပ်ငန်းနှင့် မြက်ခင်းပြင် သိပ္ပံပညာတံခွန်အသင်းနှင့် ပူးပေါင်းဆောင်ရွက်ပြီး တောင်ဇလပ်နီ အသဘာဝ မျိုးပွားယူသော နည်းပညာကို အောင်မြင်စွာ ပိုင်နိုင်တတ်မြောက်၍ ထိန်ချုံးဒေသအတွင်း၌ အပင် ၃၀၀ ကို စိုက်ပျိုးခဲ့၍ ယခု ရှင်ရှင်သန်သန်ရှိသည် ဖြစ်ကြောင်း ကောင်းလီကုန့်တောင် နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းရေးဇုန်မှ ပေါင်းစန်းအုပ်ထိန်းရေးဌာန ထိန်ချုံးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးချုပ် ဟွန်ရှောင်းယွမ်က မတ်ဆက်ပြောဆိုခဲ့ပါသည်။
新华网昆明3月11日电 记者郑博非 近日,滇西边境的高黎贡山深处,被誉为“世界杜鹃之王”的极危物种大树杜鹃迎来盛花期,景观难得一见。
大树杜鹃具有树大、花大、叶大等特征,树高可达30多米,被公认为“世界杜鹃之王”。目前,大树杜鹃在我国仅分布于云南高黎贡山国家级自然保护区腾冲、福贡、贡山等区域,生长在海拔2100—3200米的常绿阔叶林中。因其种群数量极少、分布地域狭窄,大树杜鹃被世界自然保护联盟列为“极危物种”。
长期研究大树杜鹃的云南省科学技术院博士李盛辉介绍,我国将大树杜鹃列为国家一级保护植物和“极小种群野生植物”,采取了就地保护、迁地保护、种质资源保存、科研监测、人工繁育和回归种植等一系列保护措施。
高黎贡山国家级自然保护区保山管护局腾冲分局副局长黄湘元介绍,经调查,腾冲大塘片区共有大树杜鹃1771株,其中幼苗和幼树有500多株,成年株1200株左右。保护区管护机构与云南省林业和草原科学院合作,成功掌握了大树杜鹃人工繁育种苗的技术,已在腾冲境内回归种植300株,目前长势良好。
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့