ရှန်ဂရီလာ၌ နွေဦးပေါက် ဟင်းသီးဟင်းရွက်များကို ဈေးတန်းတွင် စတင်ရောင်းချ
2022-04-01 20:00|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယခုလောက ရှန်ဂရီလာ မြို့တွင်းရပ်ကွက်ထဲ၌ လတ်ဆတ်သော သစ်ကတိုးခေါက်၊ ကျောက်ခက်ပင်၊ ပဲကြီးနှင့် ကြက်သွန်ဖြူအူတိုင် စသည့် တောရိုင်း ဟင်းသီးဟင်းရွက် အမျိုးမျိုးနှင့် ရာသီအလိုက် ဟင်းသီးဟင်းရွက်များကို ဈေးတန်းပေါ်တွင် အသီးသီး စတင်ရောင်းချ နေကြပါသည်။ ဈေးတန်း၌ မြို့သူမြို့သားများ၏ ဈေးသွားခြင်းထဲတွင် နွေဦး၏ အရသာကို အပြည့် ရှိကြပါသည်။ ရှန်ဂရီလာ မြို့သူမြို့သားများသည် ဤ နွေဦးပေါက် တောရိုင်း ဟင်းသီးဟင်းရွက်များနှင့် ရာသီအလိုက် ဟင်းသီးဟင်းရွက်များကို ကြိုက်နှစ်သက်ကြ၍ မြို့သူမြို့သား အများအပြားသည် လာဝယ်ကြပါသည်။
ရှန်ဂရီလာ ညစ်ညမ်းမဲ့ စိုက်ပျိုးရေး ထွက်ကုန်များ ရောင်းဝယ်ရေးဈေးကွက်ရှိ ချောင်ထုပ် ဟင်းသီးဟင်းရွက် ဆိုင်ထဲတွင် လတ်ဆတ်သော ရာသီအလိုက် ဟင်းသီးဟင်းရွက် အမျိုးမျိုး ရှိ၍ မြို့သူမြို့သားများသည် လတ်ဆတ်သော ပဲကြီး၊ စားတော်ပဲနှင့် ကျောက်ခက်ပင် စသည့် နွေဦးပေါက် ဟင်းသီးဟင်းရွက်များကို မကြာခဏ လာဝယ်ကြပါသည်။ ထို့အပြင် ရှန်ဂရီလာ မြစ်ကမ်း တစ်လျှောက်ရှိ လတ်ဆတ်သော ဒုဓလီနှင့် ဆေးကျော်ကြီးတို့လည်း မြို့သူမြို့သားများ ကျန်းမာစွာ စားသုံးရန် ပထမဆုံး ရွေးချယ်မှု ဖြစ်လာကြပါသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့