ဆရာကြီး လီခုန်ဝူသည် ပြင်သစ်နိုင်ငံ စာပေနှင့် အနုပညာဆိုင်ရာ နိုက်သူရဲကောင်း ဂုဏ်ထူးတံဆိပ် ရရှိခဲ့
2022-03-10 20:00|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဆရာကြီး လီခုန်ဝူသည် ပြင်သစ်နိုင်ငံ စာပေနှင့် အနုပညာဆိုင်ရာ နိုက်သူရဲကောင်း ဂုဏ်ထူးတံဆိပ် ရရှိခဲ့၍ ချီးမြှင့်ခြင်း အခမ်းအနားကို မတ်လ ၉ ရက်နေ့၌ ပီကင်းမြို့တွင် တည်ရှိသော တရုတ်နိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ အရာရှိအိမ်တော်တွင် တရားဝင်ကျင်းပခဲ့ကာ ကူမင်း နိုင်ငံတော် ကြော်ငြာခြင်းလုပ်ငန်း ခြံမြေကို အုပ်ထိန်းကုမ္ပဏီ၏ တာဝန်ရှိသူ လျူဆိမ်ဟုံအား အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားခဲ့ပါသည်။
အခမ်းအနားတွင် တရုတ်နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး လိုလျန်သည် ဆရာကြီး လီခုန်ဝူအား ဆုတံဆိပ် ချီးမြှင့်ပေးခဲ့ပါသည်။ “ဆရာကြီး လီခုန်ဝူဟာ ထူးခြားတဲ့ အနုပညာစတိုင် ရှိပြီး တရုတ်နိုင်ငံမှာ နာမည်ကျော်ကြားတဲ့ ကာတွန်းဆရာ တစ်ယောက် ဖြစ်ပြီး တရုတ်နဲ့ ပြင်သစ်အကြား ယဉ်ကျေးမှု ဖလှယ်ရေးမှာ အပြုသဘောဆောင်တဲ့ စွမ်းဆောင်မှု ပြုလျက်ရှိပါတယ်၊ တရုတ်နဲ့ ပြင်သစ် နှစ်နိုင်ငံတို့က ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာ ဖလှယ်မှုတွေကို တာရှည်စွာ ထိန်းသိမ်းထားပါတယ်”ဟု သံအမတ်ကြီး လိုလျန်သည် ပြောကြားခဲ့ပါသည်။ ဤတစ်ကြိမ်တွင် ဆရာကြီး လီခုန်ဝူ ပြင်သစ်နိုင်ငံ စာပေနှင့် အနုပညာဆိုင်ရာ နိုက်သူရဲကောင်း ဂုဏ်ထူးတံဆိပ် ရရှိခြင်းသည် ဆရာကြီး လီခုန်ဝူ၏ အနုပညာ အောင်မြင်မှုကို အသိအမှတ်ပြုရုံသာမက တရုတ်နှင့် ပြင်သစ် နှစ်နိုင်ငံ ချစ်ကြည်ရေး၏ အကောင်းဆုံးသော သက်သေလည်း ဖြစ်ပါသည်။
ပြင်သစ်နိုင်ငံ အနုပညာနှင့် စာပေဆိုင်ရာ ဂုဏ်ထူးတံဆိပ် (Ordre des Arts et des Lettres) သည် ပြင်သစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ၁၉၅၇ ခုနှစ်တွင် တည်ထောင်ခဲ့သည် ဖြစ်၍ ကမ္ဘာပေါ်တွင် အနုပညာ သို့မဟုတ် စာပေ နယ်ပယ်ထဲမှ နာမည်ကျော်ကြားသူများကို ချီးကျူးဂုဏ်ပြုရန် စီစဉ်ထားကာ ပြင်သစ်နိုင်ငံ၏ ဌာနအဆင့် ဂုဏ်ပြုဆုတံဆိပ် လေးခုထဲမှ တစ်ခု ဖြစ်သည့်အပြင် အစိုးရသည် စာပေနှင့် အနုပညာ နယ်ပယ်အတွက် ချီးမြှင့်သည့် အမြင့်ဆုံးသော ဂုဏ်ထူးလည်း ဖြစ်ပါသည်။ ဤဂုဏ်ထူးတံဆိပ် ရရှိခဲ့သူအနက် Mo Yan၊ Zhang Yimou၊ Ang Lee၊ Jia Zhangke၊ Lang Lang၊ Jackie Chan စသည့် စာပေနှင့် အနုပညာ နယ်ပယ်တွင် နာမည်ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ ပါဝင်ထားကြပါသည်။
“တရုတ် အနုပညာရှင် တစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်၊ လှပတဲ့ ဇာတိမြေ ယူနန်ပြည်နယ်က ကျွန်တော့်ကို ဖန်တီးမှုဆိုင်ရာ အတွေးအခေါ်တွေ အများကြီးပေးခဲ့ပါတယ်။ ကူမင်း နိုင်ငံတော် ကြော်ငြာခြင်း လုပ်ငန်းခြံမြေ ပေးခဲ့တဲ့ ထောက်ခံမှုကို အထူး ကျေးဇူးတင်ပါတယ်၊ ဒါကကျွန်တော် တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်ထူး မဟုတ်ဘဲ ခြံမြေတစ်ခုလုံးရဲ့ ဂုဏ်ထူးလည်း ဖြစ်ပါတယ်”ဟု ယခုအကြိမ် နိုက်သူရဲကောင်း ဂုဏ်ထူးတံဆိပ် ရရှိသည့် ဆရာကြီး လီခုန်ဝူသည် ပြောဆိုခဲ့ပါသည်။
ဆရာကြီး လီခုန်ဝူသည် ၁၉၈၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နွေဦးရာသီမြို့ ညနေသတင်းစာမှ အနုပညာနှင့် ဓာတ်ပုံရေးဌာန၏ တာဝန်ခံ ထမ်းဆောင်ခဲ့၍ ယူနန် အနုပညာရှင်များ အသင်းမှ ကောင်စီဝင်နှင့် တရုတ်နိုင်ငံ သတင်းစာ ကာတွန်း သုတေသနပြု အသင်း၏အမြဲတမ်း ကောင်စီဝင် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ဆရာကြီး လီခုန်ဝူ၏ လက်ရာများသည် နိုင်ငံနှင့် မြို့ကြီးများတွင် နာမည်ကျော်ကြား၍ ယခုအချိန်အထိ တရုတ်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမန်၊ စပိန်၊ ပေါ်တူဂီ၊ ဟော်လန်၊ ဖင်လန်၊ ဒိန်းမတ်၊ ချက်ပြည်၊ ဂျပန်နှင့် ကိုရီးယားစသည့် နိုင်ငံတို့တွင် ဘာသာစကား ၁၆ မျိုးဖြင့် တရားဝင် ထုတ်ဝေခဲ့ကာ တရုတ်နိုင်ငံ ကာတွန်းနယ်ပယ် အမြင်ဆုံးဆု ဖြစ်သည့် ရွှေနဂါးဆုနှင့် ပြင်သစ်နိုင်ငံ SaintMalo ကာတွန်းပွဲတော်ထဲမှ စာဖတ်သူ အကြိုက်ဆုံးဆုစသည့် နိုင်ငံတကာဆုများကို အများအပြား ရရှိခဲ့ပါသည်။
ပို၍ အရေးကြီးသည်မှာ ဆရာကြီး လီခုန်ဝူ၏ လက်ရာအကုန်လုံးသည် ယူနန်၏ ယဉ်ကျေးမှုအသွင်အပြင်များ၊ သဘာဝရှုခင်းများနှင့် တိုင်းရင်းသားလူမျိုး၏ ဓလေ့ထုံးစံများကို အကျဉ်းချုပ်ပြီး ပြုပြင်ထားခြင်း ဖြစ်၍ ယူနန်၏ သမိုင်းနှင့် ယဉ်ကျေးမှု၊ ဒေသဆိုင်ရာ ဝိသေသလက္ခဏာများ၊ ပထဝီဝင် ရာသီဥတုနှင့် ရိုးရာဓလေ့များကို စုပေါင်း ပြသထားပါသည်။ ၎င်းသည် သရုပ်မှန်ဖော်ပြီး အံ့သြဖွယ်ကောင်းသော ယူနန့် အမည်ကတ်ပြား ဖြစ်ပါသည်။
ဆရာကြီး လီခုန်ဝူ၏ ပုံဆွဲခန်းသည် ကူမင်း နိုင်ငံတော် ကြော်ငြာခြင်းလုပ်ငန်း ခြံမြေထဲတွင် တည်ရှိနေပါသည်။ ခြံမြေသည် ဆရာကြီး လီခုန်ဝူအတွက် စတူဒီယို ဖွင့်လှစ်ရန် ကွင်းပြင် ပေးသည့်အပြင် မူပိုင်ခွင့် မှတ်ပုံတင်ခြင်း၊ မှတ်ပုံဝင်ခြင်းနှင့် အကာအကွယ်ပေးခြင်း စသည့်ဝန်ဆောင်မှုများကိုလည်း အခမဲ့ပေးကာ ပြည်ပသို့ ဝါဒဖြန့်ခြင်းနှင့် ယဉ်ကျေးမှု ဖလှယ်ရေးလှုပ်ရှားမှုကို လုပ်ဆောင်ရန် တက်ကြွစွာ ကူညီပေးပါသည်။ အထက်ပါ ဝန်ဆောင်မှုများသောကြောင့် ဆရာကြီး လီခုန်ဝူသည် ထူးခြားသော နွေးထွေးမှု ခံစားမိပါသည်။
ဤ တစ်ကြိမ်၌ ဆရာကြီး လီခုန်ဝူသည် ပြင်သစ်နိုင်ငံ စာပေနှင့် အနုပညာဆိုင်ရာ နိုက်သူရဲကောင်း ဂုဏ်ထူးတံဆိပ် ရရှိခဲ့သည်ကို သက်သေအဖြစ် တွေ့မြင်၍ ခြံမြေသည် လူချွန်၊ အရင်းအမြစ်နှင့် ပလက်ဖောင်းစသည့် အားသာချက်များကို ဆက်လက် ထုတ်ဖော်၍ ပြည်ပသို့ ယဉ်ကျေးမှု ဖလှယ်ရေး၊ ယဉ်ကျေးမှု ဝန်ဆောင်မှု ကုန်သွယ်ရေးနှင့် အသိပညာ ပိုင်ဆိုင်ခွင့် ဝန်ဆောင်မှု စသည့် အလုပ်များကို ကောင်းစွာ ဆက်လက်လုပ်ဆောင်ကာ ယူနန် ယဉ်ကျေးမှုနှင့် တရုတ် ယဉ်ကျေးမှုတို့ကို ပြည်ပသို့ ရောက်ရှိနိုင်ရန်အတွက် အပြုသဘော ဆောင်တဲ့ စွမ်းဆောင်မှု ပြုလျက်ရှိကြောင်း ကူမင်း နိုင်ငံတော် ကြော်ငြာခြင်းလုပ်ငန်း ခြံမြေ၏ တာဝန်ရှိသူ ပြောကြားခဲ့ပါသည်။
3月9日,北京。李昆武先生获授“法国文学艺术骑士勋章”,勋章颁发仪式在法国驻华大使馆官邸正式举行,昆明国家广告产业园运营公司负责人吕承鸿受邀参加仪式。
仪式上,法国驻华大使罗梁先生为李昆武先生颁发勋章,罗梁大使表示:“李昆武先生拥有独树一帜的艺术风格,是中国著名的漫画家,为中法文化交流作出积极贡献,中法两国长期保持着文化与艺术的交流”。李昆武先生此次获授“法国文学艺术骑士勋章”的荣誉,既是对李昆武先生艺术成就的肯定,也是中法两国友谊的最佳见证。
法国艺术及文学勋章(Ordre des Arts et des Lettres),1957年由法国文化和通讯部设立,用于表彰全世界在艺术或文学领域享受盛誉,是法国4种部级荣誉勋章之一,也是法国政府授予文学艺术界的最高荣誉。曾荣获此勋章的包括莫言、张艺谋、李安、贾樟柯、郎朗、成龙等众多文化艺术届的知名人士。
此次荣获骑士勋章的李昆武先生表示:“作为中国艺术家感到荣誉和自豪,美丽的家乡云南给了我太多的创作源泉。特别感谢昆明国家广告产业园区提供的支持,这不仅是属于我个人的荣誉,也是属于整个园区的荣誉”。
李昆武先生曾于1980年至2011年担任《春城晚报》美术摄影部主任,任云南省美术家协会理事、中国新闻漫画研究会常务理事。李昆武先生的作品驰名多个国家和城市,至今已在中国、法国、英国、德国、西班牙、葡萄牙、荷兰、芬兰、丹麦、捷克、日本、韩国等国以十六种文字正式出版,其作品曾荣获中国漫画最高奖“金龙奖”、法国圣马洛漫画节“最受读者欢迎奖”等多项国际荣誉。
更重要的是,李昆武先生的每一部作品都是对云南人文风貌、自然风光、民族风情的总结和提炼,集中展示着云南的历史文化、地域特点、地理气候和民俗风情,是写实而又奇妙的云南名片。
李昆武画室位于昆明国家广告产业园内。据了解,园区不仅为李昆武先生提供场地用于设立工作室,还免费为李昆武先生提供版权登记、注册和保护服务,更积极协助其做好对外宣传和对外文化交流活动,为李昆武先生的原创作品创作保驾护航。正是一整套体系化的立体服务,让李昆武先生感受到了特别的温暖。
此次见证了李昆武先生获授“法国文学艺术骑士勋章”,昆明国家广告产业园相关负责人表示,园区将持续发挥人才、资源和平台优势,继续做好对外文化交流、对外文化服务贸易及知识产权服务等工作,为云南文化乃至中国文化“走出去”做出积极贡献。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့