နွေဦးရာသီ၌ ယူနန်ချန်နင်းတွင် တရုတ်မို ၈ သောင်း ကျယ်သော တောရိုင်းCamellia chekiangoleosa Huများ ဖူးပွင့်
2022-03-02 17:02|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) ယူနန်ပြည်နယ် ပေါင်ရှန်းမြို့ ချန်နင်းခရိုင် မန်ရွှေမြို့နယ်တွင် တရုတ်မို ၈ သောင်းကျော်သည့် တောရိုင်းCamellia chekiangoleosa Huများသည် တောတောင်အနှံ့ ပွင့်ဖူးနေ၍ တောင်များနှင့် လယ်ကွင်းများကိုအလှဆင်ပေးပြီး အလွန်လှပစေပါသည်။
တောရိုင်း Camellia chekiangoleosa Huများသည် တရုတ်နိုင်ငံတွင် ထူးခြားပြီး ရှားပါးလှသော Camellia oleifera Abel. မျိုးစိတ်ဖြစ်ပြီး စားသုံးဆီကို ပြုလုပ်နိုင်သည့်အပြင် လူသားများအတွက် ရှုစားနိုင်သော စီးပွားရေးဆိုင်ရာ အပင် ဖြစ်ပါသည်။ စာရင်းဇယားများအရ ချန်နင်းခရိုင် မန်ရွှေမြို့နယ်ရှိ တောရိုင်း Camellia chekiangoleosa Huများသည် ရွာ ၁၀ ရွာတွင် အဓိက ပြန့်နှံ့ပေါ်ပေါက်ထားပြီး ဧရိယာ စုစုပေါင်း တရုတ်မို ၈ သောင်းကျော် ရှိ၍ နှစ်စဉ် Camellia oleifera Abel. အစေ့ကို တန်ချိန် ၁၀၀ ကျော် ထွက်ရှိကာ ထွက်ကုန်တန်ဖိုး ယွမ် ၁ သန်းခန့် ရှိပါသည်။
လက်ရှိအချိန်တွင် တောရိုင်း Camellia chekiangoleosa Huများကို ကာကွယ်ထိန်းသိမ်းရန် နယ်ခံဌာနသည်ဆောင်ရွက်ချက် အမျိုးမျိုးကို ကျင့်သုံးခဲ့ကြပါသည်။ သစ်တောဦးစီးဌာနသည် တောရိုင်း Camellia chekiangoleosa Huများ ၏ ကင်းလှည့်စီမံခန့်ခွဲမှုကို တိုးမြှင့်ဆောင်ရွက်ပြီး Camellia chekiangoleosa Huများ အတွက် ကောင်းမွန်သော ကြီးထွားပတ်ဝန်းကျင်ကို ဖန်တီးပေးမည် ဖြစ်ကြောင်း ချန်နင်းခရိုင် မန်ရွှေမြို့နယ် သစ်တောရေးရာ ဌာန၏အဖွဲ့မှူး ပိဆောက်ပြင်က မိတ်ဆက် ပေးခဲ့ပါသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့