ကူမင်းဧရိယာအပိုင်းသည် လုပ်ငန်းခွင်ပြန်လက်ဆောင်အထုတ် စီစဉ်၍ ကျေးလက်အလုပ်သမားများ အလုပ်ရရှိရန် အကူအညီပေး
2022-02-23 00:00|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) အလုပ်အကိုင် တည်ငြိမ်ခြင်းနှင့် အာမခံချက်ရှိစေခြင်းဟူသော စီမံခန့်ခွဲချက်ကို နက်ရှိုင်းစွာ အကောင်အထည်ဖော်ရန် ၂၀၂၂ ခုနှစ်၌ တရုတ် (ယူနန်ပြည်နယ်) လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း (ကူမင်းစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်)သည် လုပ်ငန်းခွင်တည်ငြိမ်ခြင်း၊ ကြီးကြပ်စစ်ဆေးခြင်း၊ အလုပ်သမား သယ်ယူပို့ဆောင်ခြင်းစသည့် လှုပ်ရှားမှုများကို အစွမ်းကုန် ကျင်းပကြ၍ ကျေးလက်အလုပ်သမားများသည် အလုပ်ကို ရွှေ့ပြောင်းလုပ်ကိုင်ရာတွင် အလုပ်အကိုင် အရည်အသွေးနှင့် ထိရောက်မှု မြှင့်တင်ရန် စွမ်းဆောင်ပေးပါမည်။
အလုပ်သမား အိမ်ပြန်ရောက်တိုင်း စောင့်ကြည့်ခြင်းအလုပ်ကို ကောင်းစွာ လုပ်ပြီး အလုပ်အကိုင်ပေါ်လစီ၏ ဝါသဖြန့်သူ ဖြစ်လာ၍ လုပ်ငန်းခွင်သို့ အခမဲ့ပြန်ရောက်ရန်အတွက် "အထူးကားနှင့် မီးရထား"များကို စီစဉ်ပေးကာ အလုပ်အကိုင် လမ်းကြောင်းများကို ဘက်စုံစွာ တိုးချဲ့ပေးပါသည်။ နောက်တစ်လှမ်းအနေဖြင့် လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း (ကူမင်းစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်)သည် အလုပ်သမား ခေါ်ယူသိမ်းသွင်းခြင်းဆိုင်ရာ အချက်အလက်များကို ဆက်လက်စုဆောင်းထုတ်ပြန်ပြီး အထူးလှုပ်ရှားမှုများကို ဆက်လက်ဆင်နွှဲကြ၍ အလုပ်အကိုင် ရွှေ့ပြောင်းလုပ်ဆောင်ရာတွင် အလုပ်သမား ထွက်သောနေရာနှင့် ဝင်သောနေရာအချင်းချင်း တိကျစွာ ချိတ်ဆက်စေကာ ပိုများသော ကျေးလက်အလုပ်သမားများကို အလုပ်ရွှေ့ပြောင်းလုပ်ကိုင်စေရန် ခေါ်ဆောင်ပြီးနောက် များပြားသော အလုပ်သမားများ၏ ချမ်းသာမှု၊ ပျော်ရွှင်မှုနှင့် လုံခြုံမှုတို့ကို ထိရောက်တိကျစွာ တိုးမြှင့်ပေးကြပါသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့