ကူမင်းဧရိယာအပိုင်းသည် လာရောက်သော နိုင်ငံခြားသားများ ရင်းနှီးမြုပ်နှံမှုအတွက် အထူးလုပ်ငန်းပြတင်းပေါက်ကို စီစဉ်

2022-01-25 11:14|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) အခုတလော လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း အထွေထွေဝန်ဆောင်မှုစင်တာတွင် စီစဉ်ထားသည့် ပြည်နယ်တစ်ခုလုံး ပထမဆုံး “တရုတ်နိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားများ ရင်းနှီးမြုပ်နှံမှုအတွက် အထူးလုပ်ငန်းပြတင်းပေါက်”သည် လုပ်ငန်းများကို အထွေထွေ လက်ခံ၍စစ်ဆေးရပြီး တရုတ်နိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံရန်၊ အလုပ်လုပ်ကိုင်ရန်နှင့် မှီတင်းနေထိုင်ခွင့်ပြုရန်အတွက် တစ်နေရာတည်းတွင် ဆောင်ရွကနိုင်ပြီး မူလအလုပ်ရက် ၁၀ ရက် ဆောင်ရွက်ပြီးစီးသော ကိစ္စရပ် အခု အလုပ်ရက် ၃ ရက်သို့ လျှော့ပစ်ခဲ့ပြီး “လွတ်လပ်သော ကုန်သွယ်ရေး အမြန်နှုန်း”တစ်ရပ်ကို ထည့်သွင်းခဲ့သည်ဖြစ်ကြောင်း တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း (ကူမင်း စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်) မှ သိရှိခဲ့ပါသည်။

“အထူးလုပ်ငန်းပြတင်းပေါက်”မှာ နိုင်ငံခြားကုန်သည်များ ရင်းနှီးမြုပ်နှံလုပ်ငန်းကုမ္ပဏီ တည်ထောင်ခြင်း၊ တရုတ်နိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခွင့်၊ တရုတ်နိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားများ မှီတင်းနေထိုင်ခွင့် စစ်ဆေးအတည်ပြုကိစ္စရပ် ၃ ရပ်ကို ပေါင်းစပ်သည်။ ပြင်ပအတွက် ပေါင်းစည်းဝန်ဆောင်မှုများ ပေးပြီး ပြတင်းပေါက်တစ်ခုတည်း လုပ်ငန်းများလက်ခံခြင်းနှင့် ထောက်ခံစာပေးပို့ခြင်း၊ အတွင်းတွင် ယှဉ်ဆက်စစ်ဆေးအတည်ပြုပြီး ကန့်သတ်ထားသော အချိန်တွင်း ဆောင်ရွက်ပြီးစီးသည်။

နောက်နောင်တွင် အထွေထွေဝန်ဆောင်မှုစင်တာ နိုင်ငံတကာရေးရာဝန်ဆောင်မှု အထွေထွေ ပြတင်းပေါက်၊လူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲမှု ၊ လူဝင်မှုကြီးကြပ်ရေးဌာနအရင်းအမြစ်ကို ပေါင်းစပ်ပြီး တရုတ်နိုင်ငံသို့လာရောက်သော နိုင်ငံခြားသားများ ကိစ္စရပ် တစ်နေရာတည်းတွင် ဆောင်ရက်နိုင်သောဝန်ဆောင်မှုစွမ်းရည်ကို တာရှည်စွာ မြှင့်တင်ပေး၍ နိုင်ငံခြားလူချွန်များ ကူမင်းမြို့တွင် ဖွံဖြိုးတိုးတက်သည့်အတွက် ပိုမိုအဆင်ပြေစေရန် ထောက်ပံ့ပေးပြီး နိုင်ငံတကာ ပထမတန်း ကိုက်ညီသော စီးပွားရေးပတ်ဝန်းကျင်ကို ကြိုးပမ်းအားထုတ် ဖန်တီးလိမ့်မည်။


昆明信息港综合整理 记者从中国(云南)自贸试验区昆明片区(昆明经开区)获悉,日前在自贸试验区昆明片区综合服务中心设置的全省首个“外国人来华投资工作专窗”已全面受理业务,可提供外国人来华投资、工作、居留许可事项一站式办理,原本10个工作日办结的事项压缩到3个工作日,昆明“自贸速度”又添一项。

“工作专窗”整合了外商投资企业设立、外国人来华工作许可、外国人来华居留许可3个审批事项。对外提供集成服务,一窗受理、一窗出件;内部实行并联审批、限时办结。

接下来,还将进一步整合综合服务中心国际事务服务综窗、出入境管理、移民事务中心资源,持续提升外国人来华事项一站式服务能力,为外籍人才来昆发展提供更多便利,努力打造对标国际一流的营商环境。


အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: XuTing

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်